( YBS နှင့် အတွေး)
ကိုယ်သွားရမယ့် ခရီးက မြန်မာငွေ ၄၀၀ ကုန်မယ့်ခရီး.
လက်ထဲမှာ ထပ်ထွက်လာအုံးမလားဆိုပြီး ဖင်ပြန်ခေါင်းပြန် အကြိမ်ကြိမ် ပွတ်ရေနေတာတောင်.. ၃၀၀ ကျပ်အတိနဲ့ အနှီ ဝါဇီငွေစက္ကူတွေက ခေါင်းကြောမာလွန်းလှသည်။..
ငွေအကြွေဆိုတာလည်း YBS ခေတ်မှာ နှစ်တစ်ထောင်မှာ
တစ်ခါသာပွင့်သည်ဆိုသော ရေခဲတောင်ကြာပွင့်ထက် ရှားလွန်းလှသည်။
လမကုန်တကုန့်ရက်မို့ ရသမျှချိုးခြံခြွေတာနေသော ကိုယ့်အတွက်.. ပိုက်ဆံအိတ်ထဲ တစ်ကောင်ထဲအထီးကျန်နေသော ဆင်အနီလေးတစ်ကောင်ကို သားမခွဲလိုပေ... ။
လက်ထဲက ၃၀၀ ကိုတလှည့် YBS လာရာလမ်းကို တလှည့်နဲ့..
ကလိမ်ဥာဏ်ကို ထုတ်မိနေသည်။
.....
အိုခေ...
၁၀၀ တန်ကို လက်ထဲလိပ်..
ကျန်တဲ့ ၂၀၀ တရွက်ကို အိပ်ကပ်ထောင်ထဲ သေချာထည့်ပြီး..
အကြံဆိုနဲ့ YBS ပေါ်ပြေးတက်လိုက်တယ်..
( ဟိဟိ.. ဖြစ်ချင်ရာဖြစ် ၁၀၀ ပဲ ခပ်တည်တည်ထည့်ပြီး စီးသွားမှာပေါ့) အိုင့်အကြံ မပိုင်လား ။
....
ကိုယ်အရင်တက်ပေမယ့် ကိုင်အရင်မထည့်ပဲ သူများနောက်မှ ထည့်လိုက်တယ်..
ဒါမှ ကိုယ် ၁၀၀ ပဲ ကလိမ်ချုံပြီးထည့်တာ မရိပ်မိမှာပေါ့။
ဒီကိစ္စ Mission Impossible ကားထဲ MI6 အေးဂျင့် အီသန်ဟန့်လို စေ့စပ်သေချာနေမှ ဖြစ်မယ်လေ ။
ကားဆရာကြီးက မရိပ်မိ..
ခရီးသည်တွေလဲ သူ့အာရုံနဲ့သူ..
အားလုံးကွက်တိ.. ။
...
စိတ်ဆိုတာ ထူးဆန်းလွန်းလှတယ်..
အာဒိန္နဒါနာ ကို ဘယ်လိုပင် ပိပိရိရိကျူးလွန်ပါစေ..
စိတ်က ကိုယ့်ဘာသာမလုံ..
ဒီ ၁၀၀ နဲ့ ကိုယ်ကျင့်တရားညစ်နွမ်းသွားလေပြီဟု..
ကြီးမားစွာ စိတ်ထိခိုက်မှုဖြစ်ရသည်။
တိုးတိုးဝှေ့ဝှေ့နဲ့ ယာဦ်အနောက်ပိုင်းရောလေမှ..
ကားမှန်မှာ ကပ်ထားသော Payment System လေး တွေ့မိတယ်..
OK$ ဖြင့် ပေးချေနိုင်သည် တဲ့..
အို...
ဝမ်းသာလိုက်သည့်ဖြစ်ခြင်း..
ကိုယ့်မှာ ရှိတဲ့ဖုန်းလေးအမြန်ထုတ်..
OK$ ကိုဖွင့်.. သူရေးထားတဲ့ ဖုန်းနံပါတ်ကို အမြန် ၁၀၀ ချေလိုက်တယ်.. ။
ဤသို့မှ စိတ်က ရှင်းသန့်လင်းလက်သွားတော့သည်။
ကိုယ့်ကျင့်တရားဆိုသည်မှာ ပတ်ဝန်းကျင်က သတ်မှတ်ခြင်းမဟုတ်ပဲ.. ကိုယ်ကိုတိုင်သာ ဆွဲတင်ပုံသွင်းရသော အဆင့်အတန်းမျိုး ဖြစ်သည်ဟုလည်း သိနားလည် သဘောပေါက်ပြီသည်။
ပတ်ဝန်းကျင်အပေါ် မည်မျှဟန်ဆောင်ကောင်းပါစေ..
ကိုယ့်စိတ်က ကိုယ့်ကို ကြည်ညိုမည်မဟုတ်ပါချေ.. ။
Lay Cho
( YBS နှင့် အတွေး)
Leave ( YBS နှင့် အတွေး) to:
Read more #article posts
Best Posts From Lay Cho
We have not curated any of laycho's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.