အတိတ်သာမိုးဖြစ်ခဲ့ပါလျှင် - အပိုင်း (၁)
""""" အတိတ်သာမိုးဖြစ်ခဲ့ပါလျှင် """"
xxxxxxxxxx xxxxxxxxxxxxx xxxxxxxxxxxxx
..
လက်ဖဝါးထက်က Dynamite Candy အချို့နှင့် PK တောင့်အချို့ကို ကြည့်ပြီး စူးစူးနစ်နစ် သတိယနေမိသည်။ ...
ဝဲဘက်ရင်အုံထဲ တစစ်စစ်တိုးဝင် ထိခတ်နာကျင်နေတဲ့ ....
တစ်စုံတစ်ရာသော ....စိတ်ခံစားမှုများ ....
ရုတ်တရတ် သူမအမည် တမ်းတလို့ တဖွဖွရွတ်မိနေတဲ့ နှုတ်ခမ်းအစုံ ရဲ့ ....
တုန်ယင်နေမှုမှာ ကိုယ့်နှလုံးသား လှုပ်ခတ်နေတာ ဆောက်တည်ရာမဲ့ ...
... ဘာလို့လဲ ...
အတိတ်ဟာ .. ကိုယ်မခေါ်ပဲရောက်လာစရာမှ မလိုပဲ ။
မြစ်ကျိုးအင်းတစ်ခုလို ဖြစ်တည်နေခဲ့တဲ့ နှလုံးသားက ခုမှထပြီး လှိုက်ခုန်စရာမရှိ ...
အပြင်မှာ ရွာသောမိုးက ကားပြတင်းမှန်ကို ခပ်ကြမ်းကြမ်းပက်နေတာကြည့်ရင်း ..
အတိတ်ဒဏ်ရာတွေကို ပွတ်သပ်နေမိပြန်ပြီ။
.........
မကြာမတင်ကမှ ရရှိခဲ့သော မိုးနံ့စွက်တဲ့မြေသင်းရနံ့ကို သတိပြုမိပြီးနောက် .. အခုတော့ မိုးရွာချေပြီ။
ကိုယ့်တိုက်ခန်းပြတင်းတံခါးမှန်တွေကိုလိုက်ပိတ်ရင်း ... မိုးကိုတော့ နဲနဲဖြစ်ဖြစ်ကြိမ်ဆဲမိသည်။
အပြင်ထွက်စရာရှိသောအခိုက်မိုးရွာလေတော့ .. စိုတိစိုစွတ်ဆိုရင် ဘယ်မှမသွားချင်သော ကိုယ့်အတွက် ..
ချိန်းဆိုထားမှုကို ဖျက်ရတော့မည်သာ ...။
ကောင်းကင်ကိုကြည့်တော့လည်း ညိုမှောင်မည်းနက်နေတော့ .. မိုးပြေးမဟုတ်သည်မှာ သေချာသလောက်ရှိသည်။
ကိုယ့်အတွေးတွေ ကိုယ့်ဘာသာမဆုံးနိုင်ခင်ပဲ ..
အေးစက်တဲ့အထိအတွေ့က ကိုယ့်လက်ဖဝါးမှာ ခံစားရသည်။
လှည့်ကြည့်တော့ ...
" အူဂျာလည် ... "
" လေးလေး .. သားမိုးရေးချိုးချင်တယ် .. "
ခက်တော့ ခက်ပြီ။
အူဂျာလည်ဆိုတာ .. ကိုယ့်တူလေး ..
ကိုယ့်အစ်မက မွေးထားတဲ့ တစ်ဦးတည်းသော .. ချစ်စရာ့တူ ...
မိုးရေချိုးချင်တယ်သာဆိုတယ် ..
ကိုယ်မပိတ်ရသေးတဲ့ ပြတင်းတံခါးကနေလက်ထုတ်ပြီး မိုးရေဆော့ထားတာကဖြင့် ..
ခန္ခာကိုယ်တစ်ပိုင်းလောက်စိုနေပြီ။
ကိုယ့်အစ်မကလည်း ဒီကောင့်ကို ကိုယ်နဲ့ထားပြီး ဘဏ်ကိုသွားလေတော့ ..
ချစ်စရာ့တူက ကိုယ့်ကို မွှေနေသည်လေ ...
မတတ်နိုင်ပါ ...
ဒင်း ဆန္ဒကိုလိုက်လျောရတော့မည်။
မလိုက်လျောရင်လည်း ဒင်းမွှေသည့်ဒဏ် ကိုယ်မခံနိုင်ပါ။
ဝတ်ထားသည့်ပုဆိုးကိုအားကစားဘောင်းဘီတိုနှင့်လဲ .. ထီးကိုဆွဲပြီး ...
ရှမ်ပူဘူးကိုပိုက်ကာ သကောင့်သားနောက် လိုက်ရတော့သည်လေ။
.
ရယ်စရာကောင်းသည်လို့တော့ တွေးမိသည်။
လွန်ခဲ့သော ငါးမိနစ်ခန့်ကဖြင့် မိုးရေထဲထွက်ရတာ စိုတိစိုစွတ်နဲ့ .. ဘာညာ . ဆမာကလာတွေရိုက်ပြီး ..
ချိန်းထားတဲ့ အပွိုင့်မန့်တစ်ခုကို ဖျက်ထားတာ ..
ခုတော့ ခြေညှပ်ဖိနပ်နှင့် ဘောင်းဘီတို၊ ထီးကိုဆောင်း ရှမ်ပူဘူးပိုက်လို့ ..
မျောက်လောင်းကို မိုးရေထဲ လိုက်ကြည့်နေရတယ် ...
အနှီမျောက်လောင်းလေးကလည်း .. အိမ်ကစထွက်လိုက်ကတည်းက ..
ကိုယ့်ခေါင်းတွေကို .. အရက်ဖိုးမကုန်ပဲမူးနောက်ပြာဝေသွားအောင် .. လုပ်နိုင်စွမ်းရှိသည်။
အရှေ့မှအနောက်၊ တောင်မှမြောက်၊ .. အရှေ့တောင်ထောင့်တွေ .. အနောက်တောင်ထောင့်တွေကနေ ...
ဓါးလွယ်ခုတ်တွေ၊ ကန့်လန့်ဖြတ်တွေ .. ထောင့်တန်းတွေ ပတ်ပတ်ပြေးနေတာ ...
ကိုယ်ဖြင့် .. သူ့ကိုလိုက်ကြည့်ရင်း .. ကမ္ဘာမြေကြီး ငါးမိနစ်အတွင်း နေကိုအကြိမ်ကြိမ်ပတ်နေသလို ထင်လာမိသည်။
တော်တော့ .. တော်သေးသည်။
မိုးရွာလွန်းလို့ဖြစ်မည်ထင့် .. လမ်းပေါ်မှာ ကား၊ ဆိုက္ကား၊ စက်ဘီးတွေ တစ်စီးမျှမရှိ ..
ကိုယ်စိုးရိမ်သည်ကလည်း အဲ့တာတွေကိုပင် ..
ုဒီ စွန်းဝူခုန်းရဲ့ ခြောက်ဆယ့်ကိုးယောက်မြောက်ဒပဲ့ကျော်က .. ငြိမ်ငြိမ်စိမ်စိမ် မိုးရေချိုးသောအတန်းအစားထဲမပါ ..။
ရှိသမျှ ကိုယ်ခေါ်တတ်သမျှသော အရပ်မျက်နှာတွေကိုပတ်ပြေးရုံတင်မက ...
ကိုယ့်ပါ မိုးရေနဲ့လာပက်နေလို့ .. ငေါက်လိုက်ရသေး ..။
အေဘေးလေး .. မိုးရေထဲချမ်းအောင်ပစ်ထားပြီး .. အိမ်ပေါ်ရောက်မှဆေးတိုက်၍ သိပ်ထားလိုက်မယ်ဟု .. စဉ်းစားထားမိသည်။
လေတစ်ချက် ဆတ်ခနဲ ဝှေ့ခိုက်မှာ .. ကိုယ့်လက်ထဲကထီး .. ဘေးကိုလွင့်ထွက်သွားသည်။
မရှေးမနှောင်း " .. အား ..." ဆိုတဲ့ အသံသဲ့သဲ့လည်းကြားရသည်။
ထီးကိုကောက်ပြီး .. အသံကြားရာဘက်လှည့်တော့ ...
လမ်းပေါ်မှာ စက်ဘီးအဖြူလေးတစ်စီး လဲလျှက် ..
အရှိန်မသေသေးတဲ့ ဘီးတစ်ခုကတော့ လည်နေဆဲ ..
အူဂျာလည်က ကိုယ့်ဆီပြေးလာ ..
အလို ...
ဘာတွေပါလိမ့် ..
(ရှေ့တစ်ပတ်ဆက်ရန်)
........
Lay Cho
#MSU-061
Photo by - Google Images
Leave အတိတ်သာမိုးဖြစ်ခဲ့ပါလျှင် - အပိုင်း (၁) to:
Read more #msu posts
Best Posts From Lay Cho
We have not curated any of laycho's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.