လက်တွေ့ကြုံဖူးပြီး
မနက်ကျပြင်ဦးလွင်ကိုအလုပ်ကိစ္စနဲ့ခရီးသွားရမှာဆိုတော့ စောစောအိပ်မှဖြစ်မှာပါ အလုပ်ကိစ္စကလဲတရက်တည်းနဲ့ပြီးအောင်ဖြတ်မှအဆင်ပြေမှာပါ။ဆီစျေးတွေကလဲ အရင်လိုမဟုတ်တော့ သွားရတာကလဲ အရင်ထက်ပိုပြီးတော့ အကုန်ကျများပါတယ်။
တရက်တည်းနဲ့အပြီးဖြတ်ရမှာဆိုတော့ မနက်စောစောထပြီးသွားမှရမယ်ဆိုတော့ မနေ့ညကတည်းစောစောအိပ်မယ်လို့စိတ်ကူးသော်ငြားလဲ စောစောအိပ်ပါတယ် မနက်1ခွဲလောက်မှလူကလဲအိပ်ပျော်တယ် မီးကမလာတော့ အိုက်အိုက်နဲ့အိပ်မပျော်တာလဲပါပါတယ်။ညကတည်းကမနက်သွားဖို့အတွက် အရာအားလုံးပြင်ဆင်ခဲ့ပါတယ်။ဒါမှလဲ မနက်အိပ်ယာထတာနဲ့ တန်သွားလို့အဆင်ပြေမှာလေး။မနက်၇ခွဲထွက်မယ်လို့စီစဥ်ထားပါသော်လည်း၈နာရိလောက်မှပဲထွက်ဖြစ်ခဲ့တယ်။နောက်ကျမှထွက်ပါတယ်ဆိုမှပဲ မှတ်ပုံတင်ကျန်ခဲ့လို့ ပြန်ယူရပါသေးတယ်။
ပြင်ဦးလွင်မရောက်တာလဲကြာပြီး အမှတ်တရနဲ့ဓာတ်ပုံရိုက်ချင်ပါသော်လည်း ထွက်ခဲ့တဲ့အချိန်ကနောက်ကျနေလို့ ဆင်းမရိုက်ခဲ့ဘူး။အလုပ်ကိစ္စကအရေးကြီးတာလဲပါတော့ ပြီးတော့လဲ တရက်တည်းနဲ့အပြီးဖြတ်ချင်တာလဲ ကညနကိုပဲမနက်စာတောင်မစားဘဲနဲ့စောစောဝင်ခဲ့တယ်။ကိုယ်ကလဲ အခုမှသက်တမ်းတိုးဘာညာတွေကအခုမှစလုပ်မယ်ဆိုတော့ နောက်ကျရင်တရက်တည်းနဲ့မပြီးမှာလဲဆိုတယ်။company ကလဲတရက်တည်းနဲ့အပြီးလုပ်ရမယ်ပြောတော့လဲ မြန်မြန်နဲ့ခပ်သွက်သွက်လေးပဲလုပ်ငန်းစတင်ပါတယ်။
ကံကောင်းချင်တော့လဲ လူတွေကလဲရှင်းနေတာဆိုတော့ formဖြည့်ငွေသွင်းနဲ့တစ်နာရီတောင်မကြာပါဘူးပြီးသွားပါတယ်။
တရက်တည်းနဲ့ပြီးချင်တာနဲ့လိုင်စင်ကိုနေ့တွင်းချင်ရမလားလို့မေးတော့မရပါဘူး၊မနက်ဖြန်မှပဲရပါမယ်လို့ပြောတော့ ကျတော်လဲအဝေးကနေလာရပါတယ်လို့ပြောတော့ အမြန်လိုချင်ရင်တော့ အမြန်အတွက်ပိုက်ဆံပေးမှရပါမယ်ဆိုတော့ပေးလိုက်ပါတယ်။ချလံနဲ့ဘာညာသာဓကာတွေထားခဲ့ပြီးဖုန်းနံပါတ်ပေးခဲ့ပါ ရရင်ဖုန်းဆက်မယ်ပေးမယ်လို့ပြောတော့ကိုယ်လဲအာ့ကျမှမနက်စာရော်နေ့လည်စာပါပေါင်းစားဖို့ ဆိုင်တစ်ဆိုင်ကိုထွက်ခဲ့ပါတယ်။
ကျတော်နဲ့အဖော်ကားမောင်းပေးတဲ့လူနဲ့ဆိုင်ရောက်တော့ စားချင်တာမှာပြီးတာနဲ့စကားလေးပြောရင်နဲ့ခနတာနားခဲ့ပါတယ်။စကားလေးဘာလေးပြောရင်နဲ့ သူ့ရဲ့မိသားစုဝင်ထဲကတစ်ယောက်က အိမ်ရှေ့မှာသူ့ဘာသာသူထိုင်နေတာကို ဆိုင်ကယ်တစ်စီးကဝင်တိုက်သွားခဲ့တယ်။အခြေအနေကတော့တော်တော်လေးစိုးရိမ်းနေခဲ့ရတယ်ပေါ့။သတိကလဲခုချိန်မရသေးဘူးတဲ့။ဆရာဝန်တွေလဲအခြေအနေကမကောင်းပါဘူးလို့ပြောပါတယ်။နောက်တစ်ရက်နှစ်ရက်နေလို့မှသတိပြန်မလည်လာဘူးဆိုရင်တော့ သူတို့လဲလက်လျော့ရပါလိမ့်မယ်လို့ပြောသွားပါတယ်။
ကျတော်တခုတော့အတွေးဝင်သွားခဲ့တယ်။ဝဋ်ကြွေးတစ်ခုကြောင့်လား၊ဒီလိုဖြစ်ဖို့အတွက်ကံဇာတာကပါခဲ့လို့လား၊ဖြစ်ချင်တန်လို့ဖြစ်တာလားပေါ့။သူ့ဘာသူအေးဆေးထိုင်နေတာကို ဆိုင်ကယ်ကဘာလို့ဝင်တိုက်ခဲ့ရတာလဲပေါ့။ဘုရားဟောသွားခဲ့တဲ့ဘုရားစာတွေထဲမှာ ဝဋ်ဆိုတာလည်တတ်တယ်၊ဖြစ်ဖို့ကံဇာတာပါလာခဲ့ရင် ဖြစ်ကိုဖြစ်ရမယ် ရှောင်လွှဲလို့မရနိုင်ဘူးဆိုတာ ကျတော်အနေနဲ့ခုမှကြုံဖူးပါတယ်။ ဒါကြောင့်လဲသူ့အနေနဲ့ သူကဘဝတကွေ့မှာဒီလိုအဖြစ်မျိူးကို ဖြစ်ဖို့ကံဇာတာပါခဲ့လို့ပဲ အေးဆေးထိုင်နေတာတောင် ကံကြမ္မာက အလွှတ်မပေးခဲ့ဘူးဆိုတာ နားလည်းသွားခဲ့ပါတယ်။
ကျတော်တို့တတွေလဲ ဖြစ်ဖို့ကံပါလာခဲ့ရင်တော့ ခံကိုခံရမှာပါပဲ ရှောင်လွှဲလို့မရနိုင်ပါဘူး။ကိုယ်လုပ်ခဲ့တဲ့အရာတွေက တနေ့နေ့တချိန်ချိန်မှာတော့ ကံကြမ္မာက ကိုယ့်ဘက်ကိုလှည့်လာမှာပါ။ ဘဝဆိုတာတိုက်ပွဲတစ်ခုပါပဲဆိုတာ နားလည်းခဲ့ပါတယ်။ဆိုတော့ ကျတော်နဲ့အဖော်ပါလာတဲ့လူရော် နှစ်ယောက်စလုံးစားသောက်ပြီးတော့ လိုင်စင်ယူပြီးတာနဲ့ ရုံးကိုပြန်လာခဲ့ပါတော့တယ်။
@kaunglay2
23:20PM
Leave လက်တွေ့ကြုံဖူးပြီး to:
Read more #hive-122133 posts
Best Posts From Kaung Lay
We have not curated any of kaunglay2's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Kaung Lay
- Start
- Drawing and painting i122 RS200 Floor Monitor(Instrument Card) for Risingstar.
- About Crypto Market & Painting of 220 Orbis(Common Card) for Risingstar.
- About Yangon Earthquake & Drawing and painting 131 Jacob(Common Card) for Risingstar.
- Drawing and painting i297 Asalato Shakers(Common Card) for Risingstar.
- Drawing and painting i34 Cheap Kettle Drum(Instrument Card) for Risingstar.
- Drawing and painting 28 Nathan (Common Card) for Risingstar.
- Drawing and painting i263 JH93 (Instrument Card) for Risingstar.
- Drawing and painting PRO 037 Yellow DJ Mic(Pro Card) for Risingstar.
- Drawing and painting 155 Juniper(Instrument Card) for Risingstar.