kyawhlaing avatar

စိတ်ဝင်စားစရာကောင်းလာပြီ

kyawhlaing

Published: 14 Jun 2019 › Updated: 14 Jun 2019စိတ်ဝင်စားစရာကောင်းလာပြီ

စိတ်ဝင်စားစရာကောင်းလာပြီ

SM မှာ တနေ့တာ Quest လောက်ပဲဆော့ဖြစ်ပြီး steemit ပေါ်ကိုမရောက်ဖြစ် စာတွေမရေးဖြစ်တာ ကြာခဲ့ပါပြီ။ ရာသီချိန်ပြီးဆုံးဖို့လဲ ရက်ပိုင်းလေးသာလိုတော့တယ်။ တပ်သားတွေကို Level လည်းမြှင့်မထားတော့ ဒီရာသီမှာ Diamond–III နဲ့ပဲ ပြီးဆုံးသွားမယ်ထင်ပါတယ်။ နေ့စဉ် Quest အပြီး ၁၀ ကဒ်ရတဲ့အပြင် ရာသီပြီးဆုံးရင် ကဒ် ၄၀ တော့ သေချာသွားပါပြီ။ ကျေနပ်ပါတယ်လေ။
jun 12.JPG
Images Credit - Original Source

အယင်က SM က ရလာတဲ့ကဒ်တွေကို တန်ဖိုးမရှိဘူးလို့ထင်မှတ်ခဲ့ပေမေ့ ယခုပြောင်းလဲလိုက်တဲ့စနစ်တွေကြောင့် ကဒ်တွေကို dec token တွေနဲ့ချိန်းပြီး Steem-Engine မှာ အရောင်းအ၀ယ်လုပ်လို့ရနေပါပြီ။ dec ပေးပြီး upvote လုပ်ခိုင်းလို့ရသလို steem ချိန်းပြီးလဲ မိမိ wallet ဆီတန်းပို့လို့ရနေပါပြီ။ Steem-Engine ကနေ တခြား BTC, ETH, LTC, စတဲ့ coin တွေနဲ့လည်း ထုတ်ယူလို့ရနေပါပြီ။ မနေ့က dec နဲနဲချိန်းပြီး steem စမ်းထုတ်ကြည့်တာ တန်းရောက်လာပါတယ်။
W 4.JPG

dec.JPG
Images Credit - Original Source

Steemit ပေါ်ကိုမရောက်ဖြစ်တော့ ဘာတွေဖြစ်နေမှန်းမသိတော့ပါဘူး။ မနေ့ကမှ ပိုစ့်တွေလိုက်ဖတ်မိလို့ Steem-Engine အကြောင်း PAL အကြောင်းတွေကို နဲနဲသိခွင့်ရလာပါတယ်။ ပိုစ့်တင်ပေးထားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ PAL Token free ရတယ်ဆိုလို့ စမ်းလုပ်ကြည့်လိုက်တာ အယ်လဲ့ PAL 300 ကျော်တောင်ရတယ်။ မထင်မှတ်ပဲ ရလိုက်တာဆိုတော့ အံ့သြမိတာအမှန်ပါပဲ။ PAL Token ပေးတာ SP အနဲအများနဲ့ဆိုင်တယ်ထင်တယ်။ Token တွေ နေ့တိုင်း free claim လို့ရနေရင် ကောင်းမှာပဲလို့ :-D
pal 323.JPG
Images Credit - Original Source

pal fast.JPG
Images Credit - Original Source

Steemit platform နဲ့ဆက်စပ်ပြီး Token တွေ များစွာထွက်ပေါ်လာနေပါပြီ။ ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင် ကိုယ်တွေမျှော်လင့်ခဲ့တဲ့ steemit ရဲ့ ရွှေရောင်အိမ်မက်တွေဟာ မကြာတော့သည့်အချိန်လေးမှာ ဧကန်မုချရောက်လာပါတော့မယ်လို့ ယုံကြည်မိပါကြောင်းးးး
s-e.JPG
Images Credit - Original Source
kyawhlaing@kyawhlaing

Leave စိတ်ဝင်စားစရာကောင်းလာပြီ to:

Written by

I Love steemit

Read more #myanmar posts


Best Posts From kyawhlaing

We have not curated any of kyawhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kyawhlaing