KO&Hnin avatar

တခါတလေ အချစ်က...

ko-hnin13052019

Published: 14 Aug 2021 › Updated: 14 Aug 2021တခါတလေ အချစ်က...

တခါတလေ အချစ်က...

IMG_20210814_191758.JPG

တခါတလေ အချစ်က ပူတယ်

တခါတလေ အချစ်က အေးမြတယ်
တခါတလေ အချစ်က ရယူပိုင်ဆိုင်ခြင်း
တခါတလေ အချစ်က ပေးဆပ်ခြင်း
တခါတလေ အချစ်က ပျော်ရွှင်စေတယ်
တခါတလေ အချစ်က မျက်ရည်ကျစေတယ်
တခါတလေ အချစ်က ခွင့်လွတ်ခြင်း
တခါတလေ အချစ်က နားလည်ခြင်း
တခါတလေ အချစ်က သံသယတွေနဲ့ဝန်တိုခြင်း
တခါတလေ အချစ်က ယုံကြည်ခြင်း
တခါတလေ တခါတလေ တခါတလေ
အချစ်က...

ကမ္ဘာကြီး ဖြစ်တည်နေရတဲ့အကြောင်းရင်းတစ်ခုပါ

ကိုကိုမိုးဟိန်း
သစ်အယ်သီး

အချစ်ဆိုတာမရှိရင် ကမ္ဘာကြီး ဘယ်လောက်များ
အထီးကျန်နေမလဲဆိုတာ
RS တွေပဲနားလည်နိုင်မယ်...

ဟုတ်ပါတယ် အဲ့တာကြောင့် အချစ်နဲ့အတူတူ
ရှိနေရတဲ့ မန္တလေးမြို့ရဲ့ညနေခင်းတွေဟာ
ကျွန်တော့်အတွက်တော့ နိဗ္ဗာန်ဘုံသမျှပါပဲ။
နိဗ္ဗာနဲ့ ခိုင်းနှိုင်းလို့မသင့်ဘူးထင်ပါတယ်။ ဘာလို့လဲ
ဆိုတော့ နိဗ္ဗာန်ဆိုတာ ကိလေသာတွေ ချုပ်ငြိမ်းရာ၊
ဘာမှလိုချင်တပ်မက်မှုမရှိတော့တဲ့နေရာ။ အဲ့သလိုဆို
မဟုတ်သေးပါ။ ကျွန်တော့်မှာကား ချစ်သူနဲ့တစ်ရက်
မတွေ့ရရင် မနေနိုင်တဲ့ သံယောစဥ်ရစ်တုံးကြီးပမာ။
အဲ့ဒါကြောင့် တစ်ဆင့်လျော့ကာ " နတ်ပြည်အလား
သာယာလှပလို့နေပါတော့တယ် "ဟုသာ
တင်စားလိုက်ရပါတယ်။

အောက်ပါပုံများကတော့ ကျွန်တော်တို့နှစ်ယောက်
ညနေစာ အတူတူစားနေကြတဲ့ပုံများဖြစ်ပါတယ်။
မိတ်ဆွေများထံသို့လည်း ကျွန်တော်တို့နှစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာကြောင့် အပျော်များ
ကူးစပ်ပျံ့နှံပါစေ...ဟု တောင်းဆုပြုလိုက်ရပါတယ်
ခဗျာ...

IMG_20210814_183010.jpg

IMG_20210814_191640.JPG

K&H
ko-hnin13052019@ko-hnin13052019

Leave တခါတလေ အချစ်က... to:

Written by

13.05.2019 Anniversary❤

Read more #myanmar posts


Best Posts From KO&Hnin

We have not curated any of ko-hnin13052019's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From KO&Hnin