Kaung Lay avatar

နိုင်ငံကြီးသား

kaunglay2

Published: 17 Dec 2021 › Updated: 17 Dec 2021နိုင်ငံကြီးသား

နိုင်ငံကြီးသား

img_20211212_131842.jpg
နိုင်ငံကြီးသားဆိုသည်အတိုင်း တကယ့်ကိုနိုင်ငံကြီးသားပီသစွာသတ္တိရှိရှိရိုက်ပြထားတာ အတော်ကိုကောင်းတဲ့ကားတစ်ကားဆိုရမယ်။ တရားဥပဒေအထက်မှာဘယ်သူ့မှမရှိစေရဘူးဆိုတဲ့ဆောင်ပုဒ်နဲ့အညီအတွင်းကျကျလိုလေသိမ်မရှိဘဲ ရိုက်ပြထားတာကြည့်လို့ကောင်းတဲ့ကားတစ်ကားလို့ဆိုရပေမယ်။ဘာရယ်မဟုတ်ဘူးတွေ့လို့ကြည့်လိုက်မိတယ်အချိန်ပေးပြီး။အချိန်ပေးရကျိူးနပ်တယ်။ ဒွေးကိုအတော်လေးစားတဲ့တပည့်တစ်​ယောက်​ဆိုတာ ပေါ်လွှင်စေတယ်။စလာကတည်းက ဒွေးကို အရင်ဆုံးဦးထိပ်ပန်ဆင်ပြီး ဒွေးကိုမမေ့သွားအောင်ရုပ်ရှင်ချစ်ပရိတ်သတ်တွေကိုစတင်ပြသတယ်။
img_20211212_125609.jpg
ဇာတ်ကားနာမည်ကိုကနိုင်ငံကြီးသားတဲ့တကယ့်ကိုနိုင်ငံ့ရဲ့အကြီးဆုံးလူတွေအတိုင်းထုတ်သုံးသွားတယ်။တကယ့်ကိုအဆင့်မှီမှီလုပ်ပြသွားတာ။စတီးရဲ့ပညာတွေထုတ်သုံးသွားတယ်။ဇာတ်လမ်းဆင်ဇာတ်လမ်းရေးတဲ့သူလဲ မကြောက်မဝံ့ဘဲ ဇာတ်လမ်းဆင်ထားတယ်ဇာတ်ညွှန်းရေးတဲ့ဆရာတွေလဲ မကြောက်မရွံဘဲ ကြီးပေးကောင်းပေ့ဆိုတဲ့အသုံးအနှုန်းတွေထုတ်သွားတယ်။နိုင်ငံအကြီးအကဲနေရာမှာစတီးကလဲတကယ့်ကိုရုပ်ရှင်ရဲ့အကြီးအကဲကိုသုံးထားတယ်။ အခရာကျတဲ့နေရာတွေမှာလဲ တကယ့် super တွေထုတ်သုံးထားတယ်။ ရိုက်တဲ့လူတွေကလဲ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေနဲ့စကားလုံးတွေကလဲပြင်းပြင်းထန်ထန်ထုတ်သုံးစွဲထားတယ်။
ဇာတ်လမ်းရေးတဲ့လူလဲမကြောက်မရွံရေးတယ်။ဇာတ်ညွှန်ရေးတဲ့လူလဲမကြောက်မရွံချတယ်။ရိုက်တဲ့ဒါရိုက်တာလဲ မတွန့်ဆုတ်ဘူး။ထုတ်လုပ်သူလဲ ရင်းရဲတယ်။သရုပ်ဆောင်တွေလဲ မကြောက်ဘဲ အပီအပြင်ချပြထားတယ်။ဒီဘက်ခေတ်မှာဒီလိုလူမျိူးတွေရှိနေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းကြီးကို ရိုက်ပြထားတာ။2015-2020လက်ထက်မှာမလို့ဒီလိုကားမျိူးတွေရိုက်ရဲပြီး ပရိတ်သတ်တွေလဲ ဒီလိုဇာတ်လမ်းမျိုးကြည့်ရတာ။2015ရှေ့ပိုင်တွေအဲလိုကားမျိူးတွေမချပြရဲဘူး။ ဟိုဟာသထဲကလို အဲအခန်းဖြတ် အဲအခန်းဖြတ်နဲ့ပဲ အဲအခန်းမှာတင်ပြီးသွားမှာ။စာဖတ်တဲ့ပရိတ်သတ်တွေလဲမကြည့်ရသေးရင် YT မှာတင်ပေးထားတယ်။သွားကြည့်ကြည့်ပါ။ ခုရေးတာထက်ပိုကောင်းတဲ့အခန်းတွေစကားပြောတွေ သရုပ်ဆောင်ချက်တွေမြင်ရပါလိမ့်မယ်။ကျတော်ကအပေါ်ယံလောက်ပဲရေးထားတာ။ဇာတ်ကားကြည့်ရင်ပေါ့သွားမှာဆိုးလို့ပါ။
ချစ်ခြင်းများစွာဖြင့်
kaunglay2@kaunglay2

Leave နိုင်ငံကြီးသား to:

Written by

Trade/Cryptocurrency/Hodl

Read more #hive-122133 posts


Best Posts From Kaung Lay

We have not curated any of kaunglay2's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kaung Lay