Kaung Lay avatar

ပုံမှန်လေးသာ ဖြည့်သွားပါ။

kaunglay2

Published: 21 Oct 2024 › Updated: 21 Oct 2024ပုံမှန်လေးသာ ဖြည့်သွားပါ။

ပုံမှန်လေးသာ ဖြည့်သွားပါ။

ကျွန်တော်အနေနဲ့ Exam ပြီးကတည်းကစာရေးဖို့အတွက် အပျင်းထူးနေပါတယ်။ အတော်လေးထူးနေတယ်လို့တောင်ပြောလို့ရနေပါတယ်။ Tiktok Lite ကနေ ဝင်ငွေတစ်ခုရနေတော့ စာရေးဖို့အတွက် အားမစိုက်မိဘဲ ပျင်းရိနေခဲ့ပါတယ်။ ဘာမှအပန်းမကြီးတဲ့ Game Post တောင် ရေးရမှာကို ပျင်းနေတဲ့အနေအထားတစ်ခုဖြစ်နေခဲ့တယ်။😁

Game post ကလဲ အရင်လို Vote မရနေတော့ အားမရှိတာလဲ ပါပါတယ်။ ဆိုတော့ စာမရေးပစ်ထားနေခဲ့တာ ဒီလအစကနေ ဒီနေ့ထိပါပဲ။ တစ်ရက်ပြီးတစ်ရက် TT lite ကိုကြည့်လိုက်။ ML လဲဆော့လိုက်နဲ့ဘဝက သာယာနေခဲ့မိတယ်။ but Telegram ကနေ Airdrop လေးတော့ပုံမှန်လေးလုပ်ဖြစ်နေခဲ့တာ အတော်ခရီးရောက်ခဲ့ပါတယ်။

ကျွန်တော်ရဲ့ စိတ်ကူးထဲမှာတော့ Exam ပြီးရင် Hive မှာ Game post ရယ် ရိုးရိုးစာရေးခြင်း post ရယ်ဆိုပြီးတော့ တစ်ရက်ကို 2post ထိတင်နိုင်အောင်ကြိုးစားရေးမယ်လို့ စိတ်ကူးနေခဲ့မိပါတယ်။ဒါပေမယ့်လဲ တကယ့်လက်တွေ့မှာတော့ အကောင်အထည်မဖော်နိုင်သေးပါဘူးး။ အခုတော့ ထိုစိတ်ကူးကို စတင်ပြီးတော့ လျှောက်လှမ်းပါတော့မယ်။

Hive Myanmar Community မှာလဲ လွန်ခဲ့တဲ့လပိုင်လောက်က စာရေးသာသူတစ်ယောက်နှစ်ယောက်သာ ရှိနေပါသော်လည်း ဒီနေ့မှာတော့ ဝင်ရောက်စပ်စုကြည့်လိုက်တော့ 😁 အတော်လေးလဲ ပြန်လည်ရေးသားနေခဲ့ကြတာမြင်မိတော့ အားရကျေနပ်မိပါတယ်။ ကိုယ်လဲ ပြန်လည်ရေးသားမှရတော့မယ်လို့ ကောင်ချက်ချလိုက်ပါတယ်။

အရင်ကစိတ်ကူးထားတဲ့အတိုင် တစ်ရက်ကို 2 post မတင်နိုင်ရင်တောင် 1 post ကိုတော့ မဖြစ်မနေတင်တင်နိုင်အောင်ကြိုးစားရေးသားပါဦးမယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် Vote အရပဲနည်းနည်း အရပဲများများ အချိန်တန်ရင်တော့ ရေအိုးလေးက ပြည့်လာမှာပဲဖြစ်ပါတယ်။ အားလုံးပဲ သာယာတဲ့နေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

kaunglay2@kaunglay2

4:05 AM

Leave ပုံမှန်လေးသာ ဖြည့်သွားပါ။ to:

Written by

Trade/Cryptocurrency/Hodl

Read more #hive-122133 posts


Best Posts From Kaung Lay

We have not curated any of kaunglay2's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kaung Lay