htetarkar avatar

အမြတ်ဆုံးအကောင်းဆုံး သား သမီးဆိုတာ

htetarkar

Published: 10 Jul 2018 › Updated: 10 Jul 2018အမြတ်ဆုံးအကောင်းဆုံး သား သမီးဆိုတာ

အမြတ်ဆုံးအကောင်းဆုံး သား သမီးဆိုတာ

သားသမီး(၃)မျိုးဟူသည်
၁။အတိဇာတသား
၂။အနုဇာတသား
၃။အဝဇာတသား

၁။အတိဇာတသား

မိဘထက်ပညာရေး ကျန်းမာရေး စီးပွားရေး
ကိုယ်ကျင့်သိက္ခာအသိအလိမ္မာကအစစ အရာရာသာလွန်သူ
မိဘကိုလုပ်ကျွေးပြုစုသူ
မိဘတိုင်းက အတိဇာတလို
သားကောင်း သမီးမြတ်များကို လိုချင်ကြပါသည်။

၂။အနုဇာတသား

မိဘနှင့်ကိုယ်ကျင့်သိက္ခာတူသူမိဘကိုလုပ်ကျွေးပြုစုသူ
ထိုသားသမီး ၂ မျိုးသည်အကြွေးလာဆပ်တဲ့သားသမီးမျိုး
ပညာတတ်သူကလည်း သူတတ်သည့် ပညာဖြင့်
လုပ်ကျွေးပြုစုတတ်ကြပါသည်။
ပညာမတတ်သူကလည်းသူခွန်အားဖြင့်
လုပ်ကျွေးပြုစုပါတယ် ထိုကဲ့သိုအနုဇာတသားသမီးမျိုး
ကိုလည်းမိဘများက အလိုရှိကြပါတယ်။

၃။အဝဇာတသား

မိဘထက်ယုတ်ညံ့တယ်lမိဘကိုဒုက္ခပေးတဲ့သားသမီးမျိုး
ထိုသားသမီးမျိုးသည် အကြွေးလာတောင်းတဲ့ သားသမီးမျိုး
မိဘကိုစိတ်ဆင်းရဲအောင်လုပ်မယ်
ဂျီတိုက်မယ် အရှက်ပေးမယ် မိဘမသေခင်
အမွေတောင်းမယ် အန္တရာယ်ပေးမယ့်သားသမီးမျိုး
မိဘဆိုတာ ဘယ်သားသမီးကိုမဆို ဆိုးရင်လည်းကရုဏာနဲ့ချစ်ကြတယ် ကောင်းရင်လည်းချစ်တာပါပဲ ခွဲခြားပြီးချစ်တာမရှိပါဘူး။
မိဘတိုင်းကတော့ လိမ်မာပြီးကျွေးမွေး
ပြုစုစောင့်ရှောက်မယ့် သားသမီးကိုလိုချင်ကြတာ ချည်းပါပဲ။

ဒါကြောင့် မိမိသည်လည်း အဝဇာတသားသမီးမျိုးမဖြစ်ကြအောင်
အတိဇာတ သားသမီး အနိမ့်ဆုံးအနုဇာတသားသမီးများဖြစ်အောင်
ကြိုးစားကြရအောင်လား •••။

htet@htet ar kar

Leave အမြတ်ဆုံးအကောင်းဆုံး သား သမီးဆိုတာ to:

Written by

Read more #myanmar posts


Best Posts From htetarkar

We have not curated any of htetarkar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htetarkar