အစွန်းနှစ်ပါး
``အစွန်းနှစ်ပါး´
...................
အချစ်ဆိုတာ ....
ချုပ်နှောင်ထားမယ့်ကြိုးတစ်ချောင်းဖြစ်နိုင်သလို..
သင့်စိတ်ကို ပရမ်းပတာမဖြစ်အောင်ထိန်းချုပ်ပေးတဲ့
အထိန်းအကွပ်တစ်ခုလည်းဖြစ်နိုင်တယ်...
သင့်ကို ချုပ်နှောင်မှာလား ....
ထိန်းကွပ်ပေးမှာလားဆိုတာကတော့ ....
သင်ရွေးချယ်လိုက်တဲ့ချစ်သူအပေါ်မှာမူတည်သလို...
သင့်အပေါ်မှာလည်း မူတည်တယ် ။
သံယောဇဉ်ဆိုတာ ....
နောက်ဆန်ငင်စရာ အပူတစ်မျိုးဖြစ်နိုင်သလို...
သင့်စိတ်ရဲ့နွေးထွေးလုံခြုံရာလည်း ဖြစ်နိုင်တယ်...။
အပူလား နွေးထွေးစရာလားဆိုတာကတော့ ...
သင် သံယောဇဉ်ထားမိသူတွေအပေါ်မှာ မူတည်သလို...
သင့်စိတ်အပေါ်မှာလည်းမူတည်တယ်။
မိသားစုဆိုတာ....
လွတ်လပ်မှုကို တားဆီးပိတ်ပင်နေသူတွေဖြစ်နိုင်သလို...
သင်ဘာဖြစ်ဖြစ်သင့်နောက်ကအမြဲရပ်တည်ပေးမယ့်အရိပ်တစ်ခုလည်းဖြစ်နိုင်တယ်
ပိတ်ပင်သူလား အရိပ်လားဆိုတာကတော့ ....
သင့်မိသားစုအပေါ်မှာ မူတည်သလို ...
သင့်ပေါ်မှာလည်းမူတည်တယ် ။
သင်ရထားတဲ့ အဆိုး အကောင်း အရာအားလုံးဟာ .....
သင်ကရွေးချယ်လိုက်သူတွေ .....
သင့်ကိုရွေးချယ်သူတွေ ......
သင်ကမရွေးချယ်ရဘဲ အလိုလိုရရှိထားတဲ့အရာတွေပေါ်မှာ မူတည်နေပေမဲ့
သင် စိတ်ထားတတ်တဲ့အပေါ်မှာ မူတည်ပြီး ....
သင့်စိတ်ချမ်းသာမှု သင့်စိတ်ဆင်းရဲမှုတွေကို ဖြစ်ပေါ်စေတတ်ပါတယ် ။
ပုညခင်
၂.၆.၂၀၁၆
#အောင်မြင်မှု၊ဘဝနှင်ချစ်ခြင်းမေတ္တာ အတွေးစာစုများ စာအုပ်မှ
Leave အစွန်းနှစ်ပါး to:
Read more #flowers posts
Best Posts From mamyawin
We have not curated any of mamyawin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.