konlon avatar

ဇာတိ သည် မိမိ၏မွေးဖွားရာမြေ

konlon

Published: 11 May 2018 › Updated: 11 May 2018ဇာတိ သည် မိမိ၏မွေးဖွားရာမြေ

ဇာတိ သည် မိမိ၏မွေးဖွားရာမြေ

ဇာတိ သည် မိမိ၏မွေးဖွားရာမြေ မိမိလူမျိုး ဆွေမျိုး မိတ်သင်္ဂဟတို စုဝေးနေထျုင်ရာမြေ အရပ်ဒေသကို ခေါ်ဝေါ်သည်။တစ်နည်း မိမိတို့  အမျိုးများ ပေါက်ဖွားကြီးပြင်းရာ နေရာသည် ဇာတိမည်သည်။ မာန်ဟူသည် မာနဂုဏ်ဝင့်ကြွားခြင်းကိုခေါ်သည်။ဇာတိမာန် ဟူသည် မိမိတို့ ၏ ပေါက်ဖွားကြီး ပြင်းရာ
ဒေသအပေါ် ချစ်ခင်တွယ်တာ မြတ်နိုးစိတ် ဂုဏ်ယူ ဝင့်ကြွားသော စိတ်ဓါတ်သည် ၄င်း တစ်နည်းဆိုရသော် မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ပင်လျှင် ဇာတိမာန်ဟု အဓိပါယ် ဖွင့်ဆိုရပေမည်။လူမျိုးတိုင်းတွင် ဇာတိ ဟူသည် ရှိစမြဲပင် မိမိ ဇာတိကို ထုတ်ဖော်ဝင့်ကြွား ပြောဆိုခြင်း ဂုဏ်တင်ပြောဆိုခြင်း နှိမ်ချပြောဆိုခြင်း မနှစ်သက်ခြင်းခြင်းများသည် လူတိုင်းပင် ရှိတက်သည်။ခိုင်းနှိုင်း ပြောဆိုခြင်းများလည်း ရှိတက်သည်။မြို့နေလူအချင်းချင်း ပြောဆို
လုပ်ကိုင်ရာတွင်မြို့ပြအခြေနေနှင့် မလိုက်ဖက်ဘဲ ပြောဆိုလုပ်ကိုင်နေသည်ကို တောသားဟု ပြောတက်ကြသည်။ ဤသည်မှာ ဇာတိပုညကို ခိုင်းနှိုင်းမှုတစ်ခုပင် ဖြစ်သည်။ စကားကို ကတ်သီး ကတ်သတ် ပြောဆိုသူကို ချီပါသားဟု လည်းကောင်း ရူးရူး မိုက်မိုက် ပြုလုပ်သူကို ရွှေဘိုသားဟုလည်းကောင်း စကားကပ်၍ အလိမ္မာပိုကာ ပြောဆိုလျှင် အညာသားဟု လည်းကောင်း စသည့်ဖြင့် လူတို့ ဖြစ်လေ့ဖြစ်ထဒေသ ကိုလိုက်၍ ခိုင်းနှိုင်းတက်သော ဇာတိများရှိကြသည်။IMG_20180503_224325.jpg

Leave ဇာတိ သည် မိမိ၏မွေးဖွားရာမြေ to:

Written by

Read more #writing posts


Best Posts From konlon

We have not curated any of konlon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From konlon