THE BEAUTIFUL TAMPLES
မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိသူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုးကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံဖြစ်စေ မူလကံနှင့်တူသော အကျိုးကိုပေးတတ်၏။စွန့်ကြဲပေးကမ်းးလှူဒါန်းသည့်အခါ ပေးလှူသူ၌ အလှူခံပုဂ္ဂိုလ်အားကောင်းကောင်းမွန်မွန် စားစေချင်သော ၀တ်စေချင် နေစေချင်သောစေတနာရှိ၏။ ထိုစေတနာသည် တူသောအကျိုးပေးသဖြင့် ပေးလှူသူသည် ဘဝများစွာ၌ကောင်းကောင်းမွန်မွန်စားရ ၀တ်ရ နေထိုင်ရသော အကျိုးကျေးဇူးများကိုရရှိခံစားရ မည်ဖြစ်၏။မနာပဒါယီလဘတေမနာဝံ မတ်နိုးဖွယ်ရာပစည်းဝတ္တုကို ပေးလှူသူသည် မြတ်နိုးဖွယ်ရာ ပစည်းဝတ္ထုကိုရရှိနိုင်၏ဟု ဟောတော်မူသည်နှင့်အညီဒါနသည် တူညီသောအကျိုးတရားကို ပေးမည်မှာ သေချာ၏။သရက်စေ့မှ သရက်ပငါပေါက်၍ မရန်းစေ့မှ မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိသူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုး မျိုးကိုပြီးစေနိုင်၏၊အခြံအရံ.အကျော်အစော်၊ ကျက်သရေ.စည်းစိမ်ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသောပစည်းဥစာကို တရားထူးရသောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင်ငရဲကြီးရှစ်ထပ် နှင့်အခြံအရံ ငရဲများကို လွန်မြောက်၍ နတ်ပြည်သို့လားရောက်ရ၏။ သံ၊ ၁ ၂၀ မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိသူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုး
လွန်ကဲထူးချွန်မွန်မြတ်သော လောကီစည်းစိမ်နှင့် လောကုတ္တရာချမ်းသာအားလုံးတို့ကိုလည်း ဖြစ် ထွန်းပေါ်ပေါက် လာစေနိုင်၏။ ဒီ။ဋီ၊ ၂။ ၆၈ထို့အပြင် သိကြားမင်းစည်းစိမ်.မာရ်နတ်မင်းစည်းစိမ်.ဗြဟ္မာမင်းစည်းစိမ်. စကြာမင်းစည်းစိမ်စသောလောကီစည်းစိမ်၊ သာဝကပါရမီဉာဏ်၊ ပစေကဗောဓိဉာဏ်.အဘိသမ္ဗောဓိဉာဏ်ဟုဆိုအပ်သော လောကုတ္တရာ စည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏။ (ဒီ ။ ဋ္ဌ၊၂။ ၆၃ဒါနကြောင့်လည်း လူ့စည်းစိမ်.နတ်စည်းစိမ်၊ ရရှိသည်ကားထင်ရှား၏။ဗြဟ္မာပြည်သို့မူကာပေးလှူကာ မျှဖြင့် မလာရောက်နိုင်။ သို့စေကာမူ ဒါနစေတနာသည်သမထ၀ိပသနာစိတ်၏အခြံအရံဖြစ်၍ ပေးလှူပြီး နောက် ရန်သူ၌သော်လည်း နူးညံ့သည့်စိတ် ပေါ်ပေါက်လာပြီးလျှင်မေတ္တာ .ဂရုဏာ. မုဒိတာ. ဥပေကာ. ဟူသည့်ဗြဟ္မစိုရ်တရာ့းကိုပွားများအားထုတ်ခဲ့ပါမူ ဗြဟ္မာပြည်သို့လားရောက်ရ၏ဒီ၊၃။၂၁၄ဒါနသည်ဈာန်.၀ိပသနာ.မဂ်.ဖိုလ်.နိဗ္ဗာန်တို့ကိုရရှိရေးအတွက် အားကြီးသော မှီရာအကြောင်း အထောက် အပံ့=ဥပနိသယပစည်းဖြစ်ပေ၏။လှည်းဘီသည် လှည်းကိုဆွဲသောနွား၏ခြေးရာနောက် သို့ကပ်၍ လိုက်ဘိသကဲ့သို့ ဒါနသည်အလှူရှင်နောက်သို့တကောက်ကောက်ကပ်၍လိုက် ၏။ပစုပ္ပန်လောက ၌ဖြစ်စေ တမလွန်လောက၌ဖြစ်စေ ပေးလှူသူနောက်သို့ အစဉ်လိုက်၍ အကျိုးပေးလေသည်။ သံ၊ ၁။ ၃၈သူတစ်ပါးတို့အားလိမ်လည်လှည့်ဖြား. ခိုးဝှက်လုယက်၍မတရားသဖြင့် ရအပ်သော အသပြာ၁၀ကုဋေ တန် အလှူသည်တောင်းရမ်း၍ဖြစ်စေ ကောက်သင်းကောက်၍ဖြစ်စေ တရားသောအလုပ်ဖြင့်ရှာဖွေ၍ သားမယာကို လုပ်ကျွေးမွေးမြူသော ဆင်းရဲသားတစ်ယောက်၏ အသပြာတစ်ကျပ်တန်အလှူကို ၂၅၆ပုံ ၁ပုံမျှမမီနိုင်။ လှူဖွယ်ဝတ္ထုတန်ဖိုးနည်းသော်လည်း သဒ္ဓါ. စေတနာ. ထက်သန်အားကြီးလျှင် ဆယ်ကုဋေတန်အလှူနှင့် ထပ်တူထပ်မျှအကျိုးရနိုင်သည်
ပုဂံခေတ်တွင် အချိတ်ထည် ၏ပုံစံများကို ကျောက်စာများ၌တွေ့ရသည် ဟု ကျောက်စာဝန်ထောက်ဟောင်း ဦးမြ၏မှတ်တမ်းများအရ သိရပါသည် ... အမျိုးသမီးဝတ်ဆင်မှု အဖြစ် အပယ်ရတနာ လိုဏ်ဂူ ဘုရားအတွင်းဘက်ရှိ မဟာယနဂိုဏ်း ပန်းချီဆေးရေးများတွင် ရေးဆွဲထားသော တာရာဒေဝီ နတ်သမီး၏ ထဘီမှာ အချိတ်ဆင်ဖြစ်သည်ကိုတွေ့ရသည်ပုဂံ ဥပါလိသိမ်အတွင်းမှ ပန်းချီများသည် အင်းဝခေတ်နောက်ပိုင်းလက်ရာများဖြစ်သည် မင်းညီမင်းသား ရံရွေပုံများကို အချိတ်ပုဆိုး အချိတ်ထဘီအဖြစ် တွေ့ရသောကြောင့် အချိတ်ကို ပုဆိုးအဖြစ် အမျိုးသားများဝတ်ဆင်ခြင်း ကို သက်သေအဖြစ်တွေ့ရသည်သို့သော် အချိတ်ဟူသော ဝေါဟာရကို ညောင်ရမ်းခေတ်မှသာ စတင်သုံးစွဲခဲ့ကြသည် .... ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ သူဇာပျို့တွင် " ရွှေချည်ချယ်ဘက် လက်ချိတ်ယက်သည် ကပ်ကွက်ကျူးကျော် ဝတ်လဲတော် ကို " ဟု ရေးဖွဲ့ထားပြီး ဟံသာဝတီပါမင်း၏ အမှာတော်ပုံတွင် " လက်ချိတ်လွန်းပျံ ဧကနံ သည်တွင် အစပေါ်လေပြီ " ဟူ၍တွေ့ရသည့်အတွက် ၁၀၉၅ ခုနှစ်မှ ၁၁၁၃ ခုနှစ်အတွင်း အချိတ် ဟူသော ဝေါဟာရ ပါ ပေါ်ပေါက်ခဲ့ပြီကိုတွေ့ရသည်မင်းတုန်းမင်းတရား ဝတ်ဆင်သောပုဆိုးမှာ ရာမ ဇာတ်လုံးဖော် အချိတ်ထည်ဖြစ်၍ ကြက်တူရွေးရုပ်ပါသော ရွှေခဲချိတ်လိုက်းကို ပုဆိုး၏ အနားမြိတ်၌ ထည့်ရသည်ဆင် ), မြို့ရှေ့ကြီး ဆင် (သို့) မြို့ရေကြီးဆင်( နန်းတော်ရှေ့ ရပ်မှ
အမရပူရခေတ်ဦး ဗလာပုဆိုးအဖြစ် အချိတ်ဆင် ၃၇ မျိုးမှာ စောင်းတော်ပိုက် , ပေါင်တူစင်း, ပေါင်ဖို ပေါင်မ , ရဲစင်း , တစ်ကြောင်းထိုး , လောကဓာတ် , နဒီဆံကွဲ ,ပတိမ်းဆင် , နှစ်ကိုယ်တွေ့ , ဆောင်တော်ကူး , ရွှေဘိုရိုး, ရွှေဘို နန်းသိမ်း , တိမ်ခိုးဆင် , ကွက်တုံး , စလွယ်စင်း , အဝါစင်း , လိမ္မော်စင်း , ရဲကွက် , နှစ်ထပ်လောကဓာတ် , ရွှေဘို ထိပ်တင် , သံပါတ်ဆင် , ငွေပန်းဆင် , ဒေဝီစင်း , ကျောက်စိမ်းစင်း , မရန်းစင်း , ဒေါနစင်း ,ဘုံတိုင်ဆင် , ရာသက်ပန် ,အဖြူကွက် , ပတ္တမြားဆင် , ဖရဲအူဆင် , ဖူးညိုဆင် (ယောက်ျားမင်းသမီး ဦးဖူးညို ဝတ်ဆင်သော အဆင် ) တို့ဖြစ်၍ချိတ်အဆင် အနေဖြင့် စာတိုးဆင် ( စာတိုးအရပ်မှ ရက်သောအဆင် ), မြို့ရှေ့ကြီး ဆင် (သို့) မြို့ရေကြီးဆင်( နန်းတော်ရှေ့ ရပ်မှ ရက်သော အဆင် ), မြို့ရေကွဲ ,ရဲရောင်ခံ ၍ ရက်သော ရဲချိတ် , ကျေးငှက်ရုပ်ပါ၍ ကျေးတရာဆင် , ကြက်မြီး, ကေလိပ်ဝဏ္ဏ, ကြိုးကြီး , စိန်နားပန် , သုံးခင်းပန်းဝတ် , အတွင်းဆင် , ကုလားပန်း , စိန်တစ်ခက် , မြတစ်ခက် ,နှစ်ပွင့်ဆိုင် , လိပ်ပြာဆင် ,ကြာဖူးကြာခိုင် , ရွှေတစ်ဆုပ် ငွေတစ်ဆုပ်, ရှစ်ပွင့်ဆိုင်ကြိုးကြီး , ခုနစ်အိမ်ဆင် , ကြိုးကြီး ထိပ်ခေါင်တင် , ရဲဆင်းပန်းဝတ် ,သုံးစင်း နဝရတ် , ဆောင်တော်ကူးဆင် , ဒင်္ဂါးပန်း, တောင်ထိပ်ပန်း , ဖီလာချိတ် , ကိုက်ချိတ် ဟူ၍ အမျိုးမျိုး ရှိကြသည် ...ပုဆိုးရော ထဘီ အဖြစ်ပါ ဝတ်ဆင်ကြသည် ဆင် ), မြို့ရှေ့ကြီး ဆင် (သို့) မြို့ရေကြီးဆင်( နန်းတော်ရှေ့ ရပ်မှ
ခင်ဗျားတို့ကိုယ်မှာရုပ်နာမ်နှစ်မျိုးပဲရှိတ ယ်။ ထိုင်နေတာကရုပ်တရား၊နာနေတာကနာမ်။ ယောက်ျားရယ်မိန်းမရယ်လို့ဆိုကြတာက သမုတိသစ္စာနယ်မှာ ပညတ်အားဖြင့်မှန်တယ်။ဥပမာ- မြစ်ဟိုဘက်ကမ်းကို လှေနဲ့ ကူးသွားမယ်ဆိုရင်၊ လှေကြောင့်လဲဟိုဘက်ကမ်းကိုရောက်တယ်ဆိုရမယ်၊ လူကြောင့်လဲ ဟိုဘက်ကမ်းကိုရောက်တယ်ဆိုရမယ်။တစ်ခုနှင့်တစ်ခု အမှီပြုနေတာပဲ။"အကြောင်းနဲ့အကျိုးပဲ"ရှိတယ်။ရုပ်ကြောင့်လည်း နာမ်ဖြစ်တယ်။ နာမ်ကြောင့်လည်း ရုပ်ဖြစ်ပေါ်လာရတ ယ်လို့ မှတ်ပါ။ ဒီခန္ဓာမှာရှိတဲ့ ရုပ်နာမ်ဟာခင်ဗျားတို့ပြုခဲ့တဲ့“ကံ”၏ အစွမ်းကြောင့်ဖြစ်ရတယ်။ကံရှိသရွေ့ ဒီရုပ်နာမ်အစဉ်ဟာပြတ်မသွားဘူး။ သေရင်ဘာမှ မဖြစ်ဘူးဆိုတဲ့ အယူဟာဥစ္ဆေဒဒိဋ္ဌိ အယူပဲ။ ဒါ မှားတဲ့အယူပဲ။ကုသိုလ်အကုသိုလ်ကံတွေကြောင့် ရုပ်နာမ် အစဉ်တွေ အဆက်မပြတ် ဖြစ်နေရတယ်။ကံ၊ ကံ၏အကျိုးပေးဆို တာရှိတယ်။
ကံတို့၏ အကျိုးပေးတရားဟာ ဥာဏ်နဲ့ မှန်းဆပြီး သိနိုင်တယ်။အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိတာချည်းပဲ။ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလသုံးပါးရှိနေတာပဲဟာ။ ကာလသုံးပါးရှိနေတော့ အတိတ်ဘ၀လဲရှိရမယ်၊ ယခုလက်ရှိဘ၀လဲရှိရမယ်။နောင်အနာဂတ်ဘ၀လဲ ရှိရမှာပေါ့။လူတွေဟာအတိတ်ဘ၀ကံ အကြောင်းတရားအမျိုးမျိုးကြောင့် ယခုဘ၀မှာအကျင့်အမျိုးမျိုး၊ ရုပ်ရည်အမျိုးမျိုး၊ စိတ်နေသဘောထားအမျိုးမျိုး၊ ပညာမှာလည်း ထူးချွန်မှု၊ မထူးချွန်မှုအမျိုးမျိုး၊ ဆင်းရဲချမ်းသာအမျိုးမျိုး ကွဲပြားခြားနားနေကြတာပေါ့။ဒီလိုကွဲပြားမှုတွေဟာ ရာသီဥတုနဲ့ပတ်ဝန်းကျင် အတွေ့အကြုံကြိုးစားမှုအပေါ်မှာ အနည်းအပါးတော့တည်တယ်။ ဒါပေမယ့် ခင်ဗျားတို့ပြုခဲ့တဲ့ “စေတနာကံကပဓာနပဲ”။ သူက စီမံတာ။ဒီတော့အခု ဘ၀ သုံးပါးဆက်စပ်ပုံကို ရှင်းပြမယ်။
လွန်ခဲ့တဲ့အတိတ်ဘ၀၊ ယခုရောက်ဆဲ ပစ္စုပ္ပန်ဘ၀၊ နောက်လာမယ့် အနာဂတ်ဘ၀လို့ ဘ၀သုံးပါးကို တန်းပြီးတော့မှတ်ထားပါ။ ဘာကြောင့်များ ဒီဘ၀သုံးပါးဟာတခုနဲ့တခုဆက်မိအောင် ဆပ်စပ်နေပါသလဲ၊ ဒီဘ၀တွေကို ဆက်မိအောင်လုပ်တဲ့လက်သည်ကိုရှာကြစို့။ အပ်ချုပ်သမားဟာအထည်စက်ရုံ၊ ယက္ကန်းစင်တို့ကထွက်လာတဲ့အ၀တ်အထည်တွေကို ခင်ဗျားတို့ကိုယ်နဲ့ အံကျဖြစ်အောင် ဆက်စပ်ချုပ်လုပ်ပေးလို့ ခင်ဗျားတို့ရဲ့ လုံချည်အင်္ကျီတွေဖြစ်လာရတာ၊ ဒီတော့ သမုဒယသစ္စာဆိုတဲ့ တဏှာလောဘဟာ ဒီအပ်ချုပ်သမားလိုပဲ ဒုက္ခသစ္စာ=ဘ၀တွေကို ဆက်စပ်ပေးနေတယ်။ တစ်ဘ၀ပြီး တစ်ဘ၀ မပြတ်ရအောင် ဆက်ပေးနေတယ်။ အတိတ်ဘ၀ကစုတေပြီးသည်နှင့်တပြိုင်နက် ယခုရောက်ဆဲ ပစ္စုပ္ပန်ဘ၀ကို ဆက်ပေးတယ်။ ဒီ ပစ္စုပ္ပန်ဘ၀ကသေကြရဦးမယ်။ သေရင် ပစ္စုပ္ပန်ဘ၀ စုတိစိတ်ကလေးနဲ့ အနာဂတ်ဘ၀ ပဋိသန္ဓေစိတ်ကလေးကို ဆက်ပေးဦးမယ်။ ဒီတော့ “တဏှာလောဘ” မသေရွေ့တော့ဘ၀=ဒုက္ခ အဆက်မပြတ်တော့ပါဘူး။ ဒီတော့ “တဏှာလောဘ”ဟာ အတိတ်ဘ၀နဲ့ ပစ္စုပ္ပန်ဘ၀၊ ပြီးတော့ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်ဘ၀တွေ အဆက်မပြတ်အောင် ဆက်ပေးနေတာပဲ။ ဒီ တဏှာလောဘ မသေသရွေ့တော့၊ “စုတိပြီးပဋိသန္ဓေ၊ ပဋိသန္ဓေပြီးစုတိ” ဆက်စပ်ပေးနေမှာပဲ။
တစ်သံသရာလုံးမင်းတို့ငါတို့ကို ဒုက္ခအားလုံးနဲ့ ဆက်စပ်ပေးနေတာဟာ ဒီ“တဏှာလောဘ”ပဲ။ ဒီ တဏှာလောဘကို အသေမသတ်နိုင်သရွေ့ ကာလပတ်လုံး ဘယ်တော့မှ ဒုက္ခဆက် ပြတ်တော့မှာ မဟုတ်ဘူးလို့မှတ်ပါ။ ခင်ဗျားတို့ကတော့ဒီဘုံဘ၀ကို ကုသိုလ်ကံကဆက်သလိုလို ထင်ချင်ထင်နေမယ်။ကုသိုလ်ကံပေမယ့် ဒီတဏှာမရှိရင်ဒီကုသိုလ်ကံဟာ နိဗ္ဗာန်ပို့တယ်။ သူက ဘ၀တွေဆက်ပေးနေလု နိဗ္ဗာန်မရောက်တာ။ ကုသိုလ်ကံဟာ တဏှာရဲ့လက်အောက်ခံဖြစ်တဲ့အတွက်လူစုတိနဲ့ နတ်ပဋိသန္ဓေဆက်ပေးလိုက်တာပဲ။ စုတိနဲ့ပဋိသန္ဓေ အဆက်မပြတ်ရအောင် ဆက်ပေးတဲ့ လက်သည်ရင်းကတော့ ဒီ“တဏှာလောဘ”ပဲ။ ခင်ဗျားတို့က သာမညဥာဏ်လေးနဲ့ကြည့်တော့ သြော် .....ကံကောင်းလို့လူ့ပြည်ရောက်လာတယ်။ ကံကောင်းလို့နတ်ပြည်ရောက်လာတယ်လို့ ထင်ကြမယ်၊ ဒီကံတွေဟာ ဘယ်လိုကောင်းကောင်း၊ တဏှာသေရင် အဟောသိကံဖြစ်သွားရတယ်။ အကျိုးမပေးနိုင်တော့ဘူး။ ဘုရားဖြစ်ခါးနီး ဝေဿန္တရာမင်းကြီးဟာ ဒါနကုသိုလ်ကံတွေ အများကြီးပြုလုပ်ခဲ့တယ်။ ဘုရားအဖြစ်သို့ေ ရာက်တော့ သူ့ရဲ့ဒါနကုသိုလ်ကံတွေဟာ ကုန်ပြီလို့မဆိုနိုင်ဘူး။ တဏှာရှိတဲ့ ပုဂ္ဂိုလ်သာဆိုရင်အကျိုးပေးလို့ မကုန်နိုင်ဘူး။ သို့သော်ဗောဓိပင်နဲ့ရွှေပ လ္လင်မှာဝိပဿနာအလုပ်ကို လုပ်လိုက်တဲ့အတွက် တဏှာလောဘက သေသွားတော့ဘုရားပရိနိဗ္ဗာန် စံပြီးရင်ဘယ်ဘ၀မှ မဆက်တော့ဘူး။ ဒါ တဏှာကုန်လို့မဆက်တာ။“ကံ”ကတော့မကုန်ဘူး။ မဏှာကုန်လို့သာ မဆက်နိုင်တာ။ ဒါဖြင့်ဘ၀ဆက်လေသမျှဟာ “တဏှာလောဘ”လို့သာ မှတ်ကြ။
ဒါဖြင့် “ကံ”ဟာ ကြောက်စရာကောင်းသလား၊ “တဏှာ”ဟာ ကြောက်စရာကောင်းသလားဆိုတော့ တဏှာကကြောက်စရာကောင်းတာ၊ ခင်ဗျားတို့ကတော့အကုသိုလ်ကံနှိပ်စက်မှာ ကြောက်လိုက်ကြတာ၊ တဏှာကြောက်တယ်လို့မပါဘူး။ အကုသိုလ်ကံ အကျိုးပေးလို့ ဒိုင်းကနဲ သေမှာ၊ စီးပွားရေးပျက်သွားမှာပဲ ခင်ဗျားတို့ ကြောက်နေကြတာ၊ တစ်သက်လုံးမုဆိုးလုပ်စားနေ တဲ့ မုဆိုးကြီးဟာ အကုသိုလ်ကံတွေမနည်းဘူး လုပ်ထားတာ။ သို့သော်လည်းဘုရားနဲ့တွေ့လို ဘုရားရဲ့ တရားကိုနာပြီး ၀ိပဿနာအလုပ် လုပ်လိုက်တော့ အဲဒီအကုသိုလ်ကံတွေဟာ အကျိုးဆက် မပေးနိုင်တော့ဘူး။ ဘာပြုလို့လဲ၊ တဏှာချုပ်သွားလို့၊ ဒီတော့ ခင်ဗျားတို့တတွေ “ကုသိုလ်ကံ”တွေကိုလည်း ဒီလောက်အားကိုးစရာ မလိုပါဘူး။ “အကုသိုလ်ကံ”တွေကိုလည်း ဒီလောက်ကြောက်စရာ မရှိပါဘူး။ခင်ဗျားတို့ ဘ၀များစွာက ၀ဋ်ထဲလည်မယ့် ၀ဋ်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။ အဲဒီအကုသိုလ်ကံေ တွကို မကြောက်ပါနဲ့၊ ဘ၀ဆက်တတ်တဲ့ “တဏှာ” သေရင်အဲဒီကုသိုလ်ကံ အကုသိုလ်ကံတွေဟာ “အဟောသိကံ” ဖြစ်ပါတယ်။ အကျိုးမပေးတော့ပါဘူး။
တဏှာခေါင်းဆောင်တဲ့ကံကသာ အကျိုးပေးနိုင်တော့ ခေါင်းဆောင်တဏှာကိုသတ်လိုက်ရင်“ကံ”က မဆက်နိုင်တော့ပါဘူး။ ဒါကြောင့်“ကံ”ကို မကြောက်ပါနဲ့။ သစ္စာလေးပါးမှာ ကုသိုလ်အကုသိုလ် ကံတွေ ဒီလောက်မဟောပါဘူး။ သမုဒယ=တဏှာသေရင်ပြီးတာပဲလို့ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်။ တဏှာ=သမုဒယကို မဂ်နဲ့ ပယ်သတ်လိုက်ရင် ဘာမှပူစရာမရှိပါ ဘူး။ခင်ဗျားတို့က ကုသိုလ်ကံလေးတွေ ၀င်လာရင် တပြုံးပြုံးနဲ့ အကုသိုလ်ကံလေးတွေဝင်လာရင် တမဲ့မဲ့ တရွဲ့ရွဲ့နဲ့မဟုတ်လား။ ဒီတော့ကုသိုလ်ကံကို ၀မ်းမြောက်တာလည်းမှားတယ်။ အကုသိုလ်ကံကိြုေ ကာက်တာလည်း မှားတယ်။သစ္စာနဲ့ဝေဖန်လို က်တော့၊ သမုဒယသစ္စာ တဏှာလောဘကို ကြောက်မှအကြောက်မှန်။ ဘုရားက “တဏှာအပ်ချုပ်သမား”လို့သာ ဟောတယ်။ “ကံအပ်ချုပ်သမား”လို့ မဟောခဲ့ဘူး။ ခင်ဗျားတို့ကို တကယ်ဒုက္ခပေးနေတာဟာ ဒီတဏှာပဲ။ ဒုက္ခအပေးဆုံးဖြစ်တဲ့တဏှာကအရှောင်ကောင်း အပုန်းကောင်းဆိုတော့ သူ့ကိုဖမ်းရတာမလွယ်ဘူး။ဥာဏ်နဲ့ဖမ်းမှ မိတယ်။ ဘုရားတောင်မှ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ တဏှာကို မင်းအကြောင်းကော င်းကောင်းသိပြီ၊ နောက်ကို မင်းဘယ်တော့မှငါ့ကို ဒုက္ခပေးလို့ မရတော့ဘူးလို့ ကြွေးကြော်ရဲတာ။ ခင်ဗျားတို့ကတော့တဏှာကို ခေါင်းငုံ့ပြီး ခံနေတယ်။ မခက်ဘူးလား။ ဒီတော့ ဒီတဏှာကိုသတ်ရမယ်။
တဏှာကို သတ်တော့မယ်ဆိုရင်ဒီတဏှာ မှီနေတဲ့ ကပ်နေတဲ့နေရာကိုရှာရမယ်။ ဒီတဏှာက ဘယ်နေရာတွေမှာ ကပ်နေသတုံး။ ဒီတဏှာက ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ “ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒွါရခြောက်ပါး(အတွင်းအာယတန ၆-ပါး)မှာ ကပ်နေတယ်။ ပြီးတော့“ရူပါရုံ”စတဲ့အာရုံ၆-ပါး(အပြင်အာယတန ၆-ပါး)မှာလဲ ကပ်နေတယ်။ ပြီးတော့ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး အသီးသီးတွေ့ဆုံလ သိလာတဲ့“မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်၊ ကြံသိစိတ်”ဆိုတဲ့စက္ခုဝိညာဏ် စတဲ့ ၀ိညာဏ် ၆-ပါးမှာလဲ ကပ်နေတယ်။ ဒီတော့ တဏှာကပ်နေတဲ့ နေရာဟာ အချုပ်အားဖြင့် ၁၈-ပါးတောင်ရှိနေတာ။ အို ..... တစ်ကိုယ်လုံးကို ဒီတဏှာကကပ်နေတာ။ ဒီတော့ ဒီတဏှာကို သတ်ရမယ်။ ဘယ်လိုသတ်မလဲ။ ၀ိပဿနာလုပ်ပြီးသတ်ရမယ်။ ဒီတဏှာနေတဲ့၁၈-နေရာကိုဝိပဿနာဥာဏ်နဲ့ ဖြစ်ပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုရမယ် ။ ဒါတွေမြင်သိလာတော့ ဒီ ၁၈-ပါးသောအရာတွေ ကို သာယာနှစ်သက်မှုမရှိတော့ဘူး။ ရွံ့မုန်းလာမယ်။ မရချင်တော့ဘူး။ ဒါတွေမရှိတာကောင်းတယ်လို့ သိလာတော့ တဏှာဟာ တဖြည်းဖြည်းပါးပါးသွားပြီး၊ နောက်ဆုံးလုံးဝချုပ်သွားမယ်။ အဲတဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။ ဒါဖြင့်ဝိပဿနာလုပ်ကြပေေ တာ့။ကေးဇးဒကဲနော်ပားလုံး။
AUTHOR : @babysister
THANKS FOR YOUR UPVOTE.
Leave THE BEAUTIFUL TAMPLES to:
Read more #esteem posts
Best Posts From Baby Sister
We have not curated any of babysister's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.