ကိုယ်က Bot လား၊ Human လား၊ spammer လား
@mmunited ရဲ့ ပို့စ်ကိုဖတ်ပြီး ကိုယ့်ဘာသာ Bot လား၊ Human လား၊ spammer လားစစ်ကြည့် လိုက်ပါတယ်။ အမှန်တော့ ကိုယ်ဘာလုပ်ထားတယ်ဆိုတာကိုယ်အသိဆုံးပါ။ စစ်ကြည့်စရာမလိုအပ်ပါဘူး။ ဒါပေ မယ့် လူ့သဘာဝကထူးဆန်းပါတယ်။ သွေးတိုးမရှိတဲ့သူကလည်း သွေးပေါင်ချိန်စက်ကလေးအလွယ်တွေ့ရင် ကိုယ့် ဘာသာစစ်ကြည့်လိုက်ချင်ပါတယ်။ကိုယ်အလေးချိန် ဆေးခန်းမှာချိန်ခဲ့ပြီးပေမယ့်။ ပေါင်ချိန်စက်ကလေးအိမ် မှာရှိ တော့ထပ်ထပ်ချိန်ကြည့်နေမိပြန်တယ်။ ခုလည်း ကြည့် Steemit မှာစာရေးနေသူတွေအနေနဲ့ ကိုယ်က Bot လား၊ Human လား၊ spammer လားစစ်ကြည့်လို့ရတယ်တဲ့။
http://steemreports.com/account-classifier/
ဒီ Link ကလေးကနေပေါ့။ ဒီတော့ Bot ကဘာလဲ၊ Human ကဘာလဲ၊ spammer ကဘာလဲ တော့ ပြောရဦးမယ်နဲ့တူပါတယ်။
• Content Creator - an account providing value to Steem through their posts and comments
• Spammer - an account posting mainly spam or very low-value content
• Bot - an account operated by software
Bot ဆိုတာက ကျွန်တော့အထင် စက်ရုပ်လို့ထင်ပါတယ်။ Robot ကလာသလားမသိပါဘူး။ သိတဲ့တတ် သူပါရင်လည်း ပြင်ပေးသွားပါဦး။ ကိုယ်ကတော့ အထင်နဲ့ပဲ ဆက်ဖြီးပါဦးမယ်။တစ်ချို့အကောင့်တွေက လူကမသုံး တော့ပဲ စက်ရုပ်လို Auto upvote, Auto Comment တွေပေးထားတာမျိုးကို ပြောချင်ပုံရပါတယ်။
နောက် Spammer ကတော့ သူများဖတ်ချင်သလားမသိ၊ မဖတ်ချင်သလားမသိ၊ တိုနှံနှံ ဖြစ်ကတတ်ဆန်း၊ မကောင်းမကန်းတွေ တင်တတ်တဲ့သူကိုဆိုလိုပုံရပါတယ်။
Human ကတော့ ရှင်းပါတယ်။ လူပေါ့ဗျာ။ ကိုယ်ဘာသာစစ်ကြည့်လိုက်တော့ လူတဲ့ဗျာ။ ကိုယ့်ဘာသာ အစကတည်းက လူမှန်းသိရက်သားနဲ့တောင်ပျော်သွားမိသေးတယ်။ လူ့စိတ်များထူးဆန်းချက်တော့တကယ်ပါပဲ။ ကိုယ့်ဘာသာလူမှန်းသိသိကြီးနဲ့ သူများက လူစစ်ပါတယ်လို့ပြောတာကို ကျေနပ်သွားမိသေးတယ်။
ထူးဆန်းတယ်နော်။ မိတ်ဆွေတို့ရော ကျွန်တော့လိုစစ်ကြည့်ကြဦးမလား။ စစ်ကြည့်မယ်ဆိုရင် အဲဒီလင့် ကိုဖွင့်လိုက်။ ကွက်လပ်ကလေးမှာ မိမိ User Name ဖြည့်လိုက်။နောက် Classify account ဆိုတဲ့ နေရာလေး ကိုနှိပ်လိုက်ရင် သင် ကိုယ်သင် Bot လား၊ Human လား၊ spammer လားဆိုတာသိသွားမှာပါ။
ဒါပေမယ့် ကျွန်တော်က အပျော်သဘောလေးရေးနေပေမယ့်။ လျော့တွက်လို့တော့မရဘူးဗျ။ သူ့မှာ @steemreports ဆိုတဲ့ Steemit အကောင့်ရှိတယ်။ ပြီးတော့ သူ့ Report မှာနေ့စဉ်ရေးတင်နေတာပါ။ သူ့ Report မှာ ကိုယ့်မကောင်းကြောင်းလေးများပါသွားရင် ဘာဆက်ဖြစ်မလဲတော့မသိဘူးပေါ့။
သူ့ Report တွေသွားဖတ်ကြည့်ချင်ရတော့ ဒီကိုသာသွားကြည့်ပါတော့ဗျာ။
https://steemit.com/@steemreports
မင်းစိုးနိုင်
MSC-010
Photo – Google
Leave ကိုယ်က Bot လား၊ Human လား၊ spammer လား to:
Read more #myanmar posts
Best Posts From Min Soe Naing
We have not curated any of minsoenaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.