kssoe avatar

ဘဝရဲ့အဟန့်အတား

kssoe

Published: 19 Mar 2018 › Updated: 19 Mar 2018ဘဝရဲ့အဟန့်အတား

ဘဝရဲ့အဟန့်အတား

ကျွန်တော်တို့တော်တော်များများဆပ်ကပ်ထဲကဆင်ကြီးအကြောင်းကိုကြားဖူးကြမှာပါ
ဒီလောက်ဆင်အကောင်းကြီးကိုသံကြိုးသေးသေး ငုတ်ကလေးမခိုင့်တခိုင်နဲ့ချည်နှောင်ထားပေမယ့်ဆင်ကြီးဟာလုံးဝရုန်းထွက်ပြီးပြေးသွားခြင်းမရှိပါ ဆင်ကြီးကထူးခတ်ထားတာကိုသဘောကျလို့မရုန်းထွက်တာတော့မဖြစ်နိုင်ပါ
ဒါဆိုဘာလို့မရုန်းတာလဲ ရှင်းပါတယ် ဆင်လေးငယ်ငယ်ကတည်းကသံကြိုးအကြီးကြီးတွေ ငုတ်အကြီးကြီးတွေနှင့်ချည်နှောင်ထားခဲ့ပါတယ် ဆင်လေးလည်းအချိန်အတော်ကြာရုန်းကန်ခဲ့ပါတယ် သို့သော်လည်းဘယ်လိုမရုန်းလို့မရခဲ့ပါဘူး နောက်ဆုံးမှာတော့သူဘယ်လိုပဲရုန်းရုန်း ရုန်းထွက်လို့မရဘူးဆိုတဲ့အသိဝင်သွားပါတော့တယ်
ဒါကြောင့်ဆင်လေးဟာရုန်းထွက်ဘို့မကြိုးစားတော့ပဲ ဆင်ကြီးဖြစ်တဲ့ထိရုန်းမထွက်ပဲလက်လျော့လိုက်တာပါပဲ
အဲ့ဒီဆင်လိုပဲကျွန်တော်တို့လည်းဘဝမှာကြီးကြီးမားမားတွေမျှော်လင့်ခဲ့ကြတယ် ဇွဲမလျှော့တမ်းအလုပ်တွေကြိုးစားခဲ့ကြတယ် သို့သော်လည်းအခက်ခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ကြရတယ် ပတ်ဝန်းကျင်ကလည်းမဖြစ်နိုင်တဲ့အသံတွေကိုပဲကြားနေရတာနဲ့နောက်ဆုံးလက်လျော့လိုက်ကြပြီးဘဝကိုပုံမှန်လေးပဲဖြတ်သန်းသွားကြတယ်
တကယ်ကကျွန်တော်တို့မှာအောင်မြင်နိုင်တဲ့အစွမ်းအစတွေရှိပါလျက်နဲ့အစွမ်းအစရှိမှန်းမသိလိုက်ပဲလက်လျှော့လိုက်ရတာဟာအရမ်းနှမြောစရာကောင်းလှပါတယ် လူတိုင်းကိုယ်စီအစွမ်းအစတွေထုတ်သုံးပြီးအောင်မြင်မှုပန်းတိုင်ကိုလှမ်းကိုင်နိုင်ကြပါစေ
image
ref:www.google.com

Leave ဘဝရဲ့အဟန့်အတား to:

Written by

Read more #myanmar posts


Best Posts From kssoe

We have not curated any of kssoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kssoe