ZeRo avatar

လှောင်အိမ်

hzerok

Published: 16 May 2018 › Updated: 16 May 2018လှောင်အိမ်

လှောင်အိမ်

cage-t2.jpgCrd-org-source
ချမ်းသာသည် ဖြစ်စေ
ဆင်းရဲသည် ဖြစ်စေ
လူတစ်ယောက်ရဲ့အောင်မြင်မှုသည်
ထိုအပေါ်တွင် မူတည်မနေပါ။
ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာလို့
အဲလူမသေခင်အထိ ချမ်းသာသွားနိုင်တယ်လို့  ပြောလို့မရသလို
ဆင်းရဲတဲ့မိဘက နေမွေးဖွားလာရလို့
အဲကလေး
တစ်သက်လုံးဆင်းရဲ သွားမည်လို့လည်း မဆိုလိုနိုင်ပါ။

ငွေကြေးဥစ္စာ ချမ်းသာနေလို့ အဲလူကိုယ်ကျင့်တရား လည်းချမ်းသာတယ်ဟု မသတ်မှတ်နိုင်သလို
ဆင်းရဲသားတိုင်းက ကိုယ်ကျင့်တရားမကောင်းဘူးလို့ လည်း သတ်မှတ်မရပါ။
ပညာတတ်ကြီး ဖြစ်ပြီး အတတ်ပညာ တွေ ဘယ်လောက် တတ်ကျွမ်းနေပါစေ
အသိပညာ သာ ဒွန်တွဲပါမလာခဲ့ရင်
မကောင်းဆိုးဝါးကို လက်နက်တပ်ပေးလိုက်သလို
လူ့လောက အတွက် မိစ္ဆာမွေးဖွားလာခြင်းလို့ ပင်သတ်မှတ်ရတော့မည်။
2755643-demon-wallpapers.jpg
Crd-org-source
လောကကြီးမှာ လူကောင်းလည်းရှိသလို
လူဆိုးလည်းရှိ၏။
ပညာတတ်တွေလည်း ရှိသလို ပညာမဲ့တွေလည်းရှိ၏။
ချမ်းသာပီး ကိုယ်ကျင့်တရား မကောင်းတဲ့လူတွေရှိသလို
ဆင်းရဲပြီး ကိုယ်ကျင့်တရားချမ်းသာ တဲ့လူတွေလည်းရှိ၏။
အောက်ခြေဘဝကနေ ထိပ်အမြင့်ဘဝသို့ ကြိုးစားတတ်နိုင်ခဲ့တဲ့လူတွေလည်း ရှိသလို ထိပ်ကနေ အောက်ပြုတ်ကျခဲ့ရသူများလည်း မြင်နေကြားနေရ၏။

မိဘကဆင်းရဲနေတာ အပြစ်တစ်ခုမဟုတ်ပါ။
မိဘ ဆင်းရဲတာကို ဆင်ခြေလုပ်ပီး
မိမိဘဝကိုပါ ဆင်းရဲနွံထဲက ရုန်းမထွက်ဘဲ
အနစ်ခံနေခြင်းက သာ အပြစ်စစ်ပါ။
အောင်မြင် ခြင်း ကျရှံးခြင်း အားလုံးရဲ့ အရင်းအမြစ်ကတော့ "မိမိကိုယ်ကို မိမိအားကိုး၍ ကြိုးစားခြင်း" ဖြစ်၏လို့ မြင်မိပါသည်။
cage-people.jpgCrd-org-source
လူ့ဘဝထဲစဝင်လာ ကတည်းကမိဘရဲ အရိပ်အောက်မှာ အရွယ်ရောက်လာကြတယ်။
မိဘလျှော်ပေးတဲ့အဝတ်ကိုဝတ်တယ်။
ချက်ကျွေးတာစားတယ်။
လိုချင်တာရှိရင် လက်ဖြန့်တောင်းမယ်။
သွားချင်တာရှိရင် အဝတ်အစားလည်း ကောက်ထွက်မယ်။
ဘာလုပ်လုပ် မိဘလုပ်ပေးတဲ့အရာတွေကို ထိုင်စားနေကျတဲ့ လူငယ်တွေ ခုခေတ်မှာ များပြားလာတယ်။
ယူသင့်တဲ့ အရွယ်မှာ ယူတာ အပြစ်တစ်ခု မဟုတ်ပေမယ့်
မယူသင့်တဲ့အရွယ်မှာ ယူနေကျတာ မြင်ရတာ စိတ်ပျက်မိ၏။
ဒီလိုပြောလို့ ကျနော်ရော မယူတော့ဘူးလား?
ယူနေစဲပါ။
နယ်ကနေ မြို့ပြကို တက္ကသိုလ်လာတက်ရတဲ့ အချိန်က လွဲရင်
နယ်ပြန်ရောက်တာနဲ့ မိဘအရိပ်လို့ခေါ်တဲ့ လှောင်အိမ်ထဲကို ခြေစုံပစ်ဝင်ပီး ယူနေစဲပါ။
တစ်ခုတော့ ကိုယ့်ကိုယ်ကို ပြန်အားကိုးလာတယ်။
အဝတ်အစားကို တစ်နေ့ဝတ် တစ်နေ့ အဝတ်ခြင်းတောင်းထဲမထည့်တော့ဘူး။
လုပ်ဖူးမှသိဆိုသလို လျှော်ဖူးမှ ပင်ပန်းခြင်းကို သိလာတဲ့ကျနော်
မိဘလှောင်အိမ်ထဲရောက်သော်လည်း
အသိကပ်ပြီး အဝတ်အစားက အတတ်နိုင်ဆုံး ကြာရှည်ဝတ်ပါတယ်။
လူငယ်တွေကို လည်းအဲအသိလေးတွေ ရစေချင်တယ်။
အရာရာ ကို မိဘဘဲ အားကိုးနေရင် မိဘမရှိတော့ တဲ့ တစ်နေ့ လှော်တက်ပျောက်သလို ဖြစ်သွားရလိမ့်မယ်။
မည်သူ မဆို ကိုယ်ပိုင်လှော်တက်တစ်ချောင်း စီရှိသင့်ပါတယ်။
အဲဒါကြောင့် ကိုယ့်အားကို ကိုယ်ကိုးပါ။
ငွေကြေးကို အားမကိုးပါနဲ့။
ပညာကို အားကိုးပါ။
ငွေနောက်မလိုက်ပါနဲ့။
အကျင့်စာရိတ္တကောင်းမွန်ရာကို လိုက်ပါ။
သူများပြောတိုင်း မယုံပါနဲ့။
ပညာသင်တာ ဥာဏ်ကိုအားကိုးတတ်ဖို့အတွက်ပါ။
အမိမြေ တိုးတက်လာဖို့
ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ပညာတတ်တွေပေါများလာပြီး
စစ်ပွဲတွေအစား ဆွေးနွေးညှိနှိုင်းပွဲတွေနဲ့ စည်းလုံးသော မြန်မာနိုင်ငံကြီး ဖြစ်လာပါစေ လို့ဆန္ဒပြုရင်း
အားလုံးဘဲမင်္ဂလာရှိသောနေ့ရက်လေး
ဖြစ်ပါစေ.......

hzerok@hzerok
MSC-121

Leave လှောင်အိမ် to:

Written by

Love anime,Love music,Love Technology

Read more #myanmar posts


Best Posts From ZeRo

We have not curated any of hzerok's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ZeRo