ရာသီချိန်ရောက်ခဲ့ပြီ။
Hive Myanmar အဖွဲ့သားများအားလုံး ကိုယ်၏ ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပါစေခင်ဗျာ။
ဒီနေ့က စနေနေ့ဆိုတော့ မနက်ဖြန်ဆိုရင် အားလုံးအတွက် super sunday ဖြစ်လာတော့မှာပါ။ အစိုးရ ၀န်ထမ်းများအတွက် စနေ တနင်္ဂနွေ ဆိုပေမယ့် ကျနော်တို့လို ပုဂ္ဂလိက ရုံး၀န်ထမ်းများအတွက်ကတော့ တစ်ပတ်မှာ တစ်ရက်သာ ရရှိတဲ့ ရှားရှားပါးပါး တနင်္ဂနွေ ပိတ်ရက်ကလေးပဲ ဖြစ်ပါတယ်။
ဒီနေ့တော့ မနက်စောစောထ လမ်းအနည်းကယ်လျှောက်ရင်း ကျောင်း၀င်းထဲက ပိန္နဲပင်မှာ အသီးတွေ သီးနေတာကို တွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီ အသီးတွေ အကြောင်းကို Hive Myanmar မှာတင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီရက်ပိုင်း Hive မှာ ပို့စ်တင်ဖို့ ပျင်းနေခဲ့တာကြာပါပြီ။ ၃ ရက် ၄ ရက် တစ်ကြိမ်ခန့်သာ တင်ဖြစ်ပါတယ်။ ဒီနေ့တော့ ဒီ အသီးတွေကို ပုံရိုက်မိတာမို့ သေချာပေါက် တင်ဖြစ်အောင် တင်လိုက်ရပါတယ်။
ပိန္နဲသီးကို အရှေ့တောင်အာရှ နိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အချိုပွဲ သီးနှံအဖြစ်စားသုံးကြပါတယ်။ ကျနော် တို့ မြန်မာနိုင်ငံမှာတော့ အသီးကင်းလေးတွေကို ခူးပြီး ပြုတ်ပြီး တို့စရာအဖြစ် စားကြသလို အသီးမှည့်ကိုလည်း အချိုပွဲအဖြစ် စားကြပါတယ်။ ပိန္နဲသီးရဲ့ အစေ့ကိုတော့ ပြုတ်ပြီး ဆီ ဆားနဲ့ တို့စားလို့ရသလို အလှအပ ရေးရာအတွက် နို့အေးထဲမှာ အချိန်ကြာစိမ်ပြီးတဲ့ အစေ့ကို ကြိတ်ပြီး အရေးအကြောင်း နေရာတွေမှာ လိမ်းကျံပေးရင် သက်သာစေတယ်လို့ ဖတ်ဖူးပါတယ်။
ပိန္နဲသီးမှည့်ကို ခူးဆွတ် ပြီးတဲ့အခါ စားလို့ရတဲ့ အသားနဲ့ အစေ့ ကို ဖယ်ထုတ်ရပါတယ်။ အဲဒီနောက်မှာ ပိုနေတဲ့ အမျှင်လေးတွေနဲ့ အခွံကိုတော့ နွား ဆိတ် သတ္တဝါတွေက အရမ်းကို ကြိုက်နှစ်သက်ကြပါတယ်။ တချို့ကလည်း အမျှင်လေးတွေကို ယိုထိုးစားကြသလို အချို့ကတော့ ထန်းညက်နဲ့ ယိုပြန်ထိုးပြီး ပိန္နဲပင် ခြေရင်းမှာ မြုတ်ပေးရင် နောက်နှစ်သီးမယ့်အသီးမှာ အရသာ ထူးကဲ ကောင်းမွန်လှတယ်လို့ ဆိုကြပြန်ပါတယ်။
စားမကုန်သော ဒါမှမဟုတ် စုဆောင်းထားသော ပိန္နဲသီးများကိုတော့ အသီးခြောက် အဖြစ် ပြန်လည်ရောင်းချနေကြတာကိုလည်း မကြာခဏတွေ့ရပါတယ်။ ဒါကတော့ အသားတင် ဆုံးရှုံးသွားမယ့် အမှည့်လွန်ခြင်းနဲ့ အလဟသ ဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းမှာ ပိန္နဲသီးသာမက အခြားသော သီးနှံခြောက်များကိုပါ တွေ့ရပါတယ်။ စျေးကွက်စီးပွားရေး သမားတွေရဲ့ အကျိုးထူးလှတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
@callmemaungthan
21.jan.2023
Leave ရာသီချိန်ရောက်ခဲ့ပြီ။ to:
Read more #hive-122133 posts
Best Posts From Than Naing Soe
We have not curated any of callmemaungthan's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Than Naing Soe
- မရေးတာကြာလို့ ကဗျာလေးတစ်ပုဒ် လာတင်ပါရစေဗျာ
- BEER !!! BACK TO HIVE POST (After 3 months)
- Splinterlands Social Media Challenge. My Compete.
- SPLINTERLANDS WEEKLY CHALLENGE {Earth & Life}
- တစ်ရက်တာ error သေးသေးတစ်ခု
- My social media challenge after 1 months far from SPT
- My splinterlands social challenge after 2 months
- My Splinterlands Social Media Challenge
- Sweet snack but achieve price
- My Splinterlands Social Media Challenge. [using one gold card]