တစ်ရက်တာ error သေးသေးတစ်ခု
Hive Myanmar အဖွဲ့သားများအားလုံး မဂ်လာပါလို့ နှုတ်ခွန်းဆက်ရင်းနဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သပါတယ်ခင်ဗျာ။
ကျနော် hive myanmar မှာ စာမရေးဖြစ်တာ အတော်ကြဋခဲ့ပါပြီ၊ ဒီနောက်ပိုင်း ecency ဘက် hive ဘက်ကိုမလှည့်ဖြစ်နေတာပါ။ ဒါကြောင့်လည်း စာရေးခြင်းက ရတဲ့ HBD နဲ့ Hive တွေ ရမယ့် အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ပါတယ်။ဒီနေ့တော့ စာပြန်ရေးဖို့ အားယူရင်း ဘာရေးရမယ် ခေါင်းစဉ်ရှာမရတာကြောင့် မနေ့က ပြင်ခဲ့ရတဲ့ magnetic level switches လေးအကြောင်းကိုပဲရေးလိုက်ပါတယ်။
ဒီ Magnetic level switch လေးကိုတော့ စက်ရုံရဲ့ Gas Filter house မှာ Filter Unit အောက်ခြေမှာ တပ်ဆင်ထားပါတယ်။ Gas မှာ ပါဝင်လာတဲ့ ကာဗွန်မှုန့်လေးတွေ နဲ့ ရေမှုန်တွေ ကိုစစ်ထုတ်ပြီး ကျန်ခဲ့တဲ့ dust level ကိုတိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ Global code အနေနဲ့ Level switch အတွက် 71 လို့ သတ်မှတ်ထားပြီး Gas filter level switch ဖြစ်တဲ့အတွက် 71 GS အဖြစ် သတ်မှတ်ထားပါတယ်။
မနေ့ကတော့ ဒီ switch လေးက Error တက်ပြီး alarm sys တစ်ခုတက်လာလို့ သွားပြီး စစ်ခဲ့ပါတယ်။ Switch အထိုင်က အနည်းငယ် lose ဖစ်ပြီး DC volt တိုင်းကြည့်တဲ့အခါ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတာပါ။ ဒါကြောင့် small junction box ကနေပြီး instrument side ဘက်က jumper ကြိုးထိုးပြီး normal condition နဲ့ စက်ကို ဆက်လည်ထားရပါတယ်။ Switch ကိုတော့operations sys ကနေ ဖယ်ထုတ်ပြီး ဖြုတ်ယူလာခဲ့ပါတယ်။
အခန်းရောက်လို့ magnetic တစ်ခုနဲ့ switch ကို စမ်းကြည့်တဲ့ အခါ switch ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်။ဒါဆို instruments နဲ့ small JB ကြားက ကြိုးကြောင့်လို့ ထင်ကြေးပေးရင်း ကြိုးကို စစ်ကြည့်တဲ့အခါမှာလည်း ကြိုးကကောင်းမွန်နေပါတယ်။ ဒါကြောင့် switch ကို ပြန်စစ်ကြည့်တဲ့အခါ မှာ Terminal နဲ့ circuit chip ကို ဆက်ထားတဲ့ ခဲလေး ပြုတ်နေတာကို တွေ့ရတာမို့ ခဲ ဆော်ပြီး ပုံမှန် ပြန်လုပ်ထားလိုက်ပါတယ်။
ချက်ချင်းတော့ ပြန်မတပ်ဆင်ရသေးပဲ unit shutdown ဖြစ်မှသာ ပြန်လည်တပ်ဆင်ပြီး ထပ်မံ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ရေးစရာ အကြောင်းအရာရယ် သေချာမရှိတာမို့ ဒီအကြောင်းလေးကိုပဲ Hive Myanmar မှာ post တစ်ခု အဖြစ် ဖန်တီး ရေးသားလိုက်ရပါတယ်ခင်ဗျာ။
ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ။
၂၆.၆.၂၀၂၃
Leave တစ်ရက်တာ error သေးသေးတစ်ခု to:
Read more #hive-122133 posts
Best Posts From Than Naing Soe
We have not curated any of callmemaungthan's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Than Naing Soe
- မရေးတာကြာလို့ ကဗျာလေးတစ်ပုဒ် လာတင်ပါရစေဗျာ
- BEER !!! BACK TO HIVE POST (After 3 months)
- Splinterlands Social Media Challenge. My Compete.
- SPLINTERLANDS WEEKLY CHALLENGE {Earth & Life}
- တစ်ရက်တာ error သေးသေးတစ်ခု
- My social media challenge after 1 months far from SPT
- My splinterlands social challenge after 2 months
- My Splinterlands Social Media Challenge
- Sweet snack but achieve price
- My Splinterlands Social Media Challenge. [using one gold card]