
ဇရာထောင်းလာတဲ့ မေမေ
ဇရာတွေ နေရာဝင်ယူလာတော့ နုပျိုခြင်းတွေ
ဖယ်ပေးလိုက်ရပီလား မေမေ။
လောကဓံကို သားသမီးတွေအတွက် ခါးစီးခံနေရတော့
မေမေ့ရဲ့ အလှအပနဲ့ လဲလှယ်ခဲ့ရပီလား မေမေ။
သားသမီးတွေ လူလားမြောက်အောင် မေမေ့ရဲ့
သွေးတွေနဲ့တိုက်ကျွေးခဲ့ရလို့ အချိန်မတိုင်ခင် အိုမင်းလာတာလားမေမေ။
သားသမီးတွေ ဝမ်းဝဖို့အတွက် အငတ်ခံကျွေးခဲ့ရတော့
အားအင်ချည့်နှဲ့နေပီလား မေမေ။
အပြုံးတွေရင်ဝယ်ပိုက်ရင်း နာကျင်မှုတွေ မျိုသိပ်ဖန်များလာတော့
အငိုမျက်လုံး အပြုံးမျက်နှာနဲ့ မေမေ့အလှက ဇရာထောင်းနေပေမယ့်
မိုနာလီဇာနဲ့ အပြိုင် မေမေလှနေတုန်းပါနော်။
ပါးရေနားရေ တွန့်နေပေမယ့် ဘယ်သောအခါမှမပြောင်းလဲတဲ့
မေမေ့မျက်လုံးအကြည့်က သားသမီးတွေရဲ့ ရင်ကို အေးမြနေတုန်းပါမေမေ။
မေမေ့ဝါးကျွေးခဲ့တဲ့ ကဆီနစ်ကြောင့် လူဖြစ်လာခဲ့တဲ့
ကျွန်တော်တို့ဘဝက မေမေအိုနေပေမယ့်
မေမေအမြဲပြုံးနေအောင် ၊မေမေ ဂုဏ်ယူရတဲ့ ဘဝဖြစ်အောင် အားတင်းလျှောက်လျက်ပါမေမေ။
ဖေဖေနဲ့မေမေများကို ဦးခိုက်လျက်.....
Leave ဇရာထောင်းလာတဲ့ မေမေ to:
Read more #dad posts
Best Posts From koyell
We have not curated any of koyell's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.