အတွေးစာစုလေးများ
Photo Credit### Google Photo
ကိုယ့်ဘဝမှာ နှစ်ခါမခံရအောင်
ပထမအကြိမ်ကတည်းက သင်ခန်းစာယူလိုက်ပါ
X...X...X...X...X...X...X
သချာင်္မှာ ပုံသေနည်းဆိုတာရှိတယ်
ဘဝမှာ ပုံသေနည်းမရှိပါဘူး
X...X...X...X...X...X...X
မြေပဲဆံကို စားချင်ရင်
မြေပဲခွံကို ခွဲရတယ်
X...X...X...X...X...X...X
တန်ဖိုးအရှိဆုံး အရာတော်တော်များများကို
မျက်စိနဲ့ မမြင်နိုင်ပါဘူး
X...X...X...X...X...X...X
ကံကိုယုံပါ ဒါပေမယ့်
စိုက်ခင်းကိုတော့ ရေလောင်းပါ
X...X...X...X...X...X...X
လကွယ်မရှိရင် လပြည့်ညဟာ
ပျော်စရာ သိပ်ကောင်းမှာမဟုတ်ပါဘူး
X...X...X...X...X...X...X
လမ်းမှားနေတဲ့သူဟာ မြန်မြန်သွားလေလေ
လိုရာပန်းတိုင်နဲ့ ဝေးလေလေပါ
X...X...X...X...X...X...X
အောင်မြင်မှုဆိုတာကို
အခက်အခဲတွေကြားမှာ ဝှက်ထားတတ်တယ်
X...X...X...X...X...X...X
ပတ်ဝန်းကျင်မှာ ပိုပြီးလူပီသလာလေလေ
ကြီးကျယ်မြင့်မြတ်တဲ့သူ ဖြစ်လေလေပါပဲ
X...X...X...X...X...X...X
မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ပဲနေရင်
မဖြစ်ဖို့ ပိုသေချာတယ်
X...X...X...X...X...X...X
အမှားထဲက သင်ခန်းစာမယူတာကမှ
ကြောက်စရာကောင်းတဲ့ အမှားဖြစ်တာပါ
X...X...X...X...X...X...X
ဘဝဆိုတာ စွန့်စားခန်းပါ
မစွန့်စားရင် ဘဝမရှိနိုင်ပါဘူး
X...X...X...X...X...X...X
ကိုယ့်ရဲ့ဆုံးဖြတ်ချက်က
ကိုယ့်ကို ဖန်တီးထားတာပါ
X...X...X...X...X...X...X
ကြားဖူးနားဝလေးနဲ့ တွေးမိတွေးရာလေး
တွေပါ။နောက်ရက် stemitမှာ ပို့စ်တင်ခြင်း
နားပါတော့မယ်ခင်ဗျာ။အလုပ်တွေပိနေပြီး
စာရေးဖို့ အချိန်အခက်အခဲလေးရှိလို့ပါ။
steemitမှာ စာရေးတဲ့အတောအတွင်း ကူညီ
ပေးကြတဲ့ admin ကိုဒီပကျော်နဲ့တကွ
steemitမှ ညီအကိုမောင်နှမများအားလုံးကို
ကျေးဇူးတင်ပါတယ်လို့ပြောရင်း ဒီpostလေးနဲ့
အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ညီအစ်
ကိုမောင်နှမအားလုံးလည်း စိတ်နဲ့ကိုယ်တစ်
သားတည်းကျပြီး အောင်မြင်နိုင်ကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။❤❤❤
MSU-035
@htoohan
Leave အတွေးစာစုလေးများ to:
Read more #esteem posts
Best Posts From htoohan
We have not curated any of htoohan's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.