m-t avatar

ကဗျာလမ်း

kokomyothant

Published: 05 Apr 2018 › Updated: 05 Apr 2018ကဗျာလမ်း

ကဗျာလမ်း

လူတွေရဲ့အတွင်းစိတ်က မှောင်မိုက်လွန်းတယ်
လူတွေရဲ့ real me တွေ
တကယ့် စိတ်ရဲ့အတွင်းသားထဲက တိတ်တခိုးဖောက်ပြန်မှုတွေ
လူ့စိတ်ရဲ့ ဖုံးကွယ်ထားသော တကယ့်ရုပ်ဆိုးတဲ့အပိုင်းတွေ
လိင်စိတ်တိမ်းညွှတ်မှုတွေ
ဒါတွေကို ကိုယ်မေ့သွားတယ်
ကိုယ်က ပျော်တတ်တယ်လေ ...

နောက်နောင်ဆိုလည်း သေတဲ့အထိ ပျော်ပျော်ပဲနေသွားမှာပေါ့
ကိုယ်က ပျော်တတ်တယ်လေ
အချစ်ကို ချစ်တယ်လို့ မပြောတော့ဘူး
မင်းဆံပင်လေးတွေ ဘယ်လိုပြောင်းပြောင်း
မင်းနှလုံးသားလေး ဘယ်ဆီယိမ်းယိမ်း
ကိုယ်က မသိတော့ဘူး ဆိုပါစို့ ...

ဆိုကြပါစို့ကွယ်...
တသက်လုံး ပျော်နေသလိုနေသွားမယ်
အချစ်ကိုတော့ ချစ်တယ်လို့ မပြောတော့ဘူး ။

SMT61

.

image

အချစ်ကိုချစ်တယ်လို့မပြောတော့ဘူး

Leave ကဗျာလမ်း to:

Written by

@kokomyothant

Read more #artzone posts


Best Posts From m-t

We have not curated any of kokomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From m-t