မြန်မာ့ လက်ဖက် ၁
မြန်မာလူမျိုးတို့ သည်လက်ဖက်ကို လွန်စွာကြိုက်နှစ်သက် တက်ကြသည်။ လက်ဖက်သုပ်ကို ဒေသအသီးသီးတွင် ပုံ စံ အမျိုးမျိုးဖြင့် စားသုံးကြသည်။ လူကြီးမိဘများက လက်ဖက်ကို ရေဆေးထောင်းပြီးဆားနှင့် သံပုရာရည် ညစ်ကာ ဆီရွှဲရွှဲ နှင့် စိမ်ထားကြသည်။လက်ဖက်စားချင်လျှင် နှမ်းနှင့်ရော၍တစ်ငုံ နှစ်ငုံ ငုံ၍ စားကြသည်။ အချို့ကတော့ လက်ဖက်သားထဲတွင် ခရမ်းချဉ်သီးပါးပါးလှီးထည့်သည်။ ပုဇွန်ခြောက် ငရုတ်သီးစိမ်း နှင့် သံပုရာရည်စမ်းပြီ ဆီနှင့် အိနေအောင်စိမ့်ပြီမှ နှမ်းနှင့် ကြက်သွန်ကြော်ရော၍ စားသုံးကြသည်။
လက်ဖက်သုတ်နှင် ထမင်းပူပူလေးသော်လည်းကောင်း ထမင်းကြမ်းဖြင့်သော်လည်းကောင်း တွဲ၍လည်း စားသုံးတက်ကြပြန်သည်။ ထိုသို့ စားလိုက်ရလျှင် မည်သည့် သရေစာကိုမှ စားလိုစိတ်မရှိတော့ပေ။ တစ်ခါတစ်ရံတွင် နံနက်စောစော အဆာပြေအတွက် လက်ဖက်သုတ်နှင့် ထမင်းစားကြသည်။မြန်မာအိမ်တစ်အိမ် အဖို့ လက်ဖက်သည် ရိုးရာအစားအစာတစ်ခုဖြစ်နေပါသည်။အသားမှာ ဝက် အသီးမှာသရက် အရွက်မှာ လက်ဖက်ူသော ဆိုရိုးအတိုင်း အိမ်ဧည့် ခန်းတွင် မရှိမဖြစ် ထားရှိသော စားစရာတစ်မျိုးဖြစ်သည်။
Leave မြန်မာ့ လက်ဖက် ၁ to:
Read more #steemit posts
Best Posts From dream9
We have not curated any of dream9's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.