ကံကောင်းတဲ့ ဆုလာဒ်
မင်္ဂလာပါရှင့်။ ရန်ကုန်ကအပြန် ကားက ဖြူးမှာနားတုန်းဗိုက်ဆာလို့ထမင်းစား။ ကိုကတော့ ခရီးသွားရင်းဆိုတော့ လက်ဖက်နဲ ကြက်ဥကြာ် ပူပူလေးစားချင်။ အဲ့တာနဲ့ကြက်ဥ နဲ့ လက်ဖက်ထမင်းပဲ မှာစားဖြစ်တယ်။
တူတူ ထိုင်တဲ့ ဘေးက ကောင်မလေးကလည်း ကိုယ်နဲ့တူတူ ဆင်းလာပီး ထိုင်တာပေါ့။ သူကတော့ ဘာမှ ကိုမစားတာ။ စားရင် အန်လို့တဲ့။ အအေးဘူးလေးပဲ ဝယ်တာ။ ကိုယ်တွေကတော့ ဘာလာလာ စားမယ်ချည်းပဲ။ ကိတ်မုန့်တွေဝယ်၊အအေးဝယ် လာမှာလည်းဆာရင် ဘယ်နား နားမှာလဲမပူရတော့ဘူးလေ။ အစားဆို စုံနေအောင်ထည့်တာ ။ ခရီးသွားရင် နေကြာစေ့ကစ ထည့်ရော။ ကိုယ်စီးတဲ့ ကား က မုန့်ပါဝေသေးတာ။ ဖော်ရွှေတယ် သဘောကောင်းကြတယ် မဆိုးဘူးပဲ။
ဘေးကကောင်မလေးကတော့ maskက နှစ်ထပ်အုပ်ထားသေးတာ။ သုက အဲကွန်းနံ နဲ့ ကားနံ ကို မခံနိုင်လို့တဲ့။ ကိုယ်တွေက အဲ့တာတစ်ခုတော့ ကံကောင်းတယ်။ ဘယ်လောက်ခရီးနေနေ ဘယ်ကားစီးစီး မမူးတတ်လို့တော်သေးသည်။ ခရီးတွေသွားရတာကြိုက်သူမို့ ခရီးသွားရင်ဘာမှ မဖြစ်တာကို ကျေးဇူးတင်မ်ပါတယ်။ အဲ့တာက ကျွန်မတွက် ကံကောင်းတဲ့ ဆုလာဒ်လေးပါပဲ။
Leave ကံကောင်းတဲ့ ဆုလာဒ် to:
Read more #neoxian posts
Best Posts From azzm984
We have not curated any of azzm984's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.