khayae avatar

ဓါတ်လုံးထိုးသူများ ပြောကြလေရာ

khayae

Published: 08 Feb 2018 › Updated: 08 Feb 2018ဓါတ်လုံးထိုးသူများ ပြောကြလေရာ

ဓါတ်လုံးထိုးသူများ ပြောကြလေရာ

တခါတုန်းက ကျနော်ခပ်ငယ်ငယ် ကိုရင်ဘဝကပေါ့ ကျနော်တို့ ကျောင်းကို ဘုန်းကြီးတစ်ပါးကြွခဲ့ဖူးတယ် အဲ့ဒီဘုန်းကြီးက အသက်တော်တော်ကြီပြီဆိုပါတော့ ဘယ်ကကြွလာတယ် ဆိုတာတော့ သိပ်မမှတ်မိတော့ပါဘူးဗျား ကျနော်တို့ ဘုန်းကြီးနဲ့ စကားစမြည် ပြောရင်းရေနွေးချမ်းသောက်ရင်းနဲ့ပေါ့ ကျနော့ကိုမြင်တော့ ကိုရင်ရေ လာနှိပ်ပေးပါအုန်းကွာ ဇက်ကြောတွေတက်နေလို့တဲ့ ဒါနဲ့ ကျနော်လဲ အဲ့ဒီဆရာတော်ကို ဝတ်ဖြည့်ရင်းနှိပ်ပေးရတာပေါ့ သူတို့ ပြောကြတဲ့စကားတွေထဲမှာ ဖိုထိုးတဲ့အကြောင်းပါလာတာပေါ့ ကျနော်လဲ ငယ်ဘဝဆိုတော့ သူတို့ပြောတာတွေ နားထောင်နေမိတယ် ဆရာတော်ကြီးက စပြောပါတယ် တပည့်တော်ရဲ့တပည့်ကတော့ ဝိဇ္ဇာ ဖြစ်သွားပြီတဲ့ အာ့ဒီစကားကြားရတော့ ကျနော်တော်တော်ကြီး စိတ်ဝင်စားသွားပါတယ်။

ကျနော်တို့ ဆရာတော်ကလည်း အဲ့ဒီဆရာတော်ကြီးကို မှန်ပါ အမိန့်ရှိပါအုန်းဘုရား ဆိုတော့ ဒီလိုကွယ့် ဟုအစချီကာ တချိန်တုန်းက သူ့ကျောင်းမှာ ဓါတ်လုံးထိုးတဲ့ ဦးဇင်းတစ်ပါး ရှိတယ်တဲ့ သူဟာဓါတ်လုံးထိုးတာကို ဝါသနာပါသူပီပီ ဖိုဝင်ပစ္စည်းတွေကိုလဲ အမြဲ ဆုဆောင်းတတ်တယ်တဲ့ အာ့ဒီလိုနဲ့ ဓါတ်လုံးထိုးလာတာ ရှစ်နှစ်ကျော်လာတယ် အောင်တယ်ရယ်လို့ကို မရှိဘူးတဲ့ ဒီလိုနဲ့ အကြီးအကျယ် စိတ်ဓါတ်ကျပြီး ဆရာတော်ကြီးဆီ ရောက်လာတယ်တဲ့ ဒါနဲ့ ဆရာတော်ကလည်း ဘာကိစ္စရှိလဲ့ဘုရားလို့ အမိန့်ရှိလိုက်တော့ တပည့်တော် တောထွက်ပြီး တရားအားထုတ်တော့မယ်ဘုရားလို့ လျှောက်ထားလိုက် တယ်တဲ့ ပြီးတော့ တပည့်တော်ဒီကျောင်းမှာ ရှိနေရင် တရားအားမထုတ်ဖြစ်ဘဲ ဓါတ်လုံးပြန်ထိုးမိမှာစိုးလို့ပါဘုရား လို့ လျောက်ထားလိုက်တော့ ဆရာတော်ကြီးကလည်း ခွင့်ပြုပေးလိုက်တယ်တဲ့
images (7).jpg

ဒီလိုနဲ့ တောထွက်ပြီး နေလာတာ သုံးနှစ်လောက် ကြာသွားတဲ့အချိန်မှာ အာ့ဒီကိုယ်တော်ရဲ့သဲကျောင်းလေးကို ဒကာတစ်ယောက် ရောက်လာခဲ့တယ် ဥဇင်းကလည်း ဘာကိစ္စရှိလို့လဲ ဒကာကြီးလို့ မေးလိုက်တော့ အဲ့ဒီဒကာက ဦးဇင်းကို ဦးချ ဝတ်ပြုပြီး ဟိုတစ်ချိန်တုန်းက ဦးဇင်းဓါတ်လုံးထိုးခဲ့သေးတယ် မဟုတ်လားဘုရား လို့ လျှောက်ထားတယ် ဒီတော့ ဦးကလည်း အေးဟုတ်တယ် ငါဖိုထိုးခဲ့တာ မှန်ပါတယ် ခုတော့ငါအာ့ဒါတွေကို စွန့်လွှတ် လိုက်တာကြာပါပြီကွာလို့ ပြောလိုက်တော့ ဒကာက အဲ့ဒါဆို အရှင်ဘုရား အပျင်းပြေ ပြန်ထိုးပါလားဘုရာ့လို လျောက်တယ် ဦးဇင်းကလည်း ဒကာပြောတာကတော့ လွယ်တယ် ဒီမှာဖိုဆင်ရမှာနဲ့ မီးသွေးဖုတ်ရမှာနဲ့ ဖိုထိုးရာမှာ အသုံးပြုတဲ့ ပစ္စည်း ရှာရမှာနဲ့ မလွယ်ပါဘူးကွား လို့ အမိန့်ရှိသတဲ့ ။

FB_IMG_1510324421355.jpg

အာ့ဒါနဲ့ ဒကာကလည်း အဲ့ဒီအတွက် တပည့်တော်တာဝန်ထား ထိုမယ်ဆိုရင်မနက်ဖြန် တပည့်တော် ပစ္စည်းအကုန်ယူခဲ့ပါ့မယ် ဘုရားဆိုပြီး ဦးချကာ လှည့်ပြန်သွားသတဲ့ နောက်တစ်ရက် ရောက်တော့ ဖားဖိုအပါအဝင် ဖိုထိုးရာမှာ အသုံးပြုတဲ့ ပစ္စည်း အားလုံးယူဆောင်လာပြီး ကဲဒီမှာဘုရား ပစ္စည်းအားလုံးစုံပြီ တပည့်တော်ဆင်လိုက်တော့မယ်ဘုရားဟု ဆိုကာ ဖားဖိုကိုဆင်လေသည် အားလုံးပြီးသွားတော့ ကဲအရှင်ဘုရား ဖိုစထိုးလို့ရပါပြီဘုရား လို့လျောက်ထားတော့ ပစ္စည်းစပ်ရမယ့် အချိုးအစားတွေလဲ သိပါမမှတ်မိတော့ပါဘူးကွာ လို့ အမိန့်ရှိသတဲ့ အာ့ဒါနဲ့ ဖိုသဲကို ကြွပါဘုရားဆုပြီး ပင့်ကာ ထိုဒကာကိုယ်တိုင် ဖိုထိုးလေတော့သည် ပစ္စည်းစပ်ပုံကို ကြည့်လိုက်တော့ ထူးခြားစွာ ပါဝင်တဲ့ပစ္စည်းတွေက ဟိုသစ်ရွက်ကောက်ထည့်လိုက် ဒီသစ်ရွက် ကောက်ထည့်လိုက်နဲ့ အားလုံးပြီးသွားတော့ ဓါတ်လုံးမဲမဲလေး တစ်လုံးရပါသတဲ့ ဒီတော့မှ အဲ့ဒီဒကာက လုံခွက်ကလေးနဲ့ အတူ ဓါတ်လုံးကို ဦးဇင်းအား ပေးလှူကာ ဖိုတွေအားလုံး သိမ်းပြီး ဦးဇင်းအားဦးချကာ ဖြစ်သင့်တဲ့အချိန်မှာ ဖြစ်ကိုဖြစ်ရပါတယ်ဘုရားဟု လျောက်ထားကာ ပြန်သွားလေသတဲ့ ။
FB_IMG_1517937485911.jpg

ကိုယ်တော်ဦးဇင်းလဲ ထရံထဲမှာညှပ်ပြီးထားထား လိုက်တာပေါ့ ဒီလိုနဲ့ မိုးတွင်းမိုးခါရောက်တော့ အကြီးအကျယ်ဖျားပါလေရော သောက်စရာဆေးဝါးက မရှိ နဲ့ တောတောင်ထဲမှာဆိုတော့ ပြုစုမယ့်သူကလည်းမရှိ ဒုက္ခရောက်တာပေါ့ ဝေဒနာကို ခံစားရင်းကနေ ထရံမှာညှပ်ထားတဲ့ ဓါတ်လုံးကို သတိရသွားပြီး ထိုဓါတ်လုံးကိုယူကာ ရေနွေးအိုးထဲထည့် ရေထည့်ပြီး ပြုတ်သောက်တော့တာပေါ့ သောက်ပြီးပြီးချင်း ချွေးတွေထွက်ကာ ပေါ့ပါးလန်းဆန်းသလို ခံစားရပြီး တောင်ပေါ်တက်ချင်သလိုလို သစ်ပင်တက်ချင်သလိုလိုနဲ့ စိတ်ထဲဖြစ်ပေါ်နေပါသတဲ့ ။
FB_IMG_1517288835730.jpg

နောက်ဆုံးတော့ သူ့ဆရာဘုန်းကြီးဆီ သွားချင်တဲ့စိတ် ဖြစ်လာတာနဲ့ ဓါတ်လုံးကို သင်္ကန်းအတွင်းထဲက ဝတ်ထားတဲ့ အိပ်လေးထဲထည့်ပြီး ငါ့ဆရာဆီသွားမယ်ဆိုပြီး ကုန်းအထ သူ့ဆရာကျောင်းဝင်းထဲ ရောက်နေပါရောတဲ့ အာ့ဒါနဲ့ ကျောင်းပေါ်တက်လာပြီး ဆရာတော်ကို ဦးချကာ အရှင်ဘုရားမှာ ရွှေတစ်မတ်သားလောက်ရှိပါသလား ဘုရား လို့ လျောက်ထားလိုက်သတဲ့ ဆရာတော်ကလည်း အေးအေး ရှိတယ် ဒါနဲ့ဖိုမထိုးတော့ဘူးဆို ခုကဘာလုပ်မလို့တုန်း လို့မေးသတဲ့ ဒီတော့မှ ကိုယ်တော်လေးကလည်း ဆရာတော်ကို ကျေးဇူးဆပ်ချင်လို့ပါ ဘုရားလို့ လျောက်ထားကာ ဆရာတော်ပေးတဲ့ ရွှေတစ်မတ်သားကို ယူပြီး လုံအိုးထဲကိုဓါတ်လုံးထည့်ကာ နောက်မှ ရွှေကို ဓါတ်လုံးပေါ်တင်ပြီး ဖယောင်းတိုင်မီးဖြင့် အပူပေးသတဲ့ တအောင့်မျှကြာတော့ ရွှေတွေမဲချိတ်ပြီး မီးသွေးလို ဖြစ်သွားသတဲ့ ထိုရွှေမီးသွေးတွေကို စက္ကူထဲ ထည့်ကာ ဖန်ပလင်းဖြင့် အမှုန့်ကြီတ်ပြီး ပျားရေကော ရှိပါသလားဘုရားဟု မေးရာ ဆရာတော်ကြီးက ပျားရေထုတ်ပေးလေသည် ထိုအခါ ကြိတ်ထားသော ရွှေမီးသွေးကို ပျားရေထဲ ထည့်လိုက်ရာ ပျားရည်များ ဆူတက်လာပြီး လျံကျလေသည် ထိုပျားရေကို စားခဲ့လို့လားမသိဘူး အခုချိန်ထိ အသက်ရှစ်ဆယ်ကျော်နေပြီ ထွေထွေထူးထူး ရောဂါမဖြစ်ဘဲ ကျန်းမာရေးကတော့ ကောင်နေဆဲဟု အမိန့်ရှိလေသည်။

khayae
MSC -079
credit;google image &facebook

Leave ဓါတ်လုံးထိုးသူများ ပြောကြလေရာ to:

Written by

Read more #myanmat posts


Best Posts From khayae

We have not curated any of khayae's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From khayae