မီးပုံးပျံ ပွဲတော်
မြန်မာတို့၏ ဆယ့်နှစ်လ ရာသီ ပွဲတော်တို့တွင် သီတင်းကျွတ်လ ပွဲတော် ပြီးတော့ တန်ဆောင်တိုင် ပွဲတော်တို့ဘဲ ဖြစ်ပါသည် ။ ကျနော်ငယ်စဉ်က ထိုပွဲတော်ကို စဉ်းစားခဲ့ဖူးပါသည် အဘယ့်ကြောင့် တန်ဆောင်တိုင်ပွဲတော်တွင် ဆီမီးထွန်းခြင်း မီးပုံးပျံ လွှတ်တင်သနည်းပေါ့ တန်ဆောင်တိုင်ပွဲတော် ဆိုလျင် တောင်ကြီးမီးပုံးပျံ ပွဲတော်သည် အလွန်စည်ကားလှသည် ။ ကျနော်သွားချင်ခဲ့သော နေရာလေး တစ်ခုဆိုလျင် မှားမည် မဟုတ်ပါ ။ သီတင်းကျွတ်မှာတော့ မြတ်စွာဘုရား နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွလာသောကြောင့် ဆီမီးစောင်းတန်းများဖြင့် ပူဇော်ကာ ကြိုဆိုကြသည် ။
တန်ဆောင်တိုင်သည် အဘယ့်ကြောင့် မီးစောင်းတန်းများ ထွန်းခြင်း မီးပုံးပျံများ လွှတ်တင်ခြင်းကို ပြုလုပ်ရသနည်း ။ ဆိုသည့်အချက်မှာ မြတ်စွာဘုရား တောထွက်တော်မူသောအခါ အနော်မာ မြစ်ကမ်းနားဘေး၌ ဆန်တော်ပယ်ကာ အဓိဋ္ဌာန်တော်ဖြင့် ထိုဆံတော်ကို ကောင်းကင်ထက်သို့ လွှတ်တင်သောအခါ နတ်မင်းတစ်ပါးမှ ထိုဆံတော်ကို ခံယူတော်မူ၍ နတ်ပြည်တွင် စူဠာမဏိ စေတီကို တည်တော်မူခဲ့သည်။ ထိုဆန်တော် စေတီတော်မြတ်အား ရည်မှန်း ပူဇော်ကာ တန်ဆောင်တိုင်လပြည့်နေ့၌ မီးစောင်းတန်းများ ထွန်းညှိပူဇော်ခြင်း မီးပုံးပျံများ စေတီထံသို့ ရည်မှန်းလွှတ်တင်ခြင်းများ ဖြင့် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပကြလေသည် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
@khayae
credit;google image &faceb
Leave မီးပုံးပျံ ပွဲတော် to:
Read more #esteem posts
Best Posts From khayae
We have not curated any of khayae's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.