အိမ်မှာနေရင်း ရေးတယ် ရိုက်တယ်
မင်္ဂလာပါ မိတ်ဆွေတို့ရေ
အိမ်မှာပဲ နေကြရတာ အဆင်ပြေကြပါရဲ့လား။ ပျော်ကြပါရဲ့လား။
ကျွန်တော်လည်း Covid ကြောက်တာနဲ့ ဆေးခန်းပိတ်ခဲ့ပါတယ်။
ဆေးခန်းပိတ်တော့ ဝင်ငွေလည်း ပိတ်တာပေါ့ဗျာ။
အိမ်သူကလည်း ကလေးငယ် ခွင့်ခြောက်လ ရထားတာ လေးလ
လောက်ကျန်သေးတော့ မြို့ပြမှာ စားရေးသောက်တာက
အပြင်ထွက်ဝယ်မှ အဆင်ပြေတာ ဆိုတော့ မမြင်ရတဲ့
ရောဂါပိုး ကူးခံရမှာ စိုးတာ တစ်ကြောင်းနှင့် ဝင်ငွေ လျော့ပါး
နေချိန် စားရိတ်ချွေတာရာလည်း ကျအောင် မိဘတွေ
နေထိုင်ရာ တောရွာမှာ ပြန်နေကြဖို့ တိုက်တွန်းပြောဆို
လာခဲ့တာကြောင့် ရွာပြန် အိမ်ကပ်နေခဲ့ကြပါတယ်။
ရွာမှာဆိုတော့ ဟင်းသီးဟင်းရွက်ကတော့ တောလည်ခူးရင်
ရတာမို့ ပေါပေါများများ စားရပေမယ့် သားငါးဟင်းလျာတော့
ဈေးသည်တွေ ရွာတွင်းအဝင်ပိတ်ထားသည်မို့ သိပ်မစားရပေဘူး။
တောရွာမှာ Home Stay က သာသာယာယာပါပဲ။
မကောင်းတာတစ်ခုကတော့ Internet connection ပါပဲ။
မနက်ခင်းမှာတော့ သုံးရတာ သိပ်မဆိုးပေမယ့် နေ့လည်
ကျော်တာနဲ့ သုံးမရသလောက် ဖြစ်သွားတာမို့ Online
မှ Cryptocurrencies ရှာရတာ အဆင်မချောလှပေဘူး။
သို့သော်လည်း ကိုယ်မှ မတတ်နိုင်ပေဘဲကိုး။ ရသလောက်သာပေါ့။
ဒီလိုဆိုပေတော့လည်း HIVE မှာ ပျားရည်စုဖို့ တစ်နေ့တစ်ပုဒ်သာ
ဖြစ်အောင်လုပ်နေရပါတယ်။
ကဲ ဒီနေ့တော့ ယောက္ခမအိမ်ဝင်းထဲက အလေ့ကျပေါက်တဲ့
ပန်းပင်လေးတွေ ပွင့်နေတာ ရိုက်တင်ပေးလိုက်ပါတယ်။
မိတ်ဆွေတို့ဘဝ ပန်းလို လှပ မွှေးမြကြပါစေဗျာ။
Leave အိမ်မှာနေရင်း ရေးတယ် ရိုက်တယ် to:
Read more #photography posts
Best Posts From Golden Future
We have not curated any of golden.future's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.