
Buss
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အစိုးရထံ တင်ပြသော အချက်၆ချက်
၁) အိမ်ခြံမြေ၊ တိုက်ခန်းရောင်းဝယ်ရာတွင် ပေးဆောင်ရသည့်
အခွန် ၃၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းသို့ ၂ နှစ်ခန့်
ယာယီလျှော့ချ ပေးရန်
၂) စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီးအသေးပေါ်
မူတည်ကာ သုံးနှစ်မှ ၁၀ နှစ် အထိ ဘဏ်ချေးငွေ ရရှိရန်
၃) ဘဏ်ချေးငွေ အတိုးနှုန်းများကို ၁၃ ရာခိုင်နှုန်းမှ
၉ ရာခိုင်နှုန်းသို့ လျှော့ချ ပေးရန်
၎) အိမ်ရာဝယ်ယူသူ များအတွက် ၁၅ နှစ်မှ နှစ် ၂၀ အထိ
ဘဏ် ချေးငွေဖြင့် ဝယ်ယူခွင့် ထိထိရောက်ရောက် ရရှိရန်
၅) တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့် များ ထုတ်ပေးမည့်
ကာလ သတ်မှတ်ကြေညာပေးရန်
၆) နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့်
တည်ဆောက်ရေးလုပ်ငန်း အရေအတွက် များများ
အကောင်အထည်ဖော်ရန်
UMFCCI အနေဖြင့် Tax Working Group တစ်ခု
ဖွဲ့ ပြီး အခွန်ဥပဒေများ. အခွန်နှုန်းများ နှင့် ပုဂ္ဂလိက
ကဏ္ဍဖွံ့ ဖြိုးရေးကို အထောက်အပံ့ ဖြစ်စေမည့်
အခွန်စနစ် တစ်ရပ် ဖြစ်ပေါ်စေရေး ကို အထူး
အလေးပေး ဆောင်ရွက်ခဲ့ပါသည်။ တစ်ဦးတစ်ဖွဲ့
အကျိုးစီးပွား နှင့် တစ်ဦးတစ်ဖွဲ့ ဆန္ဒ ထက်
မြန်မာနိုင်ငံ နှင့် ပုဂ္ဂလိက ကဏ္ဍ တစ်ရပ်လုံး အတွက်
စဉ်းစား သုံးသပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော် အစိုးရ ဌာန များ . လွှတ်တော်များ နှင့်
အကြံပေး အဖွဲ့များ . အကြံပေး ပုဂ္ဂိုလ်များ နှင့်လည်း
ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
နှစ်ပေါင်းများစွာက ရှုပ်ထွေးစွာ စုပြုံ နေသော
အားနည်းချက်များ နှင့် အခက်အခဲများကို တစ်ကြိမ်
တည်း ဖြေရှင်းလို့  မဖြစ်နိုင်သလို အချို့ သော အခက် အခဲများသည် ဥပဒေများ နှင့်ဆက်စပ် နေသဖြင့် အချိန်
ယူ ဆောင်ရွက်ရမည့် သဘော ဖြစ်ပါသည်။ ချက်ချင်း လုပ်လို့ ရသည့် ကိစ္စများ ကို ဦးစားပေးအဆင့် များ
သတ်မှတ်၍ ဆောင်ရွက်ပါသည်။
Priorities of Priorities များ သတ်မှတ်ရပါသည်။
ယနေ့  ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့်
၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက်
ဥပဒေကြမ်း တွင် နိုင်ငံတော်အစိုးရ၏ စေတနာ နှင့်
စီးပွားရေးကဏ္ဍ အပေါ် နားလည်စာနာပြီး အားပေး
အားမြှောက်ပြုလိုသော အခြေအနေများ များစွာ ပါဝင်
ပါသည်။ UMFCCI နှင့် ညီနောင် အသင်းအဖွဲ့များ၏
ကြိုးပမ်းမှု များ များစွာ ပါဝင်ပါသည်။ အရေးကြီးသည့်
Budget year (Fiscal Year) နှင့် အခွန်နှစ် Tax Year
ကို ခွဲခြားထားရေး ကိစ္စ (Tax Year ကို ဧပြီ (၁) မှ မတ် (၃၁) အထိ နဂို အတိုင်း ထားရေး ကိစ္စ) အပါအဝင်
အိမ်ခြံမြေကဏ္ဍ အတွက် လိုအပ်နေသော ကိစ္စများ.
စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများ အတွက်
အခွန် လွတ်ငြိမ်းသက်သာခွင့် သဘော ( Tax Amnesty)
သဘောဖြစ်သော အခြေအနေ ဖြင့် ၂၀၁၈-၂၀၁၉
တစ် နှစ်တည်းတွင် ပြည်တွင်း/ပြည်ပရှိ
နိုင်ငံသားများ အားလုံး အတွက် ရည်ရွယ်၍
ဆောင်ရွက်ပေးထားမှုများ ပါရှိပါသည်။
လွှတ်တော် တွင် ဆက်လက်ဆွေးနွေး ရပါဦးမည်။
ဥပဒေကြမ်းသည်လည်း မကြာမီ သတင်းစာ တွင် ပါလာမည်
ဖြစ်ပါသည်။ မိမိတို့ အားလုံး မျှော်လင့်နေသော
အခွန်စနစ်တစ်ရပ် ပေါ်ပေါက်ရေး နိုင်ငံတော်အစိုးရ မှ
ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရပါသည်။
မိမိတို့ အားလုံးကလည်း ပါဝင်ပူးပေါင်း
ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
Credit: U Ye Min Aung (UMFCCI)
quote
Leave Buss to:
Read more #esteem posts
Best Posts From jamunawng
We have not curated any of jamunawng's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.