KoMoeZaw avatar

Life

komoezaw

Published: 07 Jan 2019 › Updated: 07 Jan 2019Life

Life

တချို့သောသူတွေ သူတို့ကသူတို့Unfriလုပ်သွားကြတယ်....
သူတို့မမှားကြပါဘူး...ကျနော်တို့တတွေညံ့လို့ပဲဖြစ်ပါလိမ့်မယ်။.....

တချိန်တုန်းက သူငယ်ချင်းနှစ်ယောက်ရှိတယ်။
ကျောင်းသွားအတူ ကစားလည်းအတူနဲ့ပျော်ပါးခဲ့ကြတယ်။
အချိန်နာရီနေ့ရက်တွေ တရွေ့ရွေ့ကုန်ဆုံးသွားကြရင်း ကိုယ်စီလမ်းတွေခွဲထွက်ခဲ့ကြတယ်။ သူတို့တွေအဆက်အသွယ်တော့ မပျက်ခဲ့ပါဘူး.......။
ဆက်သွားမလား၊ ရပ်နားမလားဆိုတဲ့စကားသံတွေကိုနားထောင်နေရင်းကနေ တစ်ယောက်က ဘယ်ကိုမှရောက်မသွားခဲ့ပါဘူး။ တစ်ယောက်ကတော့ အဝေးကနေလှမ်းပြောပါရဲ့....."ပတ်ဝန်းကျင်ကစကားတွေနားထောင်ပြီး အလကားအဓိပ္ပါယ်မရှိခံစားမနေနဲ့တဲ့".....

ဟုတ်ကဲ့ပါကွာလို့ပြန်ဖြေပါရဲ့ သို့ပေမယ့်... ဟုတ်ကဲ့က ဟုတ်ကဲ့ပါပဲ ဘာမှဖြစ်မလာဘူး...

သူတို့တွေအဆက်အသွယ်မပျက်ရှိခဲ့ပေမယ့် အဆက်သွယ်ပြတ်ခဲ့တာက ဘဝနှစ်ခုပါ။

သူငယ်ချင်းနှစ်ယောက်အချိန်အတော်ကြာ အဆက်သွယ်ပျက်ခဲ့ကြပြီး သူငယ်ချင်းဆီကစာတစ်စောင်ရခဲ့ပါတယ်။
အချိန်ဆိုတာကိုအထင်မသေးနဲ့..ငါ ခြေတစ်လှမ်းလှမ်းတိုင်း

သို့......

အချိန်တိုင်းမှာမင်းကိုသတိရပါတယ် သူငယ်ချင်းရေ..
အချိန်တွေကုန်လွန်သွားတိုင်းမှာ မင်းကိုလှမ်းခေါ်ဖို့ရာ ငါလက်လှမ်းမမှီခဲ့တော့ပါဘူး.... မင်းကငါခေါ်တာကိုလိုက်မလာခဲ့ဘူးလေ။....
နီးနီးလေးမှာရှိနေစဉ်က ငါရဲ့လက်တစ်ဖက်နဲ့တင် မင်းကိုတွဲထူနိုင်တယ်။
မနီးမဝေးကိုရောက်ခဲ့စဉ်မှာလည်း ငါ့ရဲ့လက်နှစ်ဖက်နဲ့ မင်းကိုလှမ်းကူနိုင်သေးတယ်.....
နဲနဲခပ်လှမ်းလှမ်းရောက်တဲ့အခါ..ငါမင်းကိုတွဲကူနိုင်ဖို့ စဉ်းစားနေခဲ့ရတယ်။ ဘာလို့လည်းဆိုရင် ငါက ခြေတစ်လှမ်းအရှေ့ကိုတိုးတိုင်း မင်းက ခြေတစ်လှမ်းဆုတ်ဆုတ်သွားခဲ့တယ်။ ဒီတော့ ငါတို့နှစ်ယောက်ရဲ့ခရီးက ဆန့်ကျင်ဘက်တွေများစွာဖြစ်စေခဲ့တယ်။ ခြေတစ်လှမ်းခြင်းတူတယ် အရှေ့နဲ့အနောက်မတူညီဘူး။ ဒီတော့မင်းကိုကူညီဖို့ ငါရဲ့ခြေလှမ်းကိုအနောက်ပြန်မဆုတ်တော့ဘူး။မဟုတ်ရင် နှစ်ယောက်စလုံးဒုက္ခရောက်လိမ်မယ်။ ငါ့ရဲ့ခရီးအဆုံး ငါမျှော်မှန်းတဲ့ပန်းတိုင်ရောက်ခဲ့ရင် မင်းဆီကိုအရောက်ပြန်ခဲ့မယ်သူငယ်ချင်းရေ......

အေး ငါကကူညီမယ်ဆိုပေမယ့် လောကကြီးမှာ ကိုယ့်ရဲ့လုံ့လစွမ်းအားမရှိပဲဘယ်အရာမှမအောင်မြင်နိုင်တာမို့
မင်းမှာ ငါကူညီတာကို လက်ခံနိုင်လောက်တဲ့အရည်အချင်းမျိုးအဆင်သင့်ရှိနေဖို့တော့လိုအပ်တယ်သူငယ်ချင်း။

လိုအပ်တဲ့အရည်အချင်းက အခြားအရာတော့မဟုတ်ပါဘူး။ခြေတစ်လှမ်းရှေ့တိုးနိုင်ဖို့ပါ။
မင်းအခုစိတ်ညစ်နေရပြီလေ..
သူတပါးအောင်မြင်တာကိုကြည့်ပြီးစိတ်ညစ်နေရပြီမဟုတ်လား........
အဲ့ဒါဘာကြောင့်လည်း.... မင်းကိုလူတွေအထင်သေးလာကြလို့ပဲမဟုတ်လား..
မင်းက စိတ်တွေညစ်စိတ်ဓာတ်ကျလို့ အစားမစားနိုင်ပိန်လိမ်နေရင် ဘာအသုံးကျအုံးမလည်း။
မင်းနဲ့သူငယ်ချင်းရင်းတွေမို့ တော်ရုံစကားတွေကို စိတ်မဆိုးဘူးဆိုတာယုံကြည်တယ်။

မင်းစိတ်ဓာတ်ကျရင် အစားများများစားပြီးအားမွေးထားသင့်တယ်။ စိတ်ညစ်နေဖို့မလို ခြေတစ်လှမ်းတိုးနိုင်ဖို့ပဲလိုတယ်။သူတပါးအောင်မြင်လို့ကိုယ်မအောင်မြင်နိုင်ဘူးလည်းမတွေးနဲ့ ခြေတစ်လှမ်းတိုးနေရင်းကနေ မင်းရဲ့ဘဝလေးပျော်စရာကောင်းလာလိမ့်မယ်။ ဝေဖန်ရေးတွေကိုလည်း ဂရုမစိုက်နဲ့ ။ ဝေဖန်ရေးက ဘယ်လိုအရာမျိုးမှာဖြစ်ဖြစ်ရှိတယ်။ ကောင်းတာလုပ်လည်း ဝေဖန်မှာပဲ ဆိုးတာလုပ်လည်းဝေဖန်မှာပဲ။ မင်းရဲ့ခြေလှမ်းတွေ ကောင်းမွန်တဲ့လမ်းဆီကို တိုးလာခဲ့ရင်တော့ ငါ့ရဲ့အကူအညီက မင်းအတွက် အားဆေးဖြစ်လာမှာပါ။ မင်းခြေလှမ်းတွေမတိုးသရွေ့တော့ ငါကူညီနိုင်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုရင် ငါ့ရဲ့အကူအညီက သဲထဲရေသွန်ဖြစ်နေမှာမို့လေ။

အခုဒီစာလေးကိုဖတ်နေတဲ့ မင်းတစ်ယောက် ဘာမှမရှာဖွေမစုဆောင်းနိုင်သေးပေမယ့် တချို့မင်းနဲ့သက်တူရွယ်တူတွေ...သိန်းရာနဲ့ချီပြီး သူတို့အိုစာမင်းစာအတွက်ရှာဖွေနိုင်ခဲ့ကြပြီသူငယ်ချင်းရေ....
အေး..ငါ့ဆီမှာရော ပိုက်ဆံဘယ်လောက်ရှိလည်းလို့ မမေးနဲ့သူငယ်ချင်း....မင်းဆီမှာ ပညာဘယ်လောက်စုမိပြီလည်းလို့ပဲကိုယ့်ကိုယ်ပြန်တွေးပါ။
မရှိသေးရင်ရှိအောင်စုပါ။..ငါမင်းကိုပြောမယ်၊ ငါ့ဆီမှာရှိတဲ့အရာက ငွေဆိုတာထက်ပိုတဲ့ပညာပါ။

ဒီလောက်ပါပဲသူငယ်ချင်း...ငါပြန်လာရင် မင်းကိုကူညီနိုင်ခွင့်ရချင်တယ်။

...........တစ်ချိန်ကသူငယ်ချင်း...
MSC-030
komoezaw@komoezaw

Leave Life to:

Written by

Hello Steemit all Friends,Welcome.

Read more #myanmar posts


Best Posts From KoMoeZaw

We have not curated any of komoezaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From KoMoeZaw