Than Naing Soe avatar

အံဆွဲသေတ္တာလေး တစ်လုံး

callmemaungthan

Published: 11 Aug 2022 › Updated: 11 Aug 2022အံဆွဲသေတ္တာလေး တစ်လုံး

အံဆွဲသေတ္တာလေး တစ်လုံး

အားလုံးသော Hive Myanmar အဖွဲ့သားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ခင်ဗျာ။

စာရေးသားဖို့ အကြောင်းအရာ အထွေအထူးရယ်လို့ မရှိတာမို့ စိတ်ကူးထဲပေါ် ရာ အကြောင်းအရာကိုပဲရေးသားပါရစေခင်ဗျာ။

လွန်ခဲ့တဲ့ရက်အနည်းငယ်က အံဆွဲသေတ္တာလေးတစ်လုံး ကျွန်တော့်ဆီ ရောက်လာဖို့ အကြောင်းဖန်လာပါတယ်။ အကြောင်းဖန်လာတယ်ဆိုပေမယ့် ကိုယ်တိုင်က ဖန်တီးယူလိုက်တာပဲဖြစ်ပါတယ်။

တစ်ရက် က သူငယ်ချင်းတွေနဲ့အတူထိုင်စကားပြောနေရင်း facebook ကိုလည်း အသုံးပြုနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရှေးဟောင်း ပစ္စည်းအရောင်းpage တစ်ခုကနေ အံဆွဲ သေတ္တာလေး တစ်လုံး ရောင်းထားတာတွေ့မိပါတယ်။ ဘာရယ်မဟုတ် စိတ်ထဲ အတော်လေး သဘောကျမိပါတယ်။ ဒါပေမယ့် ၀ယ်ရမယ့် စျေးနဲ့ ခရီးဝေးကနေ သယ်ယူပို့ဆောင် စာရိတ်ကြောင့်ပိုမိုကုန်ကျမှာမို့ အခြားနည်းတစ်ခုကို စဥ်းစားလိုက်ပါတယ်။

အဲဒါကတော့ အသိမိတ်ဆွေ ပရိဘောဂတိုက်က သူငယ်ချင်းတစ်ယောက်ဆိီကို မက်ဆင်ဂျာမှတစ်ဆင့် စာပို့လိုက်ပါတယ်။ အံဆွဲသေတ္တာလေးရဲ့ အတိုင်းအတာကို ပို့ပေးပြီး ခန့်မှန်းကုန်ကျစာရိတ် တောင်းလိုက်ပါတယ်။ချက်ချင်းပဲ ကုန်ကျစာရိတ် တွက်ပြီး ပြန်လည်ပေးပို့လာတာမို့ မိမိ မျော်လင့်တဲ့ စျေးနှုန်းပဲမို့ မှာယူလိုက်ပါတယ်။

သေတ္တာငယ်ရဲ့အတိုင်းအတာက 12" × 9" × 8" မို့ အလှ သဘောပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ဘယ်နေရာ ဘယ်လိုသုံးရမယ် မသိသေးပါဘူးခင်ဗျာ။

စားပွဲပေါ်တင် သော့ချိတ်လေး ၊ ဘောပင်လေး နဲ့ ငွေကြေးအနည်းငယ် ထည့်ဖို့တော့ အသုံး၀င်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကြိုက်လို့ အလှထားဖို့ ၀ယ်ထားတာမို့ အသုံး၀င်တာလေးတွေ သုံးရင်း ဖြင့် အလှလည်းကြည့် အကျိုးလည်းရှိအောင် ထားရမည်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။
@သန်းနိုင်စိုး

Leave အံဆွဲသေတ္တာလေး တစ်လုံး to:

Written by

Splinterlands Game Player

Read more #hive-122133 posts


Best Posts From Than Naing Soe

We have not curated any of callmemaungthan's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Than Naing Soe