ညနေစာ အကြော်စုံ
Hive myanmar အဖွဲ့သားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေခင်ဗျာ။
ဒီနေ့တော့ ရေးစရာ မယ်မယ်ရရ မရှိတာမို့ ညနေခင်း အဆာပြေ တဖြတ်စာ အကြော်စုံလေး အကြောင်းပဲ ရေးလိုက်ရပါတယ်။ ရေးချင်တဲ့ အကြောင်းအရာတွေ များနေပေမယ့် တစ်ခုမှ မယ်မယ်ရရ မရေးဖြစ်နေတာမို့ စိတ်ကူးပေါက်ရာလေးပဲရေးလိုက်ပါတယ်။
အထွေအထူးမဟုတ်ပဲ ရုံးမှာ သူငယ်ချင်းတွေစုပြီး မုန့်၀ယ်စားဖြစ်ခဲ့တဲ့ အကြောင်းပါပဲခင်ဗျာ။ ပုံမှန်ဆို ရုံးက ထမင်း သုံးနပ်ကျွေးပါတယ်။ဒါက အဆောင်နေသူတွေအတွက်ပဲ ဖြစ်ပါတယ်။အပြင်အိမ်ကနေ အလုပ်ကိုလာသူတွေအတွက်ကတော့ နေ့လည်စာ တစ်နပ်ပဲ ကျွေးပါတယ်။ အချို့ကလည်း မနက်စောစောလာပြီး စားကြပါတယ်။
ပုံမှန်နေ့လည်စာကိုတော့ ၁၂ နာရီမှာ ကျွေးပြီး ၁ နာရီ မှာ ထမင်းစားခန်းက ပိတ်ပါပြီ။ ၁နာရီ ဆို အလုပ်ခွင်ပြန်စပြီးတော့ အလုပ်ပါးတဲ့ နေ့တွေ ဆိုရင်တော့ ရုံးခန်းမှာပဲ အေးဆေးနေလို့ရပါတယ်။ အ့လိုနေ့တွေဆိုရင် ကျနော်တို့ သူငယ်ချင်း တစ်စုက ပိုက်ဆံ တစ်ယောက် ၁၀၀၀ / ၂၀၀၀ စသည်ဖြင့်စုပြီး မုန့်၀ယ်စားကြပါတယ်။ ပုံမှန်၀ယ်စားဖြစ်တာကတော့ အကြော်ပဲ ဖြစ်ပါတယ်။
စက်ရုံဘေး ရက်ကွက်မှာ အကြော်စုံရတဲ့ဆိုင်ရှိပြီး သူ့ဆိုင်က မှာယူရင် ရုံးထိ လာပို့ပေးတာမို့ အဆင်ပြေပါတယ်။အကြော်တွေကလည်း ဘူးကြော်၊ ပြောင်းဖူးကြော် ၊ ငှက်ပျော်ကြော်၊ ဆူးပုတ်ရွက်ကြော် ၊ ပုစွန်ဆိတ်ကြော် နှင့် ကြက်သွန်ကြော်တတို့ရပြီး အတော်စုံပါတယ်။
သူ့ဆိုင်က ပါလာတဲ့ အချဥ်နှစ် အရည်ကလည်း အတော်လေး စားကောင်းပါတယ်။ ဒါကြောင့်ပဲ မကြာခဏ စားဖြစ်ကြတာပါ။ ပုံမှန်ဆို လူ ၆ယောက် ၈၀၀၀ ကျပ် သို့ ၁၀၀၀၀ ကျပ် စုပြီး၀ယ်စားကြရင် အတော်လေး စားရပါတယ်။
ဒါကတော့ ကျနော်တို့ တပတ် တခါ နှစ်ခါ ၀ယ်စားဖြစ်တဲ့ ညနေခင်း အဆာပြေ အကြော်စုံလေးပဲ ဖြစ်ပါတယ်။ ကျနော့်ရဲ့ အရေးအသား မပြေပြစ်မှုအတွက်တော့ အားလုံးကို တောင်းပန်လိုက်ပါတယ်ခင်ဗျာ။
@callmemaungthan
20.Feb.2023
Leave ညနေစာ အကြော်စုံ to:
Read more #hive-122133 posts
Best Posts From Than Naing Soe
We have not curated any of callmemaungthan's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Than Naing Soe
- မရေးတာကြာလို့ ကဗျာလေးတစ်ပုဒ် လာတင်ပါရစေဗျာ
- BEER !!! BACK TO HIVE POST (After 3 months)
- Splinterlands Social Media Challenge. My Compete.
- SPLINTERLANDS WEEKLY CHALLENGE {Earth & Life}
- တစ်ရက်တာ error သေးသေးတစ်ခု
- My social media challenge after 1 months far from SPT
- My splinterlands social challenge after 2 months
- My Splinterlands Social Media Challenge
- Sweet snack but achieve price
- My Splinterlands Social Media Challenge. [using one gold card]