Happy Birthday
Happy Birthday ဆိုတာကို ကျွန်တော်အမြင်လေး ရေးပေးချင်ပါတယ်။ လူတိုင်းမှာ မွေးနေ့ဆိုတာရှိကြပါတယ်။ အသက်တစ်နှစ်ကြီးလာပြီ ဆိုတဲ့ ခေါင်းလောင်းကို ထိုးလိုက်တာပါပဲ။ အမှန်ပြောရတာနည်းနည်းခက်တယ်။
ကလေးသဘာဝ မွေးနေ့ရောပ်ရင်ပျော်ကြတယ်။ မွေးနေ့ကိတ်တွေခွဲ သီချင်းတွေဆို ကကြခုန်ကြပေါ့။ မွေးနေ့လက်ဆောင်တွေ ရလို့ပျော်ကြ။ အဖေ အမေ အဖိုး အဖွား ညီအစ်ကို မောင်နှမတွေ နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ကြရတယ်။ ငွေကြေးပြည့်စုံ သူတွေအတွက် ပျော်စရာပြည့်နေကြပါတယ်။
ငွေကြေးမပြည့်စုံသူ အတွက် မွေးနေ့ပွဲကလည်း အထိုက်အလျှောက်တော့ ပျော်စရာတွေရှိနေပါတယ်။လူတွေအများစု က မွေးနေ့ရောက်ရင် ပျော်ကြပါတယ်။
မွေးနေ့ရောက်ရင် ကုသိုလ်တရားလုပ်ကြတွေလည်းရှိကြပါတယ်။ ကြည်နူးရပါတယ်။ စိတ်ချမ်းသာရတယ်။ ဆွမ်းတွေကပ်ကြ၊ ရေသပ္ပါယ်ကြ၊ ဘာသာတရားပေါ်မှာနေကြသူတွေအများကြီးပါပဲ။
ပြောချင်တာက လက်ဆောင်ပါ။ မွေးနေ့ရှင်တွေ ဘာလိုချင်ကြပါသလဲ။ ဟုတ်ပါတယ်။ တော်ရုံ မစဥ်းစားကြပါဘူး။ မွေးနေ့လက်ဆောင်က တန်ဖိုးအကြီးကြီးပေးချင်ကြတယ်။ တန်ဖိုးကြီးတိုင်း လိုချင်တာ ဟုတ်ပါ့မလား။
အမှန်လိုချင်တာက မွေးနေ့ရှင်ရင်ထဲရောက်စေမဲ့ အရာတွေပါ။ စကားလေးတစ်ခွန်းကလည်း မွေးနေ့လက်ဆောင်ဖြစ်စေတယ်။ စကားလေးတစ်ခွန်းက တန်ဖိုးအရှိဆုံး ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် မွေးနေ့ရှင်တိုင်းရဲ့ ဆန္ဒလေးကိုဖြည့်ပေးနိုင်အောင် ကြိုးစားကြပါဆို့......
Leave Happy Birthday to:
Read more #hive-122133 posts
Best Posts From minzaw69
We have not curated any of minzaw69's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From minzaw69
- Happy Birthday
- ကျွန်တော် ဖတ်ခဲ့ရသော Chakras များအကြောင်း
- Chakra Meditation
- Chakra ချစ်သူ
- မြန်မာတို့၏ နှစ်သစ်ကူးပွဲတော် Burmese New Year festival
- နေကြတ်ခြင်းနှင့်လကြတ်ခြင်း Solar eclipses and lunar eclipses
- ဗေဒင်ဟောကြမယ်။ They will tell fortunes.
- စကားပြောသော "ဘာဝ" များ The " Bhava " that soeak
- ဂြိုဟ်များ၏ သိကောင်းစရာ (၂) Knowledge of the Planets (2)
- ဂြိုဟ်များ၏ သိကောင်းစရာ (၁) Knowledge of the Planets (1)