Published: 10 Feb 2025 › Updated: 10 Feb 2025

သံသယအတွေး
နေ့တစ်နေ့ကအစပြု
သံသရာစက်ဝန်းထဲက
တစိတ်တပိုင်းမျှသာ။
အနာဂတ်ကမပီပြင်
မရေရာမသေချာ
ရောနီမျှော်၍
စမ်းတဝါးဝါးဖြင့်။
ကောင်းတာလုပ်လျှင်
ကောင်းတာဖြစ်မည်
အထပ်ထပ်ကြားနေခဲ့သောစကား
သို့သော်လည်းကောင်းတာလုပ်သူများ
ကောင်းတာဖြစ်ဖို့နှေးကွေးနေသည်လား
သို့လော သို့လော
အတွေးတစဖြင့်
Leave သံသယအတွေး to:
Read more #hive-122133 posts
Best Posts From eieikhing
We have not curated any of eieikhing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.