mgthitsar avatar

မလာချင်ပါနဲ့

mgthitsar

Published: 18 Apr 2020 › Updated: 18 Apr 2020မလာချင်ပါနဲ့

မလာချင်ပါနဲ့

ပျော်ရွှင်ခြင်းများနဲ့ တို့အချစ်တွေလဲ
အကုန်ပျက်စီးပီ

နာကျင်ရင်း ရှုံးနိမ့်တဲ့သူဟာ
ငါ တစ်ယောက်ထဲပါ

နင်ကောင်းစားဖို့ စွန့်လွှတ်တာကို
စာနာပေးပါ

ဘာမှမပြောဘဲနဲ့ မင်းမုန်းလိုက်ရင်လဲ
ငါ ကျေနပ်တယ်

ကောင်းစား စေချင်ရင် နောက်ဆုတ်လိုက်တဲ့
နင့်ရဲ့ အသိုင်းဝိုင်းကပြောကြတယ်

နင်နဲ့ငါ
ဝေးခဲ့ကြပြီးးးး

မလာပါနဲ့ ငါ့ကမ္ဘာ ထဲကို မခေါ်ရက်ဘူး
ဒုက္ခ တွေများလိမ့်မယ်

Thanksgiving
mgthitHive account@mgthit

ငါ့ကြောင့်မင်းစိတ်ညစ်မှာလဲဆိုးတယ်
ငါဘယ်လိုခေါ်ရက်ပါ့မလဲ

ငါတစ်ယောက်ထဲ အလွမ်းတွေနဲ့ ပိုင်ဆိုင်ဖို့
တစ်ခု့အတွက် ချစ်ခဲ့တာမဟုတ်ရပါ

နမ်းဖူးတဲ့ အနမ်းလေးတွေ မေ့လိုက်ပါ
ငါကြေကွဲရင်းနဲ့ ရူးပီကွယ်

မျှော်လင့်ခြင်း များနဲ့ မတမ်းတပါနဲ့
နင်ထွက်သွားပါ

မရေရာတဲ့ ငါ့ဘဝရဲ့လမ်းတွေထဲ
နင်မပျော်ချင်ပါနဲ့လေ

နောက်တစ်ယောက်ရင်ခွင်မှားမှေးစက်လိုက်တော့
ငါ့ကိုမင်းလေးမေ့လိုက်တော့

နင်နဲ့ငါ
ဝေးခဲ့ကြပြီးးးး

မလာပါနဲ့ ငါ့ကမ္ဘာ ထဲကို မခေါ်ရက်ဘူး
ဒုက္ခ တွေများလိမ့်မယ်

ငါ့ကြောင့်မင်းစိတ်ညစ်မှာလဲဆိုးတယ်
ငါဘယ်လိုခေါ်ရက်ပါ့မလဲ

ငါတစ်ယောက်ထဲ အလွမ်းတွေနဲ့ ပိုင်ဆိုင်ဖို့
တစ်ခုအတွက် ချစ်ခဲ့တာမဟုတ်ရပါ

နမ်းဖူးတဲ့ အနမ်းလေးတွေ မေ့လိုက်ပါ
ငါကြေကွဲရင်းနဲ့ ရူးပီကွယ်

Leave မလာချင်ပါနဲ့ to:

Written by

Read more #esteem posts


Best Posts From mgthitsar

We have not curated any of mgthitsar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgthitsar