Kaung Lay avatar

မန်းလေးလမ်းတွေ သတိထား

kaunglay2

Published: 04 Dec 2022 › Updated: 04 Dec 2022မန်းလေးလမ်းတွေ သတိထား

မန်းလေးလမ်းတွေ သတိထား

မန်းလေးမှာဒီရက်ပိုင်အတွင်းလေးမှာတင် တစ်ရက်နဲ့တစ်ရက်ကို ​အဖမ်းအစီးတွေ တဖြည်းဖြည်းကြမ်းလို့လာနေပါပြီး။ဟိုတုန်းက ဘယ်တော့မှမဖမ်းတဲ့နေရာတွေမှာ အခုဆိုရင်လာလာပြီးလို့ ဖမ်းလို့နေတာကိုတွေ့နေရပါတယ်။

အရင်တုန်းက ဆိုင်ကယ်တွေ စစ်ဆေးတဲ့အခါမှာ မန်းလေးဒေသအခေါ်အဝေါ်နဲ့ဆိုရင်တော့ အလွန်ဆုံး ၁ပြ ၂ပြ လောက်ပဲဖမ်းတဲ့လူတွေ ဖြန့်ကျက်ထားပါတယ်။အခုကတော့ တစ်ခါလာဖမ်းရင် အနည်းဆုံး ၄ပြလောက်ထိကို ထားပြီး ဖမ်းနေပါပြီး။

ဖမ်းတဲ့နေ့ရက်တွေက အရင်တုန်းကဆိုရင်တော့ ရက်ခြား ဒါမှမဟုတ် တစ်ပတ်ခြားတစ်ခါလောက်ပါ ဖမ်းပါတယ်။ဖမ်းတဲ့နေရာတွေကတော့ အရင်တုန်းက မှန်းဆလို့ရပေးမယ့် အခုဆိုရင် ဖမ်းတဲ့နေရာ ဖမ်းတဲ့ရက်တွေက မှန်းဆလို့မရတော့ဘူး။

မန်းလေးက လမ်းနံပါတ်တွေနဲ့ဆိုတော့ လမ်းနံပါတ်တွေနဲ့ပဲ ပြောပါစေဗျ။ မန်းလေးက အရင်တုန်းက ဖမ်းမယ်ဆိုရင် 78 လမ်းပေါ် ဖမ်းရင် 78 တစ်လမ်းတည်းပဲ ဖမ်းတယ်။အခုဖမ်းတဲ့ပုံစံက 78 လမ်းတင်မဟုတ်တော့ဘဲ 79 80 81 ထိပါဖမ်းတဲ့ပုံစံမျိူးဖြစ်လာနေပါတယ်။


image source

78 လမ်းပေါ် 35 36 37 တွေထိ ပိတ်ဆို့ပြီးဖမ်းနေတယ်ဆိုရင်တော့ ကျန်းတဲ့ 79 80 81 တွေမှာတော့ 34 33 ပြီးတော့ 38 39 40 အဲလိုပုံစံမျိူးနဲ့ လမ်းတွေကို စနစ်တကျနဲ့ကို ဖမ်းလို့နေပါတယ်။မန်းလေးမှာက လမ်းခြားလေးတွေရှိနေတော့ မန်းလေးမှာမွေးကတည်းက လူတွေအနေနဲ့တော့ ကြားလမ်းလေးတွေကနေ ရှောင်တိမ်းတတ်ပါတယ်။

မန်းလေးကို ကြီးမှရောက်တဲ့လူတွေအနေနဲ့တော့ ဖမ်းတဲ့လမ်းမသွားဘဲ တခြားလမ်းမကနေသွားမိရင်တော့ ဖမ်းမိမှာအသေအချာပါပဲ။လွတ်လမ်းမရှိတဲ့ပုံစံနဲ့ကို ဖမ်းတဲ့အနေအထားလို့ဖြစ်နေပါပြီး။ ဖမ်းတဲ့နေရာကတော့ ၁ပြပေါ့ အရပ်ဝတ်နဲ့စောင့်ပြီး စက်နဲ့ပေါက်တဲ့လူတွေကတော့ ၃ပြလောက်ထားပြီးတော့ ဖမ်းပါတယ်။

အရပ်ဝတ်သမားတွေအနေနဲ့က လမ်းထဲဝင်လာရင် မဖမ်းပဲစက်နဲ့ပေါက်ပြီး အသိလှမ်းပေးတယ်။အကယ်လို ဆိုင်ကယ်သမားတွေက နောက်လှည့်တော့မယ်ဆိုမှ သူတို့တွေက တားပြီးတော့ ပြန်ဖမ်းပါတယ်။နောက်မလှည့်ဘဲ အပြန်လမ်းဘက် ချိူ့ကွေ့ရင်လဲ မရပါဘူး။အပြန်လမ်းမှာလဲ အဲလိုပုံစံနဲ့ ဆီကြိုနေပါတယ်။


image source

မန်းလေးကိုလာမယ့်သူ မန်လေးမှာ အပြင်ထွက်နေတဲ့သူတွေအနေနဲ့တော့ ကိုယ့်ဘက်က လိုင်စင်တွေ အပြည့်အစုံကို ယူသွားပါ။ဆိုင်ကယ်ဦးထုပ်ပါတာပဲ မစစ်လောက်ဘူးလို့ မထင်ပါနဲ့ အကုန်တားစစ်ပါတယ်။ဦးထုပ်ပါလို့ လိုင်စင်မပါခဲ့လို့ရှိရင် မန်းလေးမှာ ကွမ်းယာဆိုင်တွေပေါပါတယ်။

တွေ့တဲ့ဆိုင်မှာသာ စားသည်ဖြစ်စေ မစားသည်ဖြစ်စေ ဝင်ပြီးတော့ ကွမ်း၅၀၀ ဖိုးလောက်ထုပ်ပြီးတော့ အခြေအနေကြည့်ပြီးတော့ ကြားလမ်းကနေသွားလိုက်ပါ။ဦးထုပ်ပါပြီး လိုင်စင်မပါရင် နောက်ပြန်မလှည့်ဘဲ စိတ်အေးအေးနဲ့အပေါ်ကအတိုင်ဖြေရှင်းလိုက်ပါ။ နို့မို့ဆိုရင် 500 အစား 50000 လောက် ကုန်ကျပါလိမ့်မယ်။ သတိနဲ့သွားကြလာကြပါ။

kaunglay2@kaunglay2
23:50PM

Leave မန်းလေးလမ်းတွေ သတိထား to:

Written by

Trade/Cryptocurrency/Hodl

Read more #hive-122133 posts


Best Posts From Kaung Lay

We have not curated any of kaunglay2's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kaung Lay