Self-study ဘာလို့အရေးကြီးလဲ
ကျွန်တော့်ဘဝမှာ အမှန်ကန်ဆုံး လုပ်ရပ်တွေထဲက
တစ်ခုက Self-study လုပ်တဲ့ အလေ့အကျင့်ကို
မွေးမြူခဲ့ခြင်းပါ။ လူတစ်ယောက် နေ့ချင်းညချင်း
အောင်မြင်လာပြီဆိုရင် လူတွေက အဲ့ဒီအောင်မြင်
နေတဲ့သူ နောက်ကွယ်မှာ ဘာတွေကြိုးစားခဲ့လဲ
ဆိုတာကို မြင်ပေးခဲပါတယ်။ ကံကောင်းလိုက်တာ
ဆိုတဲ့စကားက တကယ်ကြိုးစားခဲ့တဲ့လူတစ်ယောက်
အတွက်တော့ စော်ကားခံလိုက်ရတဲ့ စကားလုံးလို
ပါပဲ။
ကျွန်တော်ခံယူထားတာ ကံဆိုတာ အလုပ်ပါပဲ။
အလုပ်ကျတော့ ကောင်းကောင်းမလုပ်ချင်ပဲနဲ့
ကံကောင်းချင်လို့ မရပါဘူး။ ဒီခေတ်ထဲမှာ အချို့
လူငယ်တွေ တွေ့နေရတယ်။ Self-study အရမ်း
အားနည်းနေကြတယ်။ သင်တန်းတွေတော့ တက်ပါ
ရဲ့ ဒါပေမယ့် သင်တန်းက လွှတ်လိုက်တာနဲ့ ဘာမှ
ဆက်ပြီး မလေ့လာကြတော့ပါဘူး။ ကိုယ့်ဘာသာ
စပြီး လေ့လာဖို့ ဆိုတာ ပိုတောင်ဝေးကြပါတယ်။
အကုန်လုံးကို ဆိုလိုတာ မဟုတ်ပါ။ အချို့လေ့လာ
လိုစိတ်အရမ်းရှိတဲ့ လူငယ်တွေလည်းရှိပါတယ်။
ဒါပေမယ့် လူနည်းစုပဲ တွေ့ဖူးပါတယ်။ ဝန်ထမ်း
ဘဝမှာလည်း ဒီလိုပါပဲ။ မနက် ၉ နာရီရုံးလာမယ်။
ညနေ ရုံးဆင်းချိန်နီးလာရင် ပြန်ဖို့ကြိုးစားမယ်။
ကိုယ့်ရဲ့ Skill တွေကို ဘယ်လို တိုးတက်အောင်
လုပ်ရမလဲ စဉ်းစားတဲ့ သူနည်းပါတယ်။ နှစ်တွေ
ကြာလို့လစာမတိုးရင် စပြီး ညည်းကြမယ်။ ဒီလို
နဲ့ပဲ အသက်တွေကြီးလာကြတယ်။ လစာဆိုတာ
အချိန်ကြောင့် တက်မယ့် အရာမဟုတ်ဘူးဆိုတာ
ကို သိစေချင်ပါတယ်။ လစာဆိုတာ အရည်အချင်း
ရှိမှ တက်မယ့် အရာပါ။ ဖားတတ်တဲ့သူတွေက၊
ပေါင်းတက်တဲ့သူတွေပဲ တိုးတာပါဗျာလို့ ဆင်ခြေ
ပေးရင်လည်း အဲ့ဒါဟာ Communication Skill
တစ်ခုပါပဲ။ အဲ့ဒါဟာ အရည်အချင်းထဲမှာ အကျုံး
ဝင်ပါတယ်။ ဖားရမယ်လို့ အားပေးနေခြင်း မဟုတ်
ပါ။ ဒါပေမယ့် Social Skill တော့ အထိုက်အသင့်
ရှိရပါမယ်။
Skill တွေရဖို့ဆိုတာ သင်တန်းတက်ရာကနေ
ရနိုင်သလို ကိုယ့်ဘာသာ လေ့လာပြီးလည်းရနိုင်
တာတွေ အများကြီးပါပဲ။ အင်တာနက်မှာ ရှာဖတ်
မယ်။ အွန်လိုင်းသင်တန်းတွေတက်မယ်။ Youtube
က Tutorial Video တွေကြည့်မယ်။ ဒါပေမယ့်
အဲ့ဒါတွေလုပ်ဖို့ ဘာလိုလဲဆိုတော့ Langauge
Skill က အရင်လိုလာပါတယ်။ English စာလေး
အထိုက်အလျောက်ဖတ်တတ်မှ ကျန်တာတွေ
ဆက်ပြီး လေ့လာလို့ရမှာပါ။ အလုပ်တစ်ခုလုပ်
တောမယ်ဆို အရင်ဆုံး Base က ဘာလဲဆိုတာ
သိရပါမယ်။ ကိုယ်က အဲ့ဒီလို ကိုယ့်ဘာသာလေ့
လာမှ အဆင်ပြေတော့မယ်ဆိုရင် English skill
လေးတော့ အထိုက်အလျောက် သိအောင်စပြီး
လေ့လာသင့်ပါတယ်။ English Skill ဆိုတာ
တကယ်တော့ သင်နဲ့ ကမ္ဘာပေါ်က အဖိုးတန်
ဗဟုသုတတွေကြားထဲမှာ ကာထားတဲ့ တံခါးရဲ့
သော့ပါ။ အဲ့ဒီသော့ကို ရဖို့ မကြိုးစားပဲ တံခါး
ဖွင့်ချင်ရင်တော့ သူများတွေထက်ပိုနောက်ကျ
ပါလိမ့်မယ်။ English စာဖတ်တတ်ရင် အဖိုးတန်
စာအုပ်တွေ များစွာလည်း သင်ဖတ်နိုင်မယ်။
သင်လေ့လာချင်တဲ့အရာတွေလည်း သင်လေ့
လာလို့ရမယ်။
အိုကေ အဲ့ဒီ Skill ရပြီဆိုပါစို့။ သင်ဆက်လုပ်ရ
မှာက သင်သွားမယ့် Career နဲ့ ပက်သတ်တဲ့
အရာတွေကို စတင်ဖတ်ရှုဖို့ပါ။ ကျွန်တော်
Social Media Marketer/ Content Writer
အဖြစ်နဲ့ Rocket Internet Company မှာ
စလုပ်တော့ ဘာဆိုဘာသင်တန်းမှ မတက်ဖူး
ခဲ့ပါဘူး။ အလုပ်ချိန်ပြီးတာနဲ့ အင်တာနက်မှာ
စရှာပြီး ဖတ်တော့တာပါပဲ။ ကျွန်တော်ဖတ်ခဲ့
တဲ့ ဆောင်းပါးအရေအတွက်လည်း ကျွန်တော်
မမှတ်မိတော့ပါဘူး။ အခုထက်ထိ နေ့တိုင်းလိုလို
ကျွန်တော့် Career နဲ့ ပတ်သက်တဲ့ ဆောင်းပါး
တွေနေ့တိုင်း ဖတ်နေတုန်းပါပဲ။ Gtalk စပေါ်
တဲ့ခေတ်ထဲက အင်တာနက်ဆိုင်ထဲကို ရဲရဲ
ကြီးဝင်ပြီး ပထမဆုံး Internet Exploer မှာ
စဖွင့်ခဲ့တာ Google.com ပါ။ အဲ့ဒီမတိုင်ခင်
က တစ်ခါမှ အင်တာနက်မသုံးခဲ့ဖူးပါဘူး။
၂၀၀၉ လောက်က ဖြစ်မယ်ထင်တယ်။ အဲ့ဒီ
ထဲက ဘလော့ဘယ်လိုရေးလဲ၊ ဝက်ဘ်ဆိုဒ်
တွေဘယ်လိုတည်ဆောက်တာလဲ၊ HTML
ဆိုတာဘာလဲ၊ စသဖြင့် ကိုယ့်ဘာသာကိုယ်
ရှာဖတ်ခဲ့တာချည်းပါပဲ။
တတ်ဖူးတဲ့ သင်တန်းဆိုလို့ ၂ရက်ပဲသင်တဲ့
Marketing Workshopပဲရှိပါတယ်။ TKT
ကို British Council မှာ တက်ခဲ့ပါတယ်။
အဲ့ဒါကလည်း English စာသင်ဖို့ယူရတဲ့
Certificate ပါ။ ကျွန်တော် အခက်အခဲ
ကြုံတိုင်း သတိတရတမ်းတတာ Google
ပါ။ ပြီးရင် ရှာလို့ရတဲ့ စိတ်ဝင်စားစရာ
တသီတတန်းကြီးကို မညည်းမညူဖတ်လေ့
ရှိပါတယ်။ အဲ့ဒီနည်းနဲ့ပဲ ခေါင်းထဲမှာ
KnowledgeDatabase တည်ဆောက်ခဲ့
တာပါ။ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ဆရာ
တွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစု
က သူတို့သင်ပေးလိုက်တဲ့ပေါ် အခြေခံပြီး
ကိုယ့်ဘာသာကိုယ် ဆက်လေ့လာခဲ့တာပါ။
သင်တန်းက သင်ပေးသလောက်နဲ့ကျေနပ်
နေရင်တော့ သူများရှေ့ရောက်မှာ မဟုတ်ပါ
ဘူး။ ကိုယ်ကိုယ်တိုင် ရှာဖွေဖတ်ရှုနေမှသာ
အရည်အချင်းတိုးတက်မှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုတောင် Push မလုပ်နိုင်တဲ့
သူတစ်ယောက်ဟာ ဘဝမှာ ရှေ့ရောက်ဖို့
မလွယ်ပါဘူး။
Leave Self-study ဘာလို့အရေးကြီးလဲ to:
Read more #myanmar posts
Best Posts From mooen
We have not curated any of mooen's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From mooen
- ဖက်ရှင်ကျတဲ့ တရုတ်အဆိုတော်၊ ရုပ်ရှင်မင်းသား Z.TAO ( zl)
- BUC AIRDROP
- iRADV5030/5035 Drum Unit
- Japan's unbelievable school lunches are surprisingly educational.
- အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်ဆီကရခဲ့တဲ့ သင်ခန်းစာလေး(၂)ခု
- Xrpzero
- အလုပ်မရသေးတဲ့အချိန် ဘာတွေပြင်ဆင်ထားသင့်သလဲ...
- ဂျက်မားစကားပြောတဲ့အခါ ဘာလို့လူတွေ အာရုံစိုက်ပြီး နားထောင်ကြတာလဲ...(အပိုင်း-၂)
- ကျွန်တော်နေ့စဉ်မိမိကိုယ်ကိုဆန်းစစ်ဖြစ်ခဲ့တဲ့ညံ့ဖျင်းသောစရိုက်များ
- ✍မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောရမလား✍