Allpe will support Wireless
iPhone X အပါအဝင် iPhone အကုန်လုံးမှာ Standard အနေနဲ့ Packaging မှာပါဝင်တဲ့ Charger က 5W Charger ပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Apple ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Apple iPhone တွေမှာတော့ USB Power Delivery စနစ်ကနေ Fast Charging စနစ်ကို စတင် Support ပြုလုပ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် Built-in Charger မှာတော့ Fast Charging စနစ်ကို ထောက်ပံ့ခြင်းတော့မရှိပါဘူး။
ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ ယခုနှစ်မှာ ထုတ်လုပ်သွားမယ့် iPhone တွေမှာတော့ USB-C ကနေ Lightning Charger ကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး ယခင် 5W အစား USB Power Delivery ကို Support ပြုလုပ်တဲ့ 18W Charger ဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာတော့ Apple iPhone တွေက Charger နဲ့ Cable ထပ်ပြီး ဝယ်စရာမလိုတော့ပဲ Fast Charging စနစ်နဲ့ အားသွင်းနိုင်တော့မှာဖြစ်ပါတယ်။
အခုလိုမျိုး Fast Charger တွေကို ထည့်သွင်းပေးမယ်ဆိုတာက အခုအချိန်အထိတော့ Apple ကနေ တရားဝင်ကြေငြာခြင်းမရှိသေးပေမယ့် အခုလိုမျိုး High-Capacity Fast Charger တွေကို ထည့်သွင်းလာတာက Apple iPhone ကို ဒီနှစ်မှာ ဝယ်မယ့်သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။
Credit..My Tech Myanmar
Leave Allpe will support Wireless to:
Read more #patrice posts
Best Posts From Ma Ma
We have not curated any of mamamoeswe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.