ပြည်သူ့ သံပုံး (ဗုံး) (၉၄)
တနေ့ တနေ့
နာရေး သတင်းတွေသာ
ကြားကြားနေရ
အစပိုင်းတုန်းက
ပြည်သူတွေရဲ့ နာရေးသတင်းက
ပိုများ ပိုနေရာယူထား
ခုနောက်ပိုင်းကျ
အာဏာရူးရဲ့
နောက်လိုက် နောက်ပါ ခိုင်းဖက်တွေရဲ့
နာရေး သတင်းက ပိုများ လာခဲ့
ပြည်သူတွေ မုန်းမှတော့
မင်းတို့မှာ
ဘာမှ မကျန်တော့ဘူး
အသက်ဟာ အပို မပါသလို
အရှက်ဟာလည်း အပို မပါခဲ့
အရှက်နဲ့ လူ လုပ်မလား
အသက်နဲ့ လူ လုပ်မလား
ကိုယ့်ကို တွေးကြပေါ့
တခါတလေလေး
ငါ့ ရပ်တည်ချက်
ငါ့ ဖြစ်တည်မှု
ငါ့ ယုံကြည်ချက်
ငါ့ မျှော်လင့်ချက်
ငါ့ လွတ်လပ်ခွင့် ဆိုတာလေး
မင်းတို့ စဥ်းစား တွေးတော ကြည့်ကြပါဦးလား
ပြည်သူကို သတ်ရဲတယ်
အဲ့ကြောင့်
ခု ငါတို့ တဖန် ပြန်သေရဲတယ် ဆိုလည်း သဘောပဲ
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar
Don Jaun
Leave ပြည်သူ့ သံပုံး (ဗုံး) (၉၄) to:
Read more #hive-122133 posts
Best Posts From jreey286
We have not curated any of jreey286's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.