SPUDX And My Account State
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီရက်ပိုင်း စတင်းဈေးလေး နည်းနည်းလှုပ်လာတတ်လာတော့
မျှော်လင့်ချက်အိပ်မက်လေး ပြည့်ဝလာမလားလို့ ပိုမို
ရင်ခုန်မိရပါတယ်။ ပြား ၂၀ ကျော်လောက်ထိ တတ်သွားခဲ့ပြီး
ခု ၁၅ ပြား အထက်မှာ ငြိမ်နေသေးတော့ ကြိုးစားဖို့
အရှိန် ရနေသေးတာပေါ့ဗျာ။
စတီးမစ်သုံးလာခဲ့တာ ခုဆို နှစ်နှစ်ကျော်ခဲ့ပြီပေါ့။
အကောင့်ဟောင်းတစ်ခုက အဆင်မပြေ ဖြစ်ခဲ့လို့
အကောင့်အသစ်ဖွင့်ပြီး နေ့စဉ် ပုံမှန် ပို့စ်တင် ဗုတ်ပေး
စွဲမြဲစွာ လုပ်လာခဲ့တာ ခုဆို အကောင့်အသစ်တောင်
၈ လပြည့်ခဲ့ပါပြီ။
@golden.future အကောင့်လေးရဲ့ အခြေအနေကို
တစ်ချက် ဆန်းစစ်ကြည့်မိပါတယ်။
ခုဆို ဂုဏ်သိက္ခာအရ Reputation 65 ကျော်လာခဲ့ပြီမို့
အရင်အဟောင်းကို ကျော်တတ်လာကာ ဂုဏ်ယူချင်စရာပါ။
ကိုယ့်RP နဲ့ ဘယ်သူ့ကိုမှ down ဖို့ ဆန္ဒတော့ မရှိပါဘူး။
သူများတွေ ကိုယ့် ရန်မရှာဖို့တော့ ကြိုးစားရတာပေါ့။
Steem Power အနေဖြင့်လည်း 2135 ကျော်နှင့်
Steem 280 ကျော် လောက် ရှိနေပါပြီ။ ရှာကြံ ဂုဏ်ယူ
ရမယ်ဆိုရင်တော့ MSC ထဲမှာ ကိုယ့်ထက်ပါဝါ မြင့်တာ
@kachinhenry ကိုဟင်ပဲ ရှိတော့တာပဲပေါ့။
ဈေးကလေး နည်းနည်း လှုပ်လာတော့ အသုံးထုတ်ဖို့
ရောင်းစားရ ကောင်းမလား တွေးမိပါတယ်။ ဒီဈေးနဲ့တော့
မဟုတ်သေးပါဘူး။ ဒီထက် အတော်များ တတ်လာခဲ့ရင်
ရောင်းထုတ်ဖို့ လွယ်အောင် ရှိထားတဲ့ စတင်းလေး
ဒီအတိုင်း ထားရမလားပေါ့။
မကြာမီ အချိန်ကာလ February 1 မှာ SPUD X
Steem Power Up Day 10 ကြိမ်မြောက်ကလည်း
ဆုကြေးတွေ ကောင်းနေလေတော့ ဆုရအောင် Power Up
ပစ်ရမလားပဲ တွေးမိပြန်ပါသေးတယ်။
ဒီအတိုင်းထားရင် ရောင်းထုတ်ဖို့ လွယ်သလို Power Up
ထားရင်တော့လည်း Reward ပိုတိုးရတာပေါ့ဗျာ။
ကဲ ဒီနေ့တော့ တွေးတာလေးလောက်ပဲ ထားလိုက်ဦးမယ်။
ကိုယ်တွေ RP and SP ဘယ်လောက်ရှိနေပြီဆိုတဲ့
အကြွားပို့စ်လေးကို SOUD10 ဖေဖော်ဝါရီ ၁ ရက်နေ့မှာ
ရှိကြောင်း သတင်းပါးလိုက်ရပါတယ်။
မိတ်ဆွေအများ ပါဝါတိုးလို့ ဈေးကောင်းရကာ
အောင်ကြောင်းဖြာကြပါစေဗျာ။
MSC 193
@golden.future
Leave SPUDX And My Account State to:
Read more #myanmar posts
Best Posts From Golden Future
We have not curated any of golden.future's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.