အရက်သမား
ကျွန်တော်ကတော့ အရက်သမား အမြဲမူး မနေပေမဲ့ ကိုဝေလ ရဲ့ သီချင်းလိုပေါ့
တစ်စုံ တစ်ယောက်သော သူကြောင့် နည်းလမ်းမျိုးစုံ ရှာပေမယ့် "၁၅ မိနစ်ကျော်
လာရင် အလိုလို လွမ်းလာတယ်" အဲ့သည်က စလို့ပေါ့ဗျာ။ အရက်သမား လို့နာ
မည် တပ်တာကတော့ သူငယ်ချင်း အပေါင်းသင်းမိတ်ဆွေ တွေက ပေးတာပါ။
သူတို့ ကသာပြောတာပါ ဗျာ ကျွန်တော် အရက်ကို မကြိုက်ပါဘူး မကြိုက်လို့ မ
သောက်ဘူးလား ဆိုတော့လဲ သောက်ပါတယ်။ မကြိုက်ဘဲ ဘာလို့သောက်လဲ
ဆိုတော့ ခုဏကပြော သလိုဘဲ ဗျာ ၁၅ မိနစ် ကျော်လာရင် အလိုလို လွမ်းလာလို့
ပါဘဲ။ကျွန်တော် ဆင်ခြင်ပါတယ် တော်တော့်ကို ဆင်ခြင်ပါတယ်။ ကျွန်တော် အ
လုပ်ချိန်တွေမှာ ဆို မသောက်ပါဘူး။ ကိုယ်ပိုင် အချိန်လေးမှာတော့မပြည့်စုံလို့
အဖေါ်လို လို့ သောက်မိတယ်ဆိုပါတော့ဗျာ။
ကျွန်တော်အရက်သမား ဘယ်ကစဖြစ်လဲတော့မမှတ်မိတော့ဘူး။ပီးတော့ ကျွန်
တော်အရက်သမားဆိုတဲ့နာမည် ကြီးကိုလဲမကြိုက်ဘူးဗျ။ဒါ့ကြောင့်အရက်ကိုမုန်း
တာပေါ့ ဒါပေမဲ့လည်း အရက်သောက်ဖို့ အကြောင်းလေးတွေကပေါ်ပေါ်လာတတ်
ပြန်တယ်ဗျ။ကျွန်တော်တို့ မိုးကုတ်သူ တို့အဖွဲ့နဲ့ တစ်ဖွှဲုတည်းကျတုန်းကဆိုရင်
ကျွန်တော် တို့ တစ်ယောက်တစ်လှည့် မွေးနေ့ကျတိုင်း family KTV
မှာ 2 SECTION ယူပီးသောက်ကြစားကြပျော်ကြတယ်ပေါ့ Birthday
ကျတဲ့ သူတွက် ဆုတောင်းပီး အမှတ်တရ လက်ဆောင်လေးတွေပေးကြ
အဲ့က စလို့ ပွဲဆို ပွဲရှိမှဘဲ သောက်တာ ခုကတော့ မရှိတဲ့ပွဲကို ပွဲလုပ်ပီ
းသောက်တာပေါ့ ဒါပေမဲ့ ကျွန်တော်အရက်သမား မဟုတ်ဘူးနော်
သူငယ်ချင်း မွေးနေ့ရှိမှ သောက်တယ် ပျော်လို့ မရှိတော့ ဝမ်းနည်းလို့သောက်
တယ် သူငယ်ချင်း သား/သမီးမွေးနေ့သောက်တယ် မရှိနဲ့နေ့ ပျင်းလို့သောက်
တယ် အလုပ်ခွင် အဆင်မပြေလဲ သောက်တယ် အဆင်ပြေတော့ သောက်
တယ် တကယ်တော့ ပျော်ရွှင်မှု နဲ့ ဝမ်းနဲ မှု ကြားထဲ မှာ စိတ်ညစ်လို့ ပျော်
လို့သောက်မိတာပါ ဒါနဲ့ အရက်သမားကြီးဖြစ်ရောလားဗျာ ကျွန်တော်က တ
ကယ်တော့အရက်သမားမဟုတ်ပါဘူးဗျာ။
Leave အရက်သမား to:
Read more #myanmar posts
Best Posts From micrologic
We have not curated any of micrologic's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.