
ဒိုင်ယာရီ ၁၂
နောက်တစ်နေ့တွင် စံပယ်အား ထွန်းတောက်ထပ်မံ၍ သွားရောက်စောင့်ဆိုင်းခဲ့ပြန်သည်။သို့သော် ကားပေါ်မှ ဆင်းလာသောစံပယ်မှာ တစ်ယောက်တည်း မဟုတ်ပေ။ထွန်းတောက်မသိသော အခြားကောင်လေးနှစ်ယောက်နှင့်ဖြစ်သည်။စံပယ်အား သွားရောက်စကားပြောရန် စဉ်းစားသော်လည်း ၎င်းတို့မှာ ထွန်းတောက်အားကြည့်၍ တစ်ခုခုပြောနေကြသည်။ထိုကောင်လေး နှစ်ယောက်မှာလည်း ထွန်းတောက်အားရန်လိုသည်ပုံဖြင့်ကြည့်နေ၍ ထွန်းတောက်စကားမများလိုသောကြောင့် အဝေးမှသာ ကြည့်နေခဲ့သည်။
ထိုနေ့ညနေဆောင်းမှာ စံပယ့်အိမ်သို့ ထွန်းတောက် သွားရောက်ကာ စံပယ်နှင့်ထွန်းတောက်တို့ အကြောင်းများကို တိုင်ပင်ခဲ့သည်။စံပယ်မှာမူ အလုပ်မှပြန်မလာသေးပေ။
"အန်တီ...နေကောင်းတယ်နော်"
"ထွန်းတောက်ပါလား. .ကောင်းပါတယ်ကွယ်. .မင်းကောဟိုမှာ အလုပ်အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ် အန်တီ. . .ကျွန်တော်စံပယ်အကြောင်းသိချင်လို့လာခဲ့တာပါ. . .သူကျွန်တော့်ကို လုံးဝအတွေ့မခံဘူးအန်တီ. . အဲ့ဒါဘာကြောင့်လဲဆိုတာ အန်တီတို့များသိရင် ကျွန်တော့်ကို ပြောပြနိုင်မလားလို့ပါ"
"အန်တီတို့လည်းဘာမှမသိဘူးကွယ့်. . .မင်းမလာခင်တုံးကတော့သူ မင်းအကြောင်းပြောတယ်. . . မင်း သူ့ကို အဆက်အသွယ်မလုပ်တာ ၃လလောက်ရှိပြီလို့တော့ပြောတယ်"
" အဲ့ဒါတော့ဟုတ်ပါတယ် အန်တီ. . .ကျွန်တော်ပြန်လာတာ သူမသိအောင်လို့ပါ၊ သူအံ့သြသွားစေချင်တာကြောင့် သူကိုဘာမှမပြောဘဲ ထားခဲ့တာပါ"
ထွန်းတောက်စံပယ်အား ဘာကြောင့် အဆက်အသွယ်မလုပ်ခဲ့ကြောင်း ရှင်းပြနေခြင်းဖြစ်သည်။
"အန်တီတို့ကတော့ မင်းနဲ့သူ အရင်အတိုင်းပဲလို့ ထင်နေတာ"
"ဟုတ်ကဲ့ အန်တီတို့လည်းသူကိုမေးကြည့်ပါအုံးခင်ဗျာ . .သူဘာတွေစိတ်ဆိုးနေလဲဆိုတာ . . .ကျွန်တော်ပြန်လိုက်ပါအုံးမယ်"
"အေးအေး. . .ကောင်းပါပြီကွယ်"
ထွနးတောက်လည်း စံပယ်မိသားစုကို အကျိုးအကြောင်းရှင်းပြကာပြန်လာခဲ့လေသည်။စိတ်ထဲ၌မူ ဘဝင်မကျ ၊ လိုချင်သော အဖြေမရခဲ့၍ဖြစ်သည်။
Leave ဒိုင်ယာရီ ၁၂ to:
Read more #writing posts
Best Posts From kyawkyawlin
We have not curated any of kyawkyawlin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.