မိုရာတာရဲ့ အသည်းနှလုံး
မိုရာတာရဲ့ အသည်းနှလုံး
မိုရာတာရဲ့ ချစ်သူ အသည်းတစ်ခြမ်းကတော့ အီတလီမော်ဒယ် Alice Campello ဖြစ်ပါတယ်။Alice အီတလီလူမျိုးဖြစ်ပြီး ၁၉၉၅ ခုနှစ် မတ်လမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ Aliceဟာ လက်ရှိမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး မိုရာတာထက် အသက် ၂ နှစ်ငယ်ပါတယ်။ သူမဟာ မော်ဒယ်တစ်ဦးဖြစ်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်နေပါတယ်။
Aliceရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါလုပ်ထားသူ ၁ သန်းကျော်ရှိသလို သူမဟာ Good Vibration Group ကိုလည်း တည်ထောင်ထားပါတယ်။Aliceအင်စတာဂရမ်ကို စတင်သုံးစွဲခဲ့တာကတော့ ၂၀၁၆ ခုနှစ်မှာဖြစ်ပြီး ဒူူဘိုင်းမှာအပန်းဖြေနေတဲ့ သူမရဲ့ ဓာတ်ပုံတွေကို စတင်ဖော်ပြရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
စပိန်တိုက်စစ်မှူးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် မိုရာတာနဲ့ Alice Campello တို့ စုံတွဲကတော့ ဒီအခက်အခဲတွေကို တွေးပူမနေပဲ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတယ်လို့ သိရပါတယ်။
photos credit to google.
Leave မိုရာတာရဲ့ အသည်းနှလုံး to:
Read more #cele posts
Best Posts From ပန္းကေလး
We have not curated any of khon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.