လုပြောခြင်း
စကားလုပြောတာကတော့ အကျိုးမဖြစ်စေဘဲ၊တကယ်ကို အကျိုးယုတ်စေတဲ့ကိစ္စတစ်ခု
ဖြစ်ပါတယ်။လုပြောလို့ရတဲ့ အမြတ်ကလည်း အောင်မြင်တဲ့အမြတ်မဟုတ်ဘူး။ဒါကိုတောင်
တစ်ချို့က ၀ါသနာအရ လုပြောတတ်ကြတယ်။ပြီးတော့ သူလုပြောလို့နိုင်တာကို ဂုဏ်ယူတတ်ကြတယ်။
စကားလုပြောတတ်သူတွေဟာ မကြာခနဆိုသလို ပြသနာတက်တတ်ပါတယ်။
စကားလုပြောရင် ဘာဖြစ်တတ်သလဲ ဆိုတော့--
• ရန်များတတ်တယ်။
• နောင်အခါမှာ ကိုယ်နဲ့စကားပြောဖို့ ရှောင်ဖယ်ခံရမယ်။
• လူတွေရဲ့ အထင်သေးခံရမယ်။
• အဆိုးဆုံး ကတော့ လုပ်ငန်းထိခိုက် ပျက်စီးတတ်ပါတယ်။
အချို့ဆိုရန်သူတွေဖြစ်ကုန်ရော။ခင်မင်သိကျွမ်းလာတဲ့ ကာလတွေ စကားလုပြောတာ
နဲ့ဖျက်စီးလိုက်ကြတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်ကို ကြည့်ရင်လည်း စကားလုပြောသူထက်
နားထောင်ပြီး မှ ချိုသာစွာပြောသူတတ်သူ ဘယ်သူပိုအောင်မြင်လဲ။ထင်ရှား ကျော်ကြားအောင်မြင်
သူတွေဟာ ဘယ်တော့မှစကားလုမပြောပါဘူး။လုပြောတာ လူ့သဘာဝမဟုတ်ပါဘူး၊အကျင့်ဆိုးပါ။ အချို့ဆို ရုံးရောက်၊ဂတ်ရောက်အထိတောင်ဖြစ်ကြတယ်။အချို့ဆွေးနွေးပွဲတွေဟာ လုပြောရင်းက ဆွေးနွေးပွဲက ငြင်းခုံပွဲဖြစ်သွားတယ်။အဲကတစ်ဆင့် မရပ်ဘဲ ရန်ပွဲအသွင်ပါဖြစ်ကုန်ရော။
လုပြောတာဟာ ဆရာလုပ်ပြီးပြောတာပဲ၊စကားလုံးတွေမှာ ဆရာလုပ်ပြောတဲ့ သဘောတွေဆောင်နေတယ်။
လူတွေက ဆရာလုပ်စကားပြောလွန်းရင် အမြင်ကတ်ကြတယ်။နားခါးတယ်။မကျေနပ်ချင်ဘူး။
ကိုယ်ရည်ကိုယ်သွေးပြည့်ဝ သူဟာ လုပြောစရာကိုမလိုပါဘူး၊ အလိုလိုနေရင်းဆရာတင်ခံရမှာပါ။တကယ်တော
လုပြောတယ်ဆိုတာ လူတစ်ယောက်မှာ မရှိသင့်တဲ့ အကျင့်ဆိုးပါပဲ။
Leave လုပြောခြင်း to:
Read more #mso posts
Best Posts From HtooKhantThawZin
We have not curated any of htookhantthawzin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.