ဦးနှောက်ချက်ရအောင်
ဒီနေ့တော့ဦးနှောက်နဲနဲလောက်စားကြရအောင် :D
ဦးနှောက်ကိုအလုံးမပျက်အောင်သေချာကိုင်ပါ
သွေးကြောလေးတွေပြောင်သွားပြီဆိုရင်ရေကိုခပ်ဖွဖွလေးသေချာဆေးပြီးတော့ပုဂံသန့်သန့်ထဲထည့်ပါ။
ဆား ဆနွင်း အချိုမှုန့် မဆာလာ တို့ထည့်ပြီးနှံ့အောင်နယ်ကာ၁၀မိနစ်လောက်နှပ်ထားလိုက်ပါ။
အိုကေဆယ်မိနစ်စောင့်ရင်းနဲ့ကြက်သွန်ဖြူနဲ့ဂျင်းကိုရောပြီးထောင်းထားလိုက်။
ကြက်သွန်အနီအနေတော်နှစ်ဥလောက်ခွာပြီးပါးပါးလှီးထား
အိုးထဲကိုဆီထည့်
ဆီဆူလာရင်ကြက်သွန်နီပါးပါးလှီးထားတာကိုထည့်
ဆီစိမ်းနံ့ပျောက်အောင်ဆနွင်းနဲနဲလေးထည့်
ကြက်သွန်နီနဲနဲနွမ်းလာပြီဆိုရင်
ဂျင်းနဲ့ကြက်သွန်ဖြူရောထောင်းထားတာကိုထည့်ပြီးဆီသတ်ပါ။အားလုံးရွှေရောင်လေးသန်းလာပြီဆိုရင်မဆာလာထည့်အရောင်လိုချင်ရင်ငရုပ်သီးမှုန့်လေးနဲနဲထည့်နဲနဲလေးပဲထည့်နော်
ဆီသတ်နံ့လေးမွှေးလာပြီဆိုရင်စောနကဆားဆနွင်းနယ်ပြီးနှပ်ထားတဲ့ဦးနှောက်အလုံးလေးကိုထည့်လိုက်ပါ
သူ့မှာပါလာတဲ့ရေခမ်းတဲ့အထိဆီသတ်သလိုမျိုးမွှေပေးပါပုံစံလေးမပျက်အောင်ထိန်းမွှေပေါ့
ရေကုန်ပြီဆိုရင်ရေသန့်တစ်လီတာဘူးသုံးပုံတပုံကိုထည့်ပါ
ပြီးရင်အဖုံးပိတ်ထားလိုက်တော့
ခနလောက်ကြာရင်ရေခမ်းပါပြီဦးနှောက်လဲကျက်ပြီ
ပန်းကန်ထဲထည့်ပြီးဆွဲလို့ရပြီ။
သူ့ချည်းပဲဆိုအီတာမို့ အအီပြေ ချဉ်ပေါင်ကြော်လေးနဲ့တွဲစား
ကြာဆံဟင်းခါးလေးကိုအရည်သောက်
ရှလွတ် ရှလွတ်
Leave ဦးနှောက်ချက်ရအောင် to:
Read more #mso posts
Best Posts From May
We have not curated any of maythzinkyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.