mooen avatar

✍မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား✍

mooen

Published: 29 May 2018 › Updated: 29 May 2018✍မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား✍

✍မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား✍

အရမ်းကောင်းတဲ့ မေးခွန်း။ မဖြေခင် ဒီအဖြေဟာ
ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ ထင်မြင်
ချက်ဆိုတာ ကြိုပြောချင်ပါတယ်။

အင်္ဂလိပ်စာလေ့လာသူတွေမှာ အခက်အခဲဆုံး
အချက်က ခေါင်းထဲမှာတွေးထားတဲ့အရာကို
ပါးစပ်က ထွက်လာဖို့ စကားလုံး ရှာမရခြင်းပဲ
ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်း
က အင်္ဂလိပ်လို ပြောခါနီးတိုင်း မြန်မာလိုဘယ်
လိုပြောမလဲကို အရင်စဉ်းစားတယ်။ ပြီးတော့မှ
ခေါင်းထဲမှာ Translateလုပ်တယ်။ မြန်မာ့
အတွေးနဲ့မြန်မာလိုတွေးပြီး အင်္ဂလိုပြောဖို့
ကြိုးစားတာပေါ့။ ကျွန်တော်လည်း လုပ်ခဲ့ပါတယ်။
ဒါပေမယ့် သိပ်အလုပ်မဖြစ်တာကိုတွေ့ခဲ့ရတယ်။
ကိုယ်ပြောလိုက်တဲ့ ဝါကျတွေဟာ သဘာဝကျ
မနေဘူး။ သူတို့နားထဲမှာတော့ နားလည်ကောင်း
နားလည်သွားနိုင်ပေမယ့် သဘာဝကျကျတော့
ဖြစ်မနေပါဘူး။ နောက်ပြီး တစ်ခါတစ်လေ ခေါင်း
ထဲက မြန်မာလို သိပြီး အင်္ဂလိပ်ဖြောင့်အောင်
မပြောတတ်တာမျိုးလည်း ခံစားလာရတယ်။

ကျွန်တော် ဘာမှားနေလဲ မသိခဲ့ဘူး။ တကယ်
တော့ ကျွန်တော်တို့ဦးနှောက်ရဲ့ Default Setting
က "မင်းမြန်မာလို စဉ်းစား..ပြီးရင် အဲ့ဒီစာလုံးတွေ
ကို ဘာသာပြန်"လို့ ကိုယ်တောင် မသိလိုက်ပဲ
ကိုယ့်ကို ခိုင်းနေတာပါ။

ဒီနေရာမှာ မေးစရာ တစ်ခုရှိလာတယ်။ ကျွန်တော်
တို့က ငယ်ငယ်တည်းက ငပိစားပြီး မွေးလာတာ
မြန်မာလို မတွေးပဲ ဘယ်လိုလုပ် အင်္ဂလိပ်လို
တွေးလို့ရမှာတုန်းဆိုတဲ့ မေးခွန်းပါ။

တွေးလို့ရပါတယ်။ ရုပ်ရှင်များများကြည့်ပါ။ အထူး
သဖြင့် Dramaဇာတ်ကားတွေ၊ ဟာသကားတွေ၊
သူတို့ထဲကစကားပြောတွေဟာ တကယ့်နေ့စဉ်
ဘဝစကားပြောတွေနဲ့ အရမ်းနီးစပ်ပါတယ်။ အပြင်
ဘဝမှာရှိတ်စပီယား ပြဇာတ်ထဲကလို ဘယ်သူမှ
မပြောကြပါဘူး။ မြန်မာတွေလည်း ရေသည်
ပြဇာတ်ထဲက စကားမျိုး ဘယ်သူမှ မပြောကြပါဘူး။
တကယ်တမ်း လက်တွေ့ဘဝမှာ ဘယ်သူမှာ
ကိုယ်တွေသင်ခဲ့ရတဲ့ ရှုပ်ထွေးရှည်လျားတဲ့
Complex Sentence တွေကို မသုံးကြပါဘူး။
ရံဖန်ရံခါသုံးနိုင်ပေမယ့် အများအားဖြင့် ရှင်းရှင်း
လင်းလင်းပဲ ပြောကြလေ့ရှိပါတယ်။ ကိုယ်က
IELTSဖြေမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခု
ရေးနေတဲ့စာက IELTSတို့လို စာမေးပွဲဖြေချင်သူ
များအတွက် မဟုတ်ပါ။ လက်တွေ့ဘဝမှာ
Practical English ကိုပြောပြီး Communicate
လုပ်ချင်တယ်ဆိုတဲ့ သူများအတွက်သာဖြစ်ပါ
တယ်။

အင်္ဂလိပ်လို ဘယ်လိုတွေးရမလဲဆိုတဲ့ အခက်
အခဲကို အင်္ဂလိပ်ရုပ်ရှင်တွေအရမ်းကြည့်ပြီး
နောက်ပိုင်း၊ BBC Learning Englishက
"The English We Speak"ဆိုတဲ့ အစီအစဉ်
ကို လေ့လာပြီး နောက်ပိုင်းမှာကျော်လွန်နိုင်ခဲ့
ပါတယ်။ တစ်ခါတစ်လေ ကိုယ်အရှည်ကြီး
ပြောနေရတဲ့ ဝါကျတစ်ခုဟာ သူတို့ပြောလိုက်
တဲ့အခါမှာ ကျတော့ စကားလုံးနှစ်လုံးလောက်
ပဲရှိပါတယ်။ ဥပမာ တစ်ခုပြောပြမယ်။ မြင်သွား
အောင်ပါ။

David က It's very hot todayလို့ သင့်ကို
ပြောလိုက်တယ်။ သင်တို့က ခင်မင်ပြီးသား
သူငယ်ချင်း ၂ယောက်ပဲ ဆိုကြပါစို့။ သင်ကလည်း
သူပြောတာမှန်ကြောင်း ထောက်ခံချင်တယ်။
မှန်လိုက်လေကွာ.. ဆိုတာမျိုးပြောချင်တယ်။
Yes, right it's very hot. I'm feeling hot
too. ဆိုပြီး ဘာညာသာရကာ ကိုယ်သိသလောက်
ခေါင်းထဲကနေ ထွက်လာတာတွေကို သင့်တော်
အောင်အင်္ဂလိပ်လို ပြောချလိုက်တယ်။ အဲ့လို
ထွက်လာတယ်ဆိုရင် ကောင်းပါတယ်။ သင်
အခြေအနေ တစ်ခုရောက်နေပါပြီ။ ဒါပေမယ့်
မှန်လိုက်လေ.. ငါလည်း ဒီလိုပဲ ခံစားနေရတယ်။..
မင်းပြောတာ မှန်လိုက်တာ..စတဲ့ အသုံးအနှုန်း
တွေအတွက် တိုတိုလေးနဲ့ သဘာဝကျကျပြော
နိုင်တဲ့ စကားလုံးက အင်္ဂလိပ်စကားမှာရှိနေ
ပါတယ်။ အဲ့ဒါကတော့ 'Tell me about it! ပါ။
ငါ့ကို အဲ့ဒီအကြောင်း ပြောပြစမ်းပါကွာလို့ပြော
တာမဟုတ်ပါဘူး။ Tell ဆိုတဲ့ စကားလုံးရှေ့မှာ
'သင်္ကေတလေး ခံပေးထားတာအကြောင်းရှိ
ပါတယ်။ Tell ဆိုတဲ့ အသံနေရာကို ဖိပြောစေ
ချင်တာပါ။ Tellဆိုတဲ့ နေရာကို ဖိပြီး Tell me
about it! လို့ပြောလိုက်ရင် မှန်လိုက်လေကွာ
ဆိုတဲ့ စကားလုံးနဲ့ အတူတူပါပဲ။ ဒါက ဥပမာ
အနေနဲ့ ပြောတာဖြစ်ပါတယ်။ ပထမပြောသွားတဲ့
Yes, right it's very hot. I'm feeling hot
too လည်း မှန်ပါတယ်ကွာလို့တော့ ကပ်သပ်
မပြောပါနဲ့။ မှားတယ်လို့ ပြောနေခြင်းမဟုတ်
ပါဘူး။ ပိုသဘာဝကျပြီး စဉ်းစားရာမှာ ပိုမြန်ဆန်
စေချင်တာပါ။

တကယ်သုံးတဲ့ Expression တွေကိုလေ့လာ
ထားတာကစကားပြောမှာ အရမ်းအသုံးဝင်ပါ
တယ်။ ပြီးတော့ ခေါင်းခြောက်လည်း သက်သာ
စေပါတယ်။ ကျွန်တော်ဆို စလေ့လာကာစက
အင်္ဂလိပ်ရုပ်၇ှင်တွေထဲက အသုံးများတဲ့
Expression တွေကို စာအုပ်လေးနဲ့ သက်သက်
မှတ်ထားလေ့ရှိပါတယ်။ အခု နိုင်ငံခြားသား
တွေနဲ့ အလုပ်တွဲလုပ်တာလည်း၅နှစ်လောက်
ရှိနေပါပြီ။ ဘယ်သူမှ အရှည်ကြီး အရှုပ်ကြီး
မပြောကြပါဘူး။ သုံးလေ့သုံးထရှိတဲ့ Expression
လေးတွေနဲ့ ပြောကြတာများပါတယ်။ ရုပ်ရှင်
တွေထဲကနေ ဘယ်လိုလေ့လာလို့ရလဲဆိုတာ
ကိုလည်း ကျွန်တော့်ရဲ့ "အင်္ဂလိပ်စကား အမြန်ဆုံး
ပြောတတ်ဖို့"စာအုပ်ထဲမှာ အသေးစိတ်ထည့်ပေး
ထားပါတယ်။

ဒီစာက သင့်ကို အခြားအရာတွေမလေ့လာနဲ့
လို့ပြောတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ်ဘာ
လိုချင်လဲ ကိုယ်သိရပါမယ်။ ကိုယ်ကအင်္ဂလိပ်လို
စာတွေရေးပြီး စာရေးဆရာဖြစ်ချင်တာလား၊ ကိုယ်
က အင်္ဂလိပ်စာကို စကားပြောပြီး Communicate
လုပ်ဖို့ လိုအပ်တာလား။ကိုယ်ဘယ်လောက်အထိ
လိုအပ်လဲ ကိုယ်သိရမယ်။ အဲ့ဒီကို သွားဖို့ဘယ်လမ်း
ကြောင်းက အမြန်ဆုံးလဲသိရမယ်။ သူများလုပ်တာ
တွေလိုက်မလုပ်ပါနဲ့။ ကိုယ်လိုအပ်တာကိုပဲ လုပ်ပါ။

"မြင်ကွင်းထဲမှာ ယုန်၉ကောင်ရှိပြီး
ခင်ဗျားတစ်ကောင်ပဲ လိုချင်ရင်
အဲ့ဒီတစ်ကောင်ကိုပဲ အာရုံစိုက်ပါ။"-Jack Ma
FB_IMG_1527637030202.jpg

Leave ✍မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား✍ to:

Written by

IT

Read more #busy posts


Best Posts From mooen

We have not curated any of mooen's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mooen