ကစဥ့်ကလျားအတွေးများ
လူတကိုယ်လုံးကိုက်ခဲနေ၏။ဖြစ်နေကျနာတာရှည်လေး
ဖက်နာဝေဒနာသည်နိုးထလာနေသည်။မိမိကိုယ်မိမိမတည့်တာစားမိလေလားဟုတွေးတောမိသည်။တရားခံကားခေါင်းထဲ၌တရေးရေးပေါ်လာလေ၏။
မိမိ၏လေးဖက်နာရောဂါ၏ရန်သူ ASOတက်စေသော
ကလီစာများအားစားမိပေတော့သည်။
အသက်ကိုဥာဏ်စောင့်၏။ထို့ကြောင့်မိမိ၏စည်းကမ်းမဲ့
စားသောက်နေထိုင်မှူအားရှောင်ကြဉ်ရပေဦးမည်။
စာရေးဖို့စဉ်းစားနေရင်းဖြင့်မနက်ကမိမိ၏ဦးလေးပြော
ပြသည်များကိုစဉ်းစားနေမိသည်။ပြီးခဲ့သည့်ဇူလိုင်လထဲ၌
မိမိ၏ဦးလေးသည်မတ်တပ်ကောင်းကောင်းမရပ်နိုင်။စုံတကာစေ့အောင်ဆရာဝန်ပေါင်းစုံ၊အထူးကုပေါင်းစုံဖြင့်
ကုသနေခဲ့သည်။သို့သော်လည်းအနာနှင့်ဆေးမတည့်ဖြစ်နေခဲ့သည်။ရောဂါရှာဖွေစမ်းသပ်ရသည့်စရိတ်ကပင်မနည်းလှပေ။
ဆရာဝန်နှင့်ပြသပြီးပါလာသည့်ပိုက်ဆံမလောက်၍အိမ်သို့ဖုန်းဆက်၍ပိုက်ဆံလာပို့ပေးရန်တောင်းသည့်အကြိမ်
အရေအတွက်သည်လည်းမနည်းလှပေ။နောက်ဆုံး၌အရိုးအကြောအထူးကုဆရာဝန်တစ်ယောက်
နှင့်ပြမိပြီးအနာနှင့်ဆေးတွဲမိပြီးသက်သာလာပေတော့
သည်။
ထို့ကြောင့်လည်းမတ်တပ်ရပ်နိုင်ပုံမှန်အတိုင်းသွားလာ
နိုင်သည့်ဦးလေးအားကြည့်၍ဝမ်းသာနေကြပေတော့
သည်။မိမိ၏အတွေး၌အသက်ကိုဥာဏ်စောင့်သည်သာမကပိုက်ဆံပါစောင့်ပေတော့သည်ဟုတွေးနေမိ
သည်။မိမိတို့တိုင်းပြည်၌ငွေကြေးချို့တဲ့သူများဤကဲ့
သို့ရောဂါဝေဒနာများခံစားရမူမည်သို့ပြုလုပ်ကြမည်ဟုစဉ်းစားတွေးတောမိနေတော့သည်။
ဆင်းရဲချို့တဲ့၍အသက်မဆုံးရူံှးသင့်ဘဲဆုံးရူံှးရသည်များ
လည်းရှိနေပေလိမ့်မည်။ဆင်းရဲချို့တဲ့ခြင်းသည်လူဖြစ်ရူံှးလှပေသည်ဟုလည်းတွေးမိနေတော့သည်။
ထို့ကြောင့်လည်းအလဟဿ ငွေကြေးဖြုန်းတီးမှူမရှိစေ
ရန်မိမိကိုယ်မိမိဆန်းစစ်ဝေဖန်ရပေဦးမည်။စာရေးသူ
သည်ငယ်ရွယ်စဉ်ကပင်စိတ်ချမ်းသာမှူအားအလွန်
မက်မောလှသူဖြစ်သည်။ပွစိပွစိမြည်တွန်တောက်တီးသည့်သူများအားဝေးဝေးရှောင်လေ့ရှိသူဖြစ်သည်။
မိမိအားစိတ်အနှောင့်အယှက်ပေးမည့်သူများအားလည်း
အတတ်နိုင်ဆုံးရှောင်ရှားလေ့ရှိသည်။
မိမိအားစိတ်ဓာတ်ရေးရာအရစိတ်ဒုက္ခပေးမည့်သူများ
အားလည်းအတတ်နိင်ဆုံးမဆက်ဆံမိစေရန်နေထိုင်တတ်ပါသည်။မိမိ၏စားဝတ်နေရေးအတွက်အလုပ်အကိုင်ရွေးချယ်သည့်အခါ၌လည်းမိမိ၏စိတ်ချမ်းသာမှူနှင့်ယှဉ်၍ရွေးချယ်လုပ်ကိုင်ခဲ့သည်။
မိမိအားစိတ်ဖိစီးမှူအများကြီးပေးသည့်company
အလုပ်မှထွက်၍လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်သည့်
ကျူ ရှင်ဆရာမအလုပ်အားရွေးချယ်လုပ်ကိုင်ခဲ့သည်။
၎င်းအလုပ်အကိုင်၌လည်းမိမိ၏စိတ်ဆန္ဒနှင့်မကိုက်ညီသည့်စာသင်အိမ်များအားတစ်နှစ်သာအောင့်အီးသည်းခံ၍သင်ခဲ့သည်။ဆက်လက်သင်ကြားခြင်းမပြုဘဲဖြုတ်ပစ်သည်သာများခဲ့သည်။မိမိရရှိမည့်ငွေကြေးထက်စိတ်ချမ်းသာမှူကိုသာဦးစားပေးခဲ့သူဖြစ်သည်။
ထို့ကြောင့်စာရေးသူ၌တခြားကျူ ရှင်ဆရာများလောက်ဝင်ငွေမကောင်းသည်ကများသည်။ထို့ကြောင့်လည်းမိမိအကြောင်းမိမိသိ၍online၌ငွေရှာသည့်အလုပ်
ကလေးများပါတွဲဖက်၍လုပ်ကိုင်နေခြင်းဖြစ်သည်။
online၌ငွေရှာရာ၌မိမိ၏အထက်လူကြီးမရှိ၊ပွစိပွစိဖြင့်
မျိုးစုံcomplainတက်မည့်ကျောင်းသားမိဘများလည်း
မရှိပေ။ထို့ကြောင့်စိတ်ချမ်းသာမှူအတော်အတန်ရရှိသည့်
အလုပ်အကိုင်ဖြစ်ပေသည်ဟုတွေးမိပြီးလုပ်မိခြင်းဖြစ်သည်။
သို့သော်လည်းထိုကဲ့သို့အသက်ကိုပိုက်ဆံစောင့်သည့်ကိစ္စများဖြစ်ပေါ်လာပါကမိမိစိတ်အလိုလိုက်ခဲ့သည်များမှရရှိနိုင်သည့်ငွေကြေးများအခွင့်အလမ်းများဆုံးရူံှး
ခဲ့ဖူးသည်ကိုနောင်တရကောင်းရနိုင်သည်လားစသဖြင့်
စဉ်းစားတွေးတောနေမိလေတော့သည်။
ဤသို့ဖြင့်တွေးမိသည့်ရောက်တတ်ရာရာဟိုရောက်
ဒီရောက်အတွေးများအားpromotionတင်ရမည့်postအဖြစ်ရေးသားလိုက်ရပေတော့သည်။
ပြီးခဲ့သည့်MSC အစည်းအဝေးပွဲ၌မိမိတို့၏leader
ကMemberများစာမရေးကြသည့်အကြောင်း
အားပြောခဲ့သည်ကိုလည်းအတွေးရောက်သွားမိသည်။
မိမိသည်လည်းတပတ်လျှင်postတခုမျှသာတင်ခဲ့မိသည်။steemဈေးကျ၍လည်းမဟုတ်စာရေးချင်
စိတ်မရှိလောက်အောင်စိတ်ဖိစီးမှူများလွန်းခဲ့၍ဖြစ်သည်။
ထို့ကြောင့်လည်းမိမိ၏ကလောင်သွေးနေသည့်အလေ့
အကျင့်ကောင်းလေးစည်းဝါးမမှန်ပျက်ပြားသွားခဲ့မိသည်။
MSCအစည်းအဝေးပွဲမှleader၏ပြောကြားချက်များ
ကမိမိ၏ပျက်ပြားသွားသောအလေ့အကျင့်ကောင်းလေး
အားပြန်လည်မွေးမြူ ရန်သံပတ်ပေးလိုက်သကဲ့သို့ဖြစ်နေ
ပါတော့သည်။သို့သော်လည်းယခုအချိန်ထိရေးလက်စဝတ္ထုများအားလည်းဆက်လက်၍မရေးချင်၊ဇာတ်လမ်း
အထားအသိုများအားလည်းဇာတ်ကောင်များအသက်ဝင်
လှူပ်ရှားစေရန်ဆက်လက်မရေးနိုင်ပုံမှန်အခြေအနေသို့
ပြန်မရောက်နိုင်ဘဲရှိနေချေတော့သည်။
ထို့ကြောင့်မိမိ၏စိတ်ကိုအတတ်နိုင်ဆုံးအာရုံစူးစိုက်မှူရှိ
လာစေရန်ကြိုးစားအားထုတ်၍ဆောင်းပါးများဝတ္ထုများ
အားရေးသားရပေဦးမည်။
မိမိ၏အလေ့အကျင့်ကလေးအားလက်ရည်မှန်လာစေ
ရန်အချိန်ယူပြုပြင်ရပေမည်။ဤဟိုရောက်သည်ရောက်
စိတ်ကူးပေါက်ရာရေးသားထားသည့်ဤpostအား
သည်းခံ၍ဖတ်ပေးကြသူများအားကျေးဇူးအထူးတင်မိ
ပါကြောင်းပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတော့သည်။
မြန်မာလူမျိုးများsteemitတွင်အောင်မြင်နိုင်ကြပါစေ။
စာရေးသူ အိအိခိုင်။
MSC No.173.
Credited image from https://pixabay.com/en/gardenia-flowers-white-blue-2054594/
Leave ကစဥ့်ကလျားအတွေးများ to:
Read more #myanmar posts
Best Posts From eieikhing
We have not curated any of eieikhing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.