Kaung Lay avatar

Start

kaunglay2

Published: 13 May 2026 › Updated: 13 May 2026Start

Start

အားလုံးပဲ မင်္ဂလာပါဗျ။ Myanmar Hive Community အဖွဲ့သားများ နေကောင်းကျန်းမာပါရဲ့လား။ ကျွန်တော်ကတော့ post မတင်ဖြစ်တာ အတော်လေးကြာခဲ့ပြီးပဲ ဖြစ်ပါတယ်။ ကျောင်းကိစ္စပြီးကတည်းက ခုအချိန်ထိ Hive ပေါ်ကို မရောက်ဖြစ်ခဲ့ပေမယ့်လဲ၊ နေ့တိုင်းကတော့ သတိတရအမြဲရှိနေပါတယ်။ စာရေးမယ်လို့ စဥ်းစားလိုက်တိုင်မှာလဲ စာရေးဖို့ကို အတော်လေး ကြိုးစားနေရတယ်။ အကြောင်းအရာကတော့ ရှိနေပေးမယ့်လဲ မရေးတာကြာနေတော့ တော်တော်လေးပျင်းနေပါတယ်။ ဒါကြောင့် hive ပေါ်မှာ အချိန်တော်တော်ပျောက်နေခဲ့တာပဲ ဖြစ်ပါတယ်။

အမှန်တော့ စာရေးဖို့အတွက်ရော် ပုံဆွဲဖို့အတွက်ရော် ပျင်းနေခဲ့တာပါ ကြားထဲမှာလဲ internet cable ကြိုးလဲပြတ်သွားခဲ့ရတော့ internet line တွေလဲ သုံးလို့ရရုံလောက်ပဲ ရှိနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတာနဲ့ပဲ အပျင်းကြောဆွဲနေခဲ့ပါတယ်။ hive ထဲဝင်လိုက်တိုင် မိတ်ဆွေတွေအများကြီးရဲ့ post တွေကို ဖတ်လိုက်တိုင်းမှာ စာပြန်ရေးချင်တဲ့ စိတ်က ပြန်လည်နိုးထလာခဲ့တော့ တစ်ကြောင်းစ နှစ်ကြောင်းစ ရေးရေးပြီးတိုင် စိတ်ကမပါတော့ပဲ ဖြစ်ဖြစ်နေပါတယ်။ ဒါကြောင့် အချိန်အတော်ကြာ ပျောက်နေခဲ့တာပဲ ဖြစ်ပါတယ်။

လူကမအားတာမဟုတ်ဘဲ စာရေးချင်တဲ့စိတ်က ပျောက်နေခဲ့တော့ ညတိုင်းလိုလို Tiktok/Youtube game တွေဆော့နေရင်နဲ့အချိန်ကုန်ဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။ အရင်ကတော့ အလုပ်မလုပ်သေးတော့ စာရေးမှအဆင်ပြေမယ်ဆိုတဲ့ စိတ်ကရှိနေတော့ နေ့စဥ်ရက်ဆက်ဆိုသလို ရေးနေခဲ့တာပဲဖြစ်ပါတယ်။ နောက်တော့ ကျောင်းကိစ္စတွေကလဲ ပြီး လုပ်ငန်ခွင်ထဲပြန်ရောက်ပြန်တော့လဲ လူကသုံးစရာလေးရှိနေပြန်တော့ စာရေးဖို့အတွက် စိတ်ကူးမရခဲ့ပြန်ပါဘူး။ တစ်ရက်လုံးကိုမှ စာရေးဖို့စိတ်ကူးက ရှိနေခဲ့ပေးမယ့်လဲ အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။

စာရေးဖို့ကို စလုံးရေး စ မယ်ကြံလိုက်တိုင်းမှာလဲ စဖို့ကို အတော်လေးကြိုးစားနေရတယ်။ အမှန်တော့ စဖို့လိုအပ်တာကို ကျွန်တော်ကိုယ်၌ကိုက မစနိုင်သေးတာပဲ ဖြစ်ပါတယ်။ အော် အလုပ်တစ်ခု လုပ်ဖို့အတွက် စဖို့ပဲ လိုအပ်တာကို ကိုယ်စိတ်ကိုလဲ တော်တော်လေး ပြင်ဆင်နေခဲ့တာ အချိန်တော်တော်ကြာနေခဲ့တာပဲ ဖြစ်တယ်။ ဒါကြောင့် ခုအချိန်ကစပြီးတော့ စာရေးခြင်းကို ပြန်လည်နိုးထလာနိုင်အောင် စတင်ပြီးတော့ ကြိုးစားရပါဦးမယ်။

Leave Start to:

Written by

Trade/Cryptocurrency/Hodl

Read more #hive-122133 posts


Best Posts From Kaung Lay

We have not curated any of kaunglay2's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kaung Lay