kayko45 avatar

Poem

kayko45

Published: 19 Sept 2018 › Updated: 19 Sept 2018

Poem

အချစ်!!!ငါ့ကိုသေချာတယ်
*~*~*~~*

တစ်နေ့ထက်တစ်နေ့
ဘဝဟာ ချိုမြိန်လာနေတယ်

ချစ်သလား ဆိုတော့ မမုန်းတာ
မုန်းသလားဆိုပြန်တော့လဲ
ဟင့်အင်း...မခွဲနိုင်ပါ..တဲ့

မျှော်လင့်ချက်နဲ့ ပျော်ပျော်ကြီး
နှောင်ကြိုးဆက်
သံယောဇဉ်ထုထည်ကြောင့်
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်
နှုတ်ခမ်းသားများက ပျားသကာ
မုသာဝါဒီကိုတော့ဖြင့် မကိုးကွယ်တန်ရာ

ဒါဆို..ချစ်လားလို့..
တိုးတိုးလေးထပ်မေးမိပြန်တယ်
ဟင့်အင်း.....တဲ့
ရှက်ပြုံးနုနုလေးတချက်လှစ်ကနဲ့
ပြီးတော့...ရင်ခွင်ထဲတိုးဝှက်
အဲ့ဒိတော့..ဆက်ပြီးလဲမမေးရက်
ထွက်သက်မှာအဆုံး
မုန်းစကားမဆိုမှာကိုတော့
သိနေပါပြီ...ခက်ဆစ်နီ

ဘာလိုသေးလို့လဲ...
ချစ်ဖို့ကြောင့်ကြစိတ်နဲ့
ဝေးရမှာစိုးနေပုံလေးကိုက
အချစ်ကငါ..သေချာနေပြီပဲဟာ...။

-ခက်ဆစ်နီ
Photo credit

Leave Poem to:

Written by

Read more #bsteem posts


Best Posts From kayko45

We have not curated any of kayko45's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kayko45