
Life
ဆိတ်ညိမ်စွာပေါက်ကွဲဖို့ နံရံအထပ်ထပ်နဲ့ကာဆီးခဲ့လည်း အဲ့ဒီအရာတွေမလိုအပ်မှန်းသူတို့သိပါတယ်။
နောင်တစ်ချိန်ဆိုတာအတွက်သူတို့တွေးပေးခဲ့ကြတယ်
သူတို့တွေးပေးခဲ့တာ သူတို့နေရာအတွက်မဟုတ်မှန်း
သူတို့သိပါတယ်။
တော်တော်များများသောလူတွေဟာ နောင်မှသာ နောင်တရတက်ပြီး ၊ မရနိုင်တော့တဲ့အချိန်တွေအတွက် ပူဆွေးနေရင်း အချိန်တွေထပ်ကုန်နေတက်ကြတယ်လို့ထင်တယ်။
အခုလက်ရှိဘဝ လက်ရှိအချိန်ဟာ တန်ဖိုးအရှိဆုံး၊တန်ဖိုးအထားသင့်ဆုံးလို့တွေးတက်ဖို့လိုမယ်ထင်တယ်။
တွေးပြီး၊ငေးပြီး၊စဉ်းစားပြီး စိတ်ပူမယ်ဆိုရင် ကိုယ့်အတွက်ပဲကိုယ်အရင်စဉ်းစားပြီး စိတ်ပူသင့်ပါတယ်။
ကိုယ်တိုင်အဆင်ပြေမှ အခြားသူတွေကိုလည်းအဆင်ပြေမှုတွေပေးနိုင်လိမ့်မယ်။ ကိုယ်ကိုယ်တိုင်က ဒုက္ခရောက်နေသူဆိုရင် အခြားသူကိုဘယ်လိုနည်းနဲ့မှကူညီနိုင်မယ်မဟုတ်ဘူး။
ဘဝဆိုတာကိုတွေးကြည့်ရင် သက်တမ်းကတိုတိုလေးရယ်ပါ။
မနေ့တစ်နေ့ကမှကျတော် လူ့လောကထဲရောက်လာတယ်ထင်နေမိတာ အခုအသက်သုံးဆယ်ပြည့်တော့မယ်လေ။
အချိန်က ခဏလေးပဲနော်။
ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်
မကောင်းတာလုပ်ရင်လည်းမကောင်းတာဖြစ်မယ်။
သူများတကာတွေရဲ့အတင်းတွေပဲသိပ်မပြောကြနဲ့...
သူများတကာတွေကိုပဲ မကဲ့ရဲ့နဲ့.......
ကိုယ့်အတင်းကိုယ်ပြောကြည့်ပါ။
ကိုယ့်ကိုယ်ကိုကဲ့ရဲ့ကြည့်ပါ။
လူဆိုတာအမှားနဲ့မကင်းတာမို့...
ကိုယ်ကိုယ်တိုင်မှာလည်း အတင်းပြောစရာတွေရှိနေလိမ့်မယ်။
ကိုယ်ကိုယ်တိုင်မှာလည်း ကဲ့ရဲ့အပြစ်တင်နိုင်တဲ့ အားနည်းချက်များစွရှိနေလိမ့်မယ်။
ကျေးဇူးတရားသိတက်ပါစေ။(တွေးကြည့်ရင်သိမှာပါ)
သူတစ်ပါးလည်းအကျိုးမရှိ ကိုယ်လည်းအကျိုးမဲ့တဲ့အလုပ်မျိုးမလုပ်မိပါစေနဲ့....
ဘဝဆိုတာ အချိန်တိုတိုလေးပါ။
ကျတော် သေသေချာချာစုဆောင်းရမှာသည် အတ္တတွေမာန်မာနတွေနဲ့ ရွှေငွေစည်းစိမ်တွေမဟုတ်ဘူး။
အဲ့ဒီအရာတွေဟာ သေရင်ကိုယ့်နောက်ဘယ်အရာမှမပါဘူးဆိုတာသိပါစေ။
ပိုက်ဆံမရှိရင်ဆင်းရဲမှာတော့သိတယ်။
ဘယ်ပညာအတွက်မှအချိန်မပေးချင်ဘူးဆိုရင်တော့....
နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ရောက်ရပါလို၏ဘုရားလို့
တန်ခိုးကြီးဘုရားအရှေ့ဆုတောင်းနေတဲ့
အရက်မူးသမားလိုဖြစ်နေလိမ့်မယ်.......😁😁😁
Leave Life to:
Read more #myanmar posts
Best Posts From KoMoeZaw
We have not curated any of komoezaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.