
Stamina
ကိုယ့်မှာ
မပျောက်ကင်းနိုင်တော့တဲ့
အနာ ရောဂါ တစ်ခုခု
စွဲကပ် ခံနေရပြီ ဆိုရင် . .
ဝမ်းနည်း အားငယ်စိတ်နဲ့
အတူ စိတ်ဓာတ်ကျ မသွားပါနဲ့ . .
ဘဝ မျှော်လင့်ချက်မဲ့ မသွားပါနဲ့ . .
ရှိပြီးသား ရောဂါ အရှင်း
မပျောက်ကင်းနိုင်တော့ရင်
နေပါစေ၊ ဘာတတ်နိုင်မှာလဲ . .
ခုထက် ရောဂါ
ထပ်တိုး မလာအောင်
ထပ် ဆိုးဝါး မလာအောင်
ကင်ဆာ အဆင့်ထိ ရောက်
မသွားအောင် ဂရုတစိုက် ကုသမှု
ခံယူလို့ ရနေပါသေးတယ် . .
ရောဂါ အခံရှိနေ ပေမယ့်လည်း
ကိုယ့် ကျန်းမာရေးကို ကိုယ်တိုင်
ဂရုစိုက်ရင်း . .
အလုပ်အကိုင် မပျက်၊ နေ့စဉ်
ပုံမှန် သွားလာ လှုပ်ရှားနိုင်ပြီး
လူ့ သက်တမ်းစေ့ နေထိုင်သွား
နိုင်ခဲ့တဲ့၊ လူတွေ အများကြီး
ရှိနေ ပါတယ် . .
ကျန်းမာခြင်းဟာ
လာဘ် တပါးပါ . .
ဒါပေမယ့် ဒီ ဆုလာဘ်ကို
လူတိုင်း မရနိုင် ပါဘူး . .
ရတဲ့ လူဟာလည်း
ထာဝရအတွက် မဟုတ်ပါဘူး . .
အချိန်နဲ့ အမျှ ယိုယွင်း ပျက်စီးနေတဲ့
အရာသာ ရရှိခဲ့တာ ဖြစ်ပါတယ် . .
လူ ဆိုတာ သေမျိုးတွေချည်းမို့
တစ်နေ့ ကိုယ်သေဖို့ အတွက်
အနာရောဂါ တစ်ခုခုက
လာစွဲကပ်မှာ မလွဲပါဘူး . .
လူတိုင်း အနှေးနဲ့ အမြန်ပဲ
ကွာခြားမှာပါ . .
ရှောင်လွဲလို့ မရတော့တဲ့
အရာတွေ အတွက် တရားလွန်
တုန်လှုပ်ချောက်ချားနေစရာ
မလို သလို . .
အေးဆေး တည်ငြိမ်စွာ
ကျေကျေနပ်နပ်နဲ့
ရင်ဆိုင်တတ်ဖို့ ရင်ဆိုင်ရဲဖို့
သတ္တိကိုလည်း မွေးမြူထား
ရမှာပါ . .
သက်ရှိ အနေနဲ့
မွေးဖွားလာ သူတိုင်း
မလိုချင်လည်း မကြုံချင်လည်း
ကြောက်ရွံ့နေပါသော်လည်း
သေဆုံးခြင်းဖြင့်သာ
ဘဝနိဂုံးချုပ်ရမှာပါ . .
သက်ရှိမှန်ရင် သေဆုံးခြင်းကို
လွန်ဆန်နိုင်ရိုး ထုံးစံ မရှိပါဘူး . .
Leave Stamina to:
Read more #esteem-awesome posts
Best Posts From chitchit
We have not curated any of chitchit's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.