mgloki avatar

အရေးကြီးလှသော win-win situation

mgloki

Published: 25 Feb 2018 › Updated: 25 Feb 2018အရေးကြီးလှသော win-win situation

အရေးကြီးလှသော win-win situation

  • ကျွန်တော်တို့ လူ့ဘဝကြီးက တစ်ယောက်ထဲ ရပ်တည်၍ မရပေ။ တစ်ခါတလေ ကိုယ့်ကိစ္စ အဆင်ပြေဖို့အတွက် တစ်ဖက်က ရှုံးနိမ့်ပေးရမည် ဆိုသော အတွေးများသည် လွန်စွာ နိမ့်ကျသည်ဟု ထင်မိသည်။ သိပ် အတ္တကြီးသော အတွေးများလည်း ဖြစ်သည်။

Win-Win-Solution-1024x682.png

  • Win-Win Situation မဖြစ်နိုင်ပေ။ ထိုသူများသည် လောင်းကစားဆန်သော အတွေးများနဲ့သာ ပြည့်ညှပ်နေသည်။ ကိုယ်နိုင်လျှင်ပြီးသော ဆိုသော ခပ်ပေါပေါ အတွေးများပင် ဖြစ်သည်။

  • မြန်မာ စကားပုံတွင် ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာ ဆိုတဲ့စကားပုံမျိုး ဖြစ်သင့်သည်။ ကိုယ့်တစ်ယောက်ထဲ အဆင်ပြေရေးမျိုး မဟုတ်ဘဲ တစ်ဖက်တွင်လဲ အဆင်ပြေစေသော ဆက်ဆံမှုမျိုး ဖြစ်သင့်သည်။

  • အလုပ်ခွင်ထဲ ရောက်သွားလျှင် ထိုသူများသည် အရမ်းသိသာသည်။ ကိုယ့် တစ်ဖို့ထဲအတွက်ဘဲ ကြည့်တတ်သည်။ အများနှင့် အဆင်ပြေလား မပြေလား သူမသိ။

  • တစ်ဖက်က ထောက်ပြလာလျှင်လဲ သူတို့လောက် နစ်နာသူမရှိသလို ပုံစံမျိုးနှင့် ပြန်တုံ့ပြန်တတ်သည်။ တကယ်ကို အော်ဂလီ ဆန်စရာပင် ဖြစ်သည်။

  • အဲ့တော့ မည်သည့်နေရာတွင် ရောက်နေစေကာမှု ကျွန်တော်တို့သည် နှစ်ဦးနှစ်ဖက်၊ ဟိုဖက်သည်ဖက် အဆင်ပြေသည့် ပုံစံ Win-Win Situation သာ ဖြစ်သင့်သည်။ အတတ်ဆုံး ပြေလည်အောင် ညှိုနှိုင်းသင့်သည်။

  • ကျွန်တော်တို့ မြန်မာတွေ ဆွေးနွေးညှိနှိုင်းတာ အားနည်းသည်။ တစ်ခုခုဆို ဆော်လိုက်မယ်ဆိုတဲ့ အတွေးက အရင် စဝင်သည်။ တကယ် အမှားကြီးများ ဖြစ်သည်။

  • ထို့ကြောင့် ကျွန်တော်တို့တွေဟာ ကိစ္စတစ်ခုခု ရှိလာခဲ့လျှင် Win- Win Situation ဖြစ်အောင် ညှိနှိုင်း တိုင်ပင်တတ်ဖို့ လိုအပ်ပါသည်။ ညှိနှိုင်းတိုင်ပင်ဖို့လည်း ဝန်မလေးကြပါနှင့်...။

  • တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်းများလည်း လျော့သင့်သည်။

  • အထက်ပါ နည်းလမ်းများဖြင့် နေထိုင်လိုက်လျှင် ကျွန်တော်တို့ လူ့ဘဝကြီးသည် (ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာ Win-Win Situation ) ဖြင့် ပိုမိုကောင်းမွန်သော လူမှုအဖွဲ့အစည်း တစ်ခုသို့ တိုးတက်လာကာ လူအချင်းချင်း ဆက်ဆံရေး ပိုအဆင်ပြေလာကာ လူသား ပတ်ဝန်းကျင်ကြီးလည်း ပိုမို သာယာလှပလာသည်မှာ ဧကန်ပင် ဖြစ်ပါလိမ့်မည်။ ✌ ✌ ✌ 😍

Leave အရေးကြီးလှသော win-win situation to:

Written by

Read more #love posts


Best Posts From mgloki

We have not curated any of mgloki's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgloki