ပြဿနာ
ပြဿနာဟု ရေးထားတာလေးကို တွေ့မြင်လိုက်ရလို့ လန့်မသွားကြပါနဲ့။တခြားတော့ မဟုတ်ရပါဘူးဗျာ။စဥ်စားလို့မရတဲ့ အတွေ့အကြုံလေးတစ်ခုဆိုလျှင် မမှားနိုင်ပါ။
မနေ့ကညက ကျွန်နော်တို့မြို့လေးမှာ ညပိုင်းအချိန်ကပေါ့ လေပြင်းတွေ တိုက်ခက်ခဲ့သလို မိုးရွာသွန်ခဲ့ပါတယ်။လျှပ်စီးတွေက ခဏ ခဏလျှပ်သလို မိုးချိန်းသံတွေလည်း အဆက်မပျက် မိုးကြိုးပါ ပစ်ချလိုက်သံဟာ ဘယ်အရပ်ဒေသကို ထိသည်မသိ အသံကတော့ အလွန်ပင်ကျယ်လောင်လွန်းလှပါတယ်။ ဒီလောက်အထိအောင် ရာသီဥတုက ဆိုးရွားသည့်ကြားက ပေသုံးဆယ် ပေလေးဆယ်ကျော်လောက်မှာ ရှိနေတဲ့ဝိုင်ဖိုင်လိုင်းဟာ ကျွန်နော်အိမ်ထဲကနေ သုံးစွဲနေခဲ့တာ တစ်ချက်ကလေးမှ အဝိုင်းမလယ်ခဲ့ပါဘူး။မိုးတွေဟာ သဲကြီးမဲကြီး အငြိုးကြီးစွာနဲ့ ရွာသွန်းနေသလောက် ကျွန်နော်လိုင်းသုံးရတာ မနေ့ကညသည် သာသာယာယာနဲ့ သုံးစွဲလို့ကောင်းနေခဲ့ပါတယ်။
ဒီကနေညဟာ မနေ့ကနဲ့မတူ မိုးမရွာပေမယ့်လည်း ညဟာတိတ်ဆိတ်နေသလောက် နည်းနည်းတော့ ရာသီဥတုသည် အေးနေပါတယ်။ဒါနဲ့ပဲ ကျွန်နော်ဟာ အနွေးထည်လက်ရှည်အပါးစလေးကို ကိုယ်မှာထပ်ပြီး လိုင်းသုံးရန် ထိုင်နေကျစာရေးစားပွဲသို့ ရောက်လာခဲ့ပါတယ်။
ကျွန်နော်ရဲ့ပြဿနာက ဒီကစတင်ပြီး ပြဿနာစတက်တော့တာပါပဲ။စာရေးစားပွဲကိုရောက်တော့ လက်စွဲတော် လက်ကိုင်ဖုန်းကိုဖွင့်ပြီး စိတ်အပန်းဖြေရန် သီချင်းလေးကိုဖွင့် နားထောင်ရင်းနဲ့ စိတ်ကူးပေါ်ရာ အကြောင်းလေးတွေကို စာစီဖွဲ့ပြီး ပို့စ်တင်မယ်ဆိုပြီး ကြံစည်ရင်း လိုင်းစဖွင့်ဖွင့်ခြင်းမှာတော့ စိတ်တိုင်းကျနေသလိုလိုနဲ့ တေးသီချင်းတောင်တစ်ပုဒ်မပြီးဆုံးသေးဘူး အဝိုင်းကစလယ်တော့တာပါပဲ။လိုင်းကပြန်ကောင်းလိုက် အဝိုင်းကလယ်လိုက်နဲ့ အချိန်အတော်ကြီးကြာလာသည်နှင့်အမျှ စိတ်က အလကားသုံးစွဲနေရတဲ့ဝိုင်ဖိုင်လိုင်းကို အဝိုင်းလယ်နေတာကြာနေခြင်းကြောင့် ဆက်လက်သီးခံနိုင်စွမ်းမရှိတော့ပဲ ကဲ လယ်ချင်နေတဲ့အဝိုင်း လယ်စမ်းကွာဆိုပြီး စာရေးဖို့အကြောင်း ဘာရေးလျှင်ကောင်းမလဲလို့ စဥ်းစားမနေတော့ပဲ လက်ရှိယခုအချိန်၌ ဖြစ်ပျက်နေတာတွေကိုပဲ ဂေးချတင်ပြလိုက်ပါတယ်ခင်ဗျာ................။
author :@thurawinkyaw
photo images: unsplash.com
Leave ပြဿနာ to:
Read more #ecency posts
Best Posts From hyhy516
We have not curated any of hyhy516's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.