mrtxet avatar

ရှင်သန်နေ့မယ့် အလွမ်း

mrtxet

Published: 05 Sept 2025 › Updated: 05 Sept 2025ရှင်သန်နေ့မယ့် အလွမ်း

ရှင်သန်နေ့မယ့် အလွမ်း

ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက တခြားသူတွေနဲ့ မတူဘဲ အွန်လိုင်းလောကကနေ စတင်ခဲ့တာပါ။ ညဘက်တွေဆို ဖုန်းလေးနဲ့ပဲ သူမနဲ့စကားပြောရတာဟာ ကျွန်တော့်ရဲ့ ပျော်ရွှင်စရာ အချိန်လေးဖြစ်ခဲ့တယ်။ မမြင်ရတဲ့မျက်နှာကို မြင်ယောင်ပြီး၊ မကြားရတဲ့ ရယ်သံကို ခံစားရင်း မင်းဟာ ကျွန်တော့်ရဲ့ ကမ္ဘာအသေးစားလေးတစ်ခု ဖြစ်လာခဲ့တယ်။ သူမ ရဲ့စာသားလေးတွေက ကျွန်တော့်ကို ရယ်မောစေတယ်၊ စိတ်မကောင်းဖြစ်တဲ့အခါ နှစ်သိမ့်ပေးတယ်၊ အထီးကျန်တဲ့အခါ ဘေးနားမှာရှိနေတယ်လို့ ခံစားရစေခဲ့တယ်။

မျက်နှာချင်းဆိုင် မတွေ့ခဲ့ဖူးပေမယ့် သူမ ရဲ့ ဓာတ်ပုံလေးတွေ၊ အသံဖိုင်လေးတွေဟာ ကျွန်တော့်အတွက် အနီးဆုံး အရာတွေ ဖြစ်နေခဲ့တယ်။ အွန်လိုင်းပေါ်ကနေ ပို့လိုက်တဲ့ နှလုံးသားပုံ emoji လေးတွေဟာ ကျွန်တော့်ရဲ့ တစ်နေ့တာကို ပိုပြီးပြည့်စုံစေခဲ့တယ်။ ဒါပေမဲ့ အရာရာတိုင်းက မမြဲဘူးဆိုတဲ့အတိုင်း သူမ ရဲ့ အကောင့်လေးနဲ့အဆက်အသွယ်ပြတ်သွားတဲ့ နေ့ကစပြီး ကျွန်တော့် ကမ္ဘာလေး လစ်ဟာသွားခဲ့တယ်။

အခုတော့ ဖုန်းကိုဖွင့်လိုက်တိုင်း သူမ ရဲ့ chat box လေးကိုပဲ ငေးကြည့်နေမိတယ်။ အပြာရောင်အမှတ်အသားလေးက မီးခိုးရောင် ပြောင်းသွားတာ မြင်ရတဲ့အခါ ရင်ထဲမှာ အပ်နဲ့ထိုးသလို ခံစားရတယ်။ အရင်လို တစ်ချိန်တည်းမှာ online ဖြစ်နေမယ့် လူတစ်ယောက်၊ reply ပြန်ဖို့ စောင့်နေမယ့် လူတစ်ယောက် မရှိတော့ဘူး။ လမ်းလျှောက်တိုင်း၊ သီချင်းနားထောင်တိုင်း မင်းကို သတိရတယ်။ အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ၊ အွန်လိုင်းပေါ်က သူမ ရဲ့ အမှတ်တရလေးတွေကတော့ ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းရှင်သန်နေလိမ့်မယ်။

Leave ရှင်သန်နေ့မယ့် အလွမ်း to:

Written by

Read more #hive posts


Best Posts From mrtxet

We have not curated any of mrtxet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mrtxet